ရည်းစားဟောင်းကြောင့် အသည်းကွဲပြီး ငိုကြွေးတာက ကိုယ်အလေးချိန် ကျစေနိုင်လား

လူတစ်ယောက်ရဲ့ဘဝတစ်လျှောက်လုံးမှာ ပျမ်းမျှအားဖြင့် မျက်ရည် ၁၆.၅ ဂါလံခန့် ငိုလေ့ရှိပါတယ်။ အချို့ကလည်း အရမ်းဝမ်းနည်းနေပေမယ့်လည်း မငိုပါဘူး။

ငိုချလိုက်တာက စိတ်ခံစားချက်တွေကို အနည်းငယ် သက်သာစေပါတယ်။ ဒါ့အပြင် ငိုကြွေးခြင်းကြောင့် ကိုယ်အလေးချိန်လည်း ကျနိုင်ပါတယ်။

ငိုတာက တကယ်ပဲ ကိုယ်အလေးချိန် ကျစေတာလား။

အချို့တွေကတော့ ငိုတာက ကိုယ်အလေးချိန် ကျမှာ မဟုတ်ဘူးလို့ ထင်ကြောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အခါ၊ နေ့စဉ်ရက်ဆက် စိတ်ရှုပ်စရာတွေ တွေ့ပြီးတဲ့အခါ၊ အကြိမ်ပေါင်းများစွာ ငိုကြွေးပြီးတဲ့အခါ ခါးဆိုဒ်က အနည်းငယ် ချောင်နေတတ်ပါတယ်။

ဒါပေမယ့် ကိုယ်အလေးချိန် ကျတာကလည်း ကော်တီဇောဟော်မုန်းပေါ်မှာ မူတည်ပါသေးတယ်။

ကော်တီဇောဟော်မုန်းက စိတ်ဖိစီးမှုတွေဖြစ်တဲ့အချိန်မှာ ထွက်လာပါတယ်။ ကော်တီဇောဟော်မုန်းထွက်တာ များတဲ့အခါမှာတော့ အဝလွန်တာကိုတောင် ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်ပြီး ငိုကြွေးတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီတွေကို အသုံးပြုပါတယ်။


ဝမ်းနည်းမှုကြောင့်ထွက်လာတဲ့ မျက်ရည်တွေမှာ ကော်တီဇောဟော်မုန်းကို လျော့ကျစေတဲ့ဟော်မုန်းတွေပါဝင်ပါတယ်။ အဲဒီဟော်မုန်းတွေကို prolactin, leuenkephalin, adrenocorticortropin လို့ခေါ်ကြပါတယ်။

ရည်းစားဟောင်းကြောင့် ငိုရတာပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာကြောင့်ပဲ ငိုကြွေးတဲ့အခါမှာ prolactin, leuenkephalin, adrenocorticortropin ဟော်မုန်းတွေထွက်လာပြီး ကော်တီဇောဟော်မုန်းတွေ နည်းသွားပါတယ်။


ငိုကြွေးခြင်းကြောင့် ကိုယ်အလေးချိန်တွေ ကျတတ်ပေမယ့် အချို့ကတော့ စိတ်ညစ်တဲ့အခါမှာ အစားအသောက်တွေကို ပိုစားကြပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အစားအသောက်ကိုလည်း မထိန်း၊ လေ့ကျင့်ခန်းလည်းမလုပ်ရင် ကိုယ်အလေးချိန်က ပိုပြီးတော့ တက်လာနိုင်ပါတယ်။


ခံစားချက်အစစ်အမှန်နဲ့ ငိုတာကပဲ ကိုယ်အလေးချိန်ကို လျော့ကျစေတာပါ။ ဒါ့အပြင် စိတ်ခံစားရတဲ့ ရုပ်ရှင်တွေ၊ ဝတ္တုတွေ ဖတ်ပြီးနောက် ငိုတဲ့မျက်ရည်ကြောင့်လည်း ကိုယ်အလေးချိန်က ကျနိုင်ပါတယ်။


ရည်းစားနဲ့ လမ်းခွဲပြီး အသည်းကွဲတဲ့အခါမှာ အားရပါးရငိုလိုက်ပါ။ ငိုလိုက်တာက စိတ်ကို တည်ငြိမ်သွားစေပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments