ဆံပင်နဲ့ အသားအရေအတွက် ကော်ဖီရဲ့အသုံးဝင်ပုံ (၅) မျိုး

ကော်ဖီက မနက်ခင်းကို ပြည့်စုံစေတဲ့အရာတွေထဲက တစ်ခုပါ။ ကော်ဖီက စိတ်ကိုလန်းဆန်းစေရုံသာမကပါဘူး။ အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။

ကော်ဖီကို အသုံးပြုပြီး ဆံပင်နဲ့ အသားအရေအတွက် လှပအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကော်ဖီရဲ့အသုံးဝင်ပုံများ

ကော်ဖီမှာ alkaloid ဒြပ်ပေါင်းပါဝင်ပါတယ်။ ကော်ဖီရဲ့ကာဖိန်းဓာတ်က အသားအရေနဲ့ ဆံပင်အတွက် အကျိုးပြုပါတယ်။ ကော်ဖီကို scrub, ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ခရင်မ်၊ ဆပ်ပြာခဲ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။

၁။ မျက်နှာကို ကြေးချွတ်ပေးတဲ့ mask

ကော်ဖီက အသားအရေက ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ကော်လဂျင်ထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးပါသေးတယ်။ ကော်ဖီ mask ကို လည်ပင်းနဲ့ မျက်နှာမှာအသုံးပြုရင် အသားအရေ ကြည်လင်ပြီး နူးညံ့လာမှာပါ။

- ကော်ဖီအကြမ်းမှုန့် ၁၅၀ ဂရမ်

- သကြားအညို ၂၀၀ ဂရမ်

- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

- ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇါန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ ပြီးနောက်မျက်နှာနဲ့ လည်ပင်းမှာ ကော်ဖီ mask ကို လိမ်းထားလို့ရပါပြီ။ ကော်ဖီ mask ခြောက်သွားတဲ့အထိထားပြီး ရေနွေးနဲ့ ဆေးချလိုက်ပါ။ ကျန်တဲ့ ကော်ဖီ mask တွေကိုတော့ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး တစ်ပတ်တစ်ကြိမ်ခန့် အသုံးပြုပေးလို့ရပါတယ်။

၂။ Lip scrub

စိုရွှန်းတောက်ပတဲ့နှုတ်ခမ်းကို ရရှိဖို့က မိန်းကလေးတိုင်းရဲ့ဆန္ဒပါ။ နှုတ်ခမ်းလှနေဖို့ဆိုရင် ရေဓာတ်ပြည့်နေဖို့၊ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ကော်ဖီကို အသုံးပြုနိုင်ပါတယ်။

- ကော်ဖီအကြမ်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

- သံလွင်ဆီလက်ဖက်ရည်ဇွန်း ၂ွဇွန်းတို့ကို ရောမွှေလိုက်ပါ။ ပျစ်လာတဲ့အခါမှာ နှုတ်ခမ်းမှာ လိမ်းပေးပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

ခြောက်သွေ့သွားတဲ့အခါ ရေဆေးချပြီး ရေဓာတ်ဖြည့်ပေးတဲ့ lip balm လေး လိမ်းထားပေးလို့ရပါပြီ။ တစ်ပတ်ကို ၃ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ တစ်လအတွင်း သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။

၃။ ခေါင်းလျှော်ရည်

ကော်ဖီမှာ ဆံပင်နဲ့ဦးရေပြားကို ကျန်းမာရေးစေတဲ့အစွမ်းရှိပါတယ်။ ကော်ဖီက ဦးရေပြားရဲ့သွေးလည်ပတ်မှုတွေကို အားကောင်းစေပြီး ဆဲလ်သေတွကို ဖယ်ရှားပေးပါတယ်။ ဆံပင်မကျွတ်အောင်လည်း ကာကွယ်ပေးပါတယ်။

- သဘာဝခေါင်းလျှော်ရည်

- ကော်ဖီကြမ်းမှုန့်လက်ဖက်ရည်ဇွန်း ၅ ဇွန်း

- ရေတစ်ခွက်တို့ကို ရောနယ်ပြီး အပူပေးလိုက်ပါ။ ရေဆူပွက်လာတဲ့အခါမှာ အအေးခံပြီးတော့ အေးသွားတဲ့အခါ ဆံပင်မှာ သုတ်လိမ်းပေးပါ။

သုတ်လိမ်းပြီးနောက် ဦးခေါင်းကို ညင်ညင်သာသာနှိပ်နယ်ပေးလို့ရပါတယ်။ ၁၀ မိနစ်ခန့် ကြာပြီးနောက်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။ ဆံပင်က အရင်ထက် ပိုမိုတောက်ပလာတာကို သိသိသာသာတွေ့ရမှာပါ။

၄။ အာလူး

အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အားနည်းခြင်းတို့ကြောင့် မျက်ကွင်းညိုလာပါတယ်။ မျက်ကွင်းညိုတာကြောင့် အသက်ကြီးသလို ထင်ရစေပါတယ်။ ဒါပေမယ့် အာလူးနဲ့ ကော်ဖီရှိရုံနဲ့ မျက်ကွင်းညိုတာကို သက်သာစေမှာပါ။

- ကော်ဖိအကြမ်းမှုန့် ခွက်ရဲ့ လေးပုံတစ်ပုံ

- ပါးပါးလှီးထားတဲ့ အာလူး ၂ ကွင်း

ကော်ဖီကို ဖျော်ထားပြီးနောက် အအေးခံထားလိုက်ပါ။ ကော်ဖီအေးသွားတဲ့အခါ အာလူး၂ ကွင်းကို ၂ မိနစ်ခန့် ထည့်စိမ်ထားလိုက်ပါ။ ပြီးနောက် အာလူးကွင်းလေးတွေကို မျက်လုံးအောက်မှာ မိနစ် ၂၀ ခန့် ကပ်ထားပေးရုံပါပဲ။

၅။ Body scrub

ကော်ဖီက ခန္ဓာကိုယ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

- ကော်ဖီအကြမ်းမှုန့် လက်ဖက်ရည်ဇွန်း ၅ ဇွန်း

- ဂျုံစေ့ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ကို ရောမွှေပါ။ ပျစ်သွားတဲ့အခါ ပေါင်၊ လက်မောင်း၊ ဝမ်းဗိုက်စတဲ့ ခန္ဓာကိုယ်က နေရာတွေမှာ လိမ်းပေးပြီး ပလက်စတစ်နဲ့ မိနစ် ၃၀ ခန့် ကပ်ထားပေးပါ။

မိနစ် ၃၀ ပြည့်သွားတဲ့အခါ ပလက်စတစ်ကို ခွာပြီး ၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးနောက် ရေနွေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ဒီနည်းကိုတော့ တစ်ပတ် ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments