အိမ်မှာရှိတဲ့ဘက်တီးရီးယားတွေကို တစ်ခါတည်းနဲ့ ဖယ်ရှားနိုင်မယ့်နည်းလမ်း (၉) ခု

အိမ်သာက အိမ်တစ်အိမ်ရဲ့အညစ်ပတ်ဆုံးနေရာလို့ အများက ယူဆကြပါတယ်။ ဒါပေမယ့် အိမ်မှာ အိမ်သာထက် ဘက်တီးရီးယားတွေ ပိုများတဲ့နေရာတွေ ရှီပါသေးတယ်။

အိမ်မှာ ရှိတဲ့ဘက်တီးရီးယားတွေကို တစ်ကြိမ်တည်းနဲ့ နှုတ်ဆက်သွားအောင် သန့်ရှင်းရေးပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွားတိုက်တံကို ပိုးသတ်ဖို့အတွက် ခံတွင်းသန့်စင်ဆေးရည်

သွားတိုက်တံကို အသုံးပြုပြီးတိုင်မှာ ရေချိုးခန်းထဲက ဘက်တီးရီးယားတွေက ပါးစပ်ထဲကို ဝင်လာပါတယ်။ တစ်ယောက်ယောက်က အိမ်သာကို ရေဆွဲချတဲ့အခါ ဘက်တီးရီးယားပိုးတွေက သန့်စင်ခန်းတစ်ဝိုက်ပြန့်နှံ့သွားပြီး သွားတိုက်တံကိုပါ ကူးစက်သွားပါတယ်။ အဲဒါကြောင့် သွားတိုက်တံကို အသုံးပြုပြီးတဲ့အခါ ခံတွင်းသန့်စင်ဆေးရည်ထဲ ၂ မိနစ်ခန့် စိမ်ထားပေးပါ။

၂။ မီးဖို

မီးဖိုက ကြာရှည်အသုံးပြုပါများလာရင်တော့ တဖြည်းဖြည်း ညစ်ပတ်လာပါတယ်။ မီးဖိုကို ၁၅၀ ဒီဂရီဖာရင်ဟိုက်အထိ အပူချိန်တင်လိုက်ပြီး အမိုးနီးယား ခွက်ရဲ့ ၅ပုံတစ်ပုံကို ပန်းကန်လုံးထဲမှာ ထည့်ပါ။ အဲဒီပန်းကန်လုံးကို မီုးဖိုရဲ့အောက်မှာ တင်ထားလိုက်ပါ။

ဆူပွက်နေတဲ့ရေထည့်ထားတဲ့ပန်းကန်လုံးကို မီးဖိုရဲ့အောက်မှာ ထားပြီး တံခါးပိတ်ထားလိုက်ပါ။ ဒီအတိုင်းတစ်ညလုံးထားလိုက်ရင် မနက်မှာတော့ မီးဖိုက ကျလာတဲ့ဆီနဲ့အညစ်အကြေးတွေကို အလွယ်တကူသုတ်လိုက်ရုံပါပဲ။

၃။ ဖော့

ပန်းကန်ဆေးတဲ့ဖော့မှာ အန္တရာယ်ရှိတဲ့ဘက်တီးရီးယားတေါ အများကြီးကပ်နေပါတယ်။ ပန်းကန်ဆေးဖော့က ဘက်တီးရီးယားတွေက ပန်းကန်ဆီကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ပန်းကန်ဆေးဖော့ကို ပိုးသတ်ဖို့အတွက် ဖော့စိုနေချိန်မှာ မိုက်ခရိုဝေ့မီးဖိုထဲ ၁ မိနစ်ခန့် ထည့်ပြီး အပူပေးထားလိုက်ပါ။ ၁ မိနစ်ကြာပြီးနောက် အအေးခံပြီး ပြန်လည်အသုံးပြုလို့ရပါပြီ။

၄။ သစ်သားဇွန်း

သစ်သားဇွန်းတွေက အလွယ်တကူ အရောင်စွန်းလွယ်ပါတယ်။ သစ်သားဇွန်းက အစွန်းတွေ ပြောင်ဖို့အတွက် သံပုရာခြမ်းနဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။ အုန်းဆီနဲ့ သစ်သားဇွန်း၊ ယောက်မတွေကို ပွတ်တိုက်ပေးရင် ဘက်တီးရီးယားတွေ မဝင်နိုင်တဲ့အပြင် အရောင်လည်း ကြာရှည်လှပါတယ်။

၅။ ပြတင်းပေါက်

ပြတင်းပေါက်နဲ့ ပြတင်းပေါက်ဘောင်တို့မှာ ဘက်တီးရီးယားတွေက အလွယ်တကူ ပွားနေပါတယ်။ ပြတင်းပေါက်ဘောင်တွေကို ရေစွတ်အဝတ်နဲ့ အလွယ်တကူ သန့်ရှင်းရေးလုပ်လိုက်လို့ရပါတယ်။

၆။ ခေါင်းဘီး

ဆံပင်ကျန်းမာဖို့ဆိုရင် ခေါင်းဘီးက သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ခေါင်းဘီးမှာ ဆံပင်က အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ကပ်နေတတ်ပါတယ်။ အဲဒါကြောင့် ခေါင်းဘီးက ဆံပင်တွေကို ဖယ်ရှားပြီး တစ်ပတ်တစ်ကြိမ်ခန့် ခေါင်းဘီးကို ရေဆေးပေးသင့်ပါတယ်။

၇။ ယောဂဖျာ

ခန္ဓာကိုယ်ကနေ ထွက်တဲ့ချွေးတွေဟာ ယောဂဖျာမှာ အလွယ်တကူကပ်ပြီး ဘက်တီးရီးယားတွေ များလာပါတယ်။ ယောဂဖျာကို အသုံးပြုပြီးတိုင်းမှာ ရှာလကာရည်ကို ပိတ်စလေးနဲ့ တို့ပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

၈။ ငွေထည်ပစ္စည်း

ငွေထည်ပစ္စည်းတွေကို ပြန်လည်တောက်ပလာစေဖို့အတွက် ပန်းကန်လုံးတစ်လုံးကို အလူမီနီယံပြားတွေနဲ့ ပတ်လည်ကပ်လိုက်ပါ။ ဆော်ဒါလက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါ။

ငွေထည်ပစ္စည်းနဲ့ ဆူပွက်နေတဲ့ရေနွေးကို ထည့်ပြီး တစ်ညခန့် စိမ်ထာလိုက်ပါ။ မနက်ရောက်တဲ့အခါမှာတော့ ငွေထည်ပစ္စည်းကို အလွယ်တကူပွတ်တိုက်ပေးလိုက်ရင် မူလအရောင်ပြန်လည်ရရှိလာပါတယ်။

၉။ ကီးဘုတ်

ဘီးဘုတ်မှာ ဖုန်တွေ၊ ပိုးမွှားတွေ ရှိနေပါတယ်။ ရေနွေးတစ်ခွက်၊ ကော်ခွက်တစ်ဝက်ကို ရောပြီး ပျော့ပျောင်းလာတဲ့အထိ နယ်လိုက်ပါ။ အဲဒီကော်နဲ့ ကီးဘုတ်ကို အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

Bonus

ဇွန်းတွေ၊ ခက်ရင်းတွေကို အားလုံးဆေးပြီးတဲ့အခါမှာ ဇကာအိတ်ထဲထည့်ပြီး ခဏလောက်သိမ်းထားလိုက်ပါ။ ဒီနည်းက ပြင်ပက ဘက်တီးရီးယားတွေကို မဝင်အောင် ခဏလောက်ပိုးသတ်ပြီးသားဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments