ဆိုးထားတဲ့ လက်သည်းနီအရောင် (၈) ရောင်ကနေ သိနိုင်မယ့် သင့်ရဲ့အကြောင်း

လက်သည်းနီဆိုးတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ အချို့က စိတ်အခြေအနေပေါ်မှာ မူတည်ပြီး လက်သည်းနီအရောင်ကို ရွေးလေ့ရှိကြပါတယ်။ ဆိုးထားတဲ့လက်သည်းနီအရောင်ကနေ သင့်အကြောင်းကို သိနိုင်ပါတယ်။

၁။ အနီရောင်အနီရောင်

အနီရောင်လက်သည်းနီက ပြင်းပြတဲ့စိတ်ဆန္ဒကို ဖော်ပြတာပါ။ သင်က အနည်းငယ်ဒေါသကြီးတတ်သူဖြစ်ပြီး စိတ်ထိခိုက်လွယ်သူလည်း ဖြစ်နေပြန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီးတော့ အခက်အခဲတွေကိုလည်း မကြောက်တတ်သူပါ။

၂။ ပန်း‌ရောင်

သင်က ပန်းရောင်လက်သည်းနီကိုပဲ ဆိုးလေ့ရှိသူဆိုရင် မိန်းကလေးဆန်ပြီး နူးညံ့တဲ့စိတ်သဘောထားရှိပါတယ်။ အချို့အရာတွေကို စိတ်ထဲကနေ အလိုလိုသိနေတဲ့အစွမ်းလည်း ရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူလည်း ဖြစ်တဲ့အပြင် ရည်မှန်းချက်လည်း ကြီးမားပါတယ်။

၃။ လိမ္မော်ရောင်

ရဲရင့်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေက လိမ္မော်ရောင်လက်သည်းနီကို ဆိုးလေ့ရှိကြပါတယ်။ သင်က အခြားသူတွေအပေါ် နွေးနွေးထွေးထွေးဆက်ဆံတတ်ပါတယ်။

စိတ်ဓာတ်ပြင်းပြပြီး ဖန်တီးရတာကို သဘောကျသူပါ။ အခြားသူတွေရဲ့အတင်းအဖျင်းတွေကို ဂရုမစိုက်ဘဲ ပျော်ပျော်နေတတ်သူပါ။

၄။ ခရမ်းရောင်

သင်က ခရမ်းရောင်လက်သည်းနီကို ကြိုက်နှစ်သက်သူဆိုရင် စိတ်ကူးစိတ်သန်းထက်မြက်သူပါ။ အတွေးအခေါ်တွေက အခြားသူတွေနဲ့ မတူဘဲ ဆန်းသစ်နေတတ်ပါတယ်။

ခရမ်းရောင်က သစ္စာရှိမှုကို ဖော်ပြပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေက ခရမ်းရောင်လက်သည်းနီကို ရွေးချယ်ကြပါတယ်။

၅။ အပြာရောင်

အပြာရောင်က တည်ငြိမ်အေးချမ်းမှုကို ဖော်ပြပါတယ်။ အပြာရောင်လက်သည်းနီကို ဆိုးထားတယ်ဆိုရင် သင်က ပျော်ပျော်နေတတ်သူပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး စိတ်ရှင်းအောင် ထားတတ်သူပါ။

၆။ အနက်ရောင်

အနက်ရောင်လက်သည်းနီကို ဆိုးလေ့ရှိတဲ့အမျိုးသမီးတွေက အတွေးအခေါ်ကောင်းပြီး ဖန်တီးမှုအားကောင်းသူတွေပါ။ တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်လည်း ရှိပါတယ်။ ဒါ့အပြင် အစွဲအလမ်းလည်း ကြီးနေတတ်ပါတယ်။

၇။ နီယွန်

စွမ်းအားတွေ အမြဲပြည့်နေပြီး စကားပြောကောင်းသူတွေက နီယွန်အရောင်ကို ရွေးချယ်လေ့ရှိပါတယ်။ ဒီလိုအရောင်ကိုဆိုးတဲ့သူကတော့ အတော်ကို ရှားပါးပါတယ်။ နီယွန်အရောင်က အစိမ်းနုရောင်နဲ့ ကွဲပြားပါတယ်။

၈။ အသားရောင်

အသားရောင်လက်သည်းနီကို ဆိုးလေ့ရှိသူတွေက အေးအေးဆေးဆေးနေတတ်သူတွေပါ။ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာကို ပိုသဘောကျလေ့ရှိပါတယ်။ စိတ်ဝင်စားတဲ့အရာတစ်ခုခုကို အမြဲအာရုံစိုက်ထားနိုင်ပြီး သစ္စာရှိတဲ့သူတွေလည်း ဖြစ်ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments