အကြွေးမပေးနိုင်တာကြောင့် သေဟန်ဆောင်ပြီး facebook မှာ ပုံတင်ခဲ့တဲ့အမျိုးသမီး

အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ အကြွေး ၂၆၈ ‌ဒေါ်လာပေးစရာရှိတာကို မပေးနိုင်တာကြောင့် အကြံအဖန်လုပ်ခဲ့ပါတယ်။

အဲဒါကတော့ သူမက ကိုယ့်ကိုယ်ကိုယ် အလောင်းပုံစံပြုလုပ်ပြီး သားဖြစ်သူကို ဓာတ်ပုံရိုက်ခိုင်းက facebook ပေါ် တင်ခိုင်းလိုက်တာပါ။

အကြွေးပေးချင်သူဟာ ယူထားတဲ့ငွေကို မှန်မှန်ကန်ကန်တိတိကျကျပြန်ပေးကြပါတယ်။ Liza Dewiဆိုတဲ့အမျိုးသမီးက Liza Dewi ဆီကနေ ငွေချေးယူခဲ့ပါတယ်။

ငွေပေးရမယ့်ရက်ကို ကျော်လွန်လာခဲ့ပေမယ့် Liza တစ်ယောက် မပေးနိုင်ခဲ့ပါဘူး။ ဒုတိယအကြိမ်သတ်မှတ်ပေးတဲ့နေ့ကျော်လွန်လာခဲ့ပေမယ့်လည်း မပေးနိုင်ပြန်ပါဘူး။

အဲဒါကြောင့် သားဖြစ်သူနဲ့ တိုင်ပင်ပြီး Liza ဟာ ကိုယ့်ကိုယ်ကိုယ် အလောင်းပုံစံပြင်ဆင်လိုက်ပါတယ်။ သားဖြစ်သူက ဓာတ်ပုံရိုက်ပေးပြီး အမေဖြစ်သူ ကွယ်လွန်သွားပြီဖြစ်ကြောင်း facebook မှာ တင်လိုက်ပါတယ်။

Maya နဲ့ Liza တို့က အွန်လိုင်းစုကြေးအဖွဲ့မှာ စတင်သိခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း မမြင်ဖူးကြပါဘူး။ Maya စုကြေးပေါက်တဲ့အခါမှာ Liza က ငွေချေးပါတယ်။

အရင်က ငွေကြေးအရှုပ်အရှင်းမရှိတာကြောင့် Maya က ငွေချေးပေးလိုက်ပါတယ်။ ဒါပေမယ့် Liza က သတ်မှတ်ရက်ကို ရောက်တာတောင် ငွေပြန်မဆပ်နိုင်ခဲ့ပါဘူး။

Liza Dewi ရဲ့သားက အမေဖြစ်သူဟာ ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားပြီဆိုပြီး ပုံတွေနဲ့အတူ ကြေညာလိုက်ပါတယ်။ အလောင်းပုံစံ ပီသအောင် နှာခေါင်းမှာလည်း ဂွမ်းလုံးလေးတွေ ထည့်ထားပါသေးတယ်။


ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေက အလောင်းကို သယ်သွားတဲ့ပုံ၊ အလောင်းကို အဖြူရောင်ပိတ်စဖုံးထားတဲ့ပုံတွေကိုပါ တင်ထားသေးတာပါ။

အစကတော့ Maya ဟာ အဲဒီသတင်းကို ကြားပြီးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ ယူစရာရှိတဲ့အကြွေးတွေကိုလည်း လျှော်ပေးခဲ့ပါတယ်။ ဒါပေမယ့် မသင်္ကာလို့ ဓာတ်ပုံတွေကို ရှာကြည့်တဲ့အခါမှာတော့ အခြားသူတွေရဲ့ပုံတွေဖြစ်နေမှန်း တွေ့သွားခဲ့ပါတယ်။

Liza Dewi ကိုဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့မရသလို ဘယ်နေရာမှာမှလည်း ရှာမတွေ့ပါဘူး။ Maya က အခုထိလည်း ၂၆၈ ဒေါ်လာကို ပြန်မရသေးပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments