ခွေးလေးတွေက လူသားတွေအတွက် မိတ်ဆွေကောင်းပါ။ ခွေးလေးတွေဟာလည်း လူသားတွေလို ရောဂါတွေဖြစ်လေ့ရှိပါတယ်။ သာမန်နေမကောင်းတာကနေ ကင်ဆာရောဂါအထိ ခွေးလေးတွေ ခံစားရလေ့ရှိပါတယ်။
အဲဒါကြောင့် ခွေးလေးတွေမှာ ဘယ်လိုရောဂါတွေ အဖြစ်များလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကင်ဆာ
ကင်ဆာရောဂါတွေက အရမ်းကြောက်စရာကောင်းပါတယ်။ ခွေးလေးတွေမှာ ကင်ဆာရောဂါဖြစ်နေရင် လွယ်လွယ်နဲ့သတိထားမိဖို့ မလွယ်ကူပါဘူး။ ရောဂါကျွမ်းမှသာ သတိပြုမိတတ်ကြပါတယ်။
အဲဒါကြောင့် သင့်ရဲ့ခွေးလေးမှာ မူမမှန်တဲ့ကျန်းမာရေးလက္ခဏာတွေ ပြလာရင် တိရစ္ဆာန်ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။
ဆီးချိုရောဂါ
ခွေးလေးတွေမှာလည်း ဆီးချိုရောဂါအဖြစ်များပါတယ်။ ခွေးတွေမှာ အင်ဆူလင်ကို မထုတ်လုပ်နိုင်တော့ရင် သို့မဟုတ် ပုံမှန်အသုံးမချနိုင်တော့ရင် သွေးတွင်းသကြားဓာတ်က မြင့်လာပါတယ်။ ရလဒ်အနေနဲ့ ဆီးချိုရောဂါဖြစ်လာပြီး အခြားသောကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။
Heartworm
Heartworm က တိရစ္ဆာန်တွေရဲ့ နှလုံးနဲ့ အဆုတ်သွေးပြန်ကြောမှာ နေထိုင်တဲ့ သန်ကောင်တွေပါ။ အဲဒီသန်ကောင်တွေက သွေးကြောတွေကို ဖြတ်သန်းသွားလာပြီး သွေးပြန်ကြောတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ကိုယ်တွင်းအင်္ဂါတွေကို အန္တရာယ်ပြုပါတယ်။ ရာနဲ့ချီတဲ့သန်ကောင်တွေက ခွေးတွေရဲ့ခန္ဓာကိုယ်မှာ ငါးနှစ်ကနေ ခုနစ်နှစ်အထိ နေနိုင်ပါတယ်။
ချောင်းဆိုးခြင်း
ခွေးတွေရဲ့ အသက်ရှူစနစ်မှာ ပိုးဝင်တဲ့အခါ အချိန်ကြာမြင့်စွာ ချောင်းဆိုးပါတယ်။ ချောင်းဆိုးတာကြောင့် အသံအိုးနဲ့ လေပြွတ်ပိုက်ကိုပါ ရောင်ရမ်းလာစေပါတယ်။
Parvovirus
Parvovirus က ခွေးအချင်းချင်း အနေနီးပြီး ကူးစက်တတ်တဲ့ရောဂါပါ။ Parvovirus ကြောင့် ခွေးတွေမှာ အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။
ခွေးရူးပြန်ရောဂါ
ခွေးရူးပြန်ရောဂါက ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး ဦးနှောက်နဲ့ ကြောရိုးမကြီးကို ထိခိုက်စေပါတယ်။ လူသားနဲ့ ကြောင်တွေကိုလည်း ခွေးရူးပြန်ရောဂါကူးနိုင်ပါတယ်။ ခွေးရူးပြန်ရောဂါကူးပြီဆိုရင် အသက်ရှင်ဖို့က ရာခိုင်နှုန်းအလွန်နည်းပါတယ်။
ပွေး
ပွေးက ခွေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ ခွေးအချင်းချင်းကနေ ကူးစက်နိုင်ပြီး ခန္ဓာကိုယ်က အမွေးအမျှင်တွေကို ကျွတ်သွားစေပါတယ်။ ပွေးက ခွေးမှတစ်ဆင့်လူသားတွေကိုလည်း ကူးစက်စေပါတယ်။
Zombie (lovemedia)
0 Comments