ရေချိုးခန်းကို အချိန်ကုန်သက်သာလွယ်ကူအောင် သန့်ရှင်းရေးလုပ်နိုင်မယ့်နည်းလမ်း (၇) ခု

ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ရတာက အချိန်ကြာမြင့်ပြီး ငြီးငွေ့စရာကောင်းပါတယ်။ ဒါပေမယ့် ရေချိုးခန်းကို သန့်ရှင်းရေးလုပ်တဲ့အခါ လွယ်ကူလျင်မြန်စေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ ဆော့စ်

ဆော့စ်အနည်းငယ်ကို ရေချိုးခန်းထဲက သံချေးတက်နေတဲ့နေရာတွေမှာ တင်လိုက်ပါ။ ဆော့အပေါ်ကနေ ဖော့လေးနဲ့ ပွတ်တိုက်ပြီး သုတ်ပေးပါ။

ပြီးနောက် ပိတ်စလေးနဲ့ ဆော့စ်တွေကို ထပ်မံသန့်ရှင်းရေးလုပ်လိုက်ရုံပါပဲ။ ရေချိုးခန်းထဲက သံချေးတက်နေတဲ့ ရေပိုက်ခေါင်း၊ လက်ကိုင်တွေက ပြန်လည်ပြောင်လက်လာပါတယ်။

၂။ သံပရာသီး

ရေချိုးခန်းထဲမှာ အချို့အရာတွေကို ဖော့နဲ့ သန့်ရှင်းရေးလုပ်ရုံနဲ့ မပြောင်သွားပါဘူး။ သံပုရသီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီး ရေပိုက်ခေါင်းမှာ ပွတ်တိုက်ပေးပါ။ ခဏကြာထားပြီးနောက် ပိတ်စလေးနဲ့ သန့်ရှင်းရေးလုပ်ပေးလိုက်လို့ရပါပြီ။

၃။ ရေချိုးခန်းထောင့်က ညစ်ပတ်နေတဲ့အရာများ

ရေချိုးခန်းထောင့်တွေမှာ ရေညှိတွေနဲ့ ညစ်ပတ်ပြီး မည်းနေတတ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပန်းကန်လုံးထဲ ထည့်လိုက်ပါ။ ရာဘာလက်အိတ်စွပ်ပြီး အစွန်းချွတ်ဆေးအနည်းငယ်ကိုလည်း ထည့်ပါ။

အစွန်းချွတ်ဆေးက လက်အရေပြားကို တိုက်ရိုက်မထိတွေ့ဖို့ သတိထားသင့်ပါတယ်နော်။ နှံ့သွားအောင် မွှေလိုက်ပြီး ရေချိုးခန်းထောင့်က ရေညှိတွေ ရှိတဲ့နေရာကို ပွတ်တိုက်ပေးပါ။ ပိတ်စလေးနဲ့ ပွတ်တိုက်ပေးလည်း ရပါတယ်။ နောက်ဆုံးမှာတော့ ရေဆေးချလိုက်လို့ရပါပြီ။

၄။ ရေချိုးခန်းထဲက မှန်မှာ ရေငွေ့မရိုက်အောင် ပြုလုပ်နည်း

ရေချိုးခန်းမှန်ပေါ်က ရေငွေ့တွေကို သုတ်လိုက်ပါ။ ပြီးနောက် မုတ်ဆိတ်ရိတ်ခရင်မ်ကို မှန်ပေါ်မှာ သုတ်လိမ်းလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးရင် မှန်ကို ပိတ်စလေးနဲ့ သန့်ရှင်းလိုက်လို့ရပါပြီ။ အဲဒီအခါ ရေချိုးခန်းမှန်ပေါ်မှာ ရေငွေ့တွေမရိုက်တော့ပါဘူး။

၅။ ရေပန်းခေါင်း

ရေပန်းခေါင်းမှာ ထုံးချိုးတွေ ကပ်နေရင် ရေတွေ သေသေချာချာ မထွက်နိုင်တော့ပါဘူး။ အိတ်တစ်လုံးထဲမှာ ရှာလကာရည်ဖြည့်ပြီး အဲဒီအိတ်ထဲကို ရေပန်းခေါင်းထည့်ထားလိုက်ပါ။ မိနစ် ၂၀ ခန့် စောင့်ပြီးတဲ့အခါ ရေပန်းခေါင်းကို အိတ်ထဲကနေ ထုတ်လိုက်လို့ရပါပြီ။

၆။ ဆပ်ပြာ

ဆပ်ပြာခဲကို ခြစ်နဲ့ ခြစ်ထားလိုက်ပါ။ ဆပ်ပြာအကြေလေးတွေ အနည်းငယ်ရလာရင် စပရိုက်အချိုရည်နဲ့ ရေအနည်းငယ် လောင်းထည့်လိုက်ပါ။ အားလုံးကို နှံ့သွားအောင် မွှေပြီးနောက် ဖျန်းဘူးထဲကို ထည့်လိုက်ပါ။

အဲဒီနောက် အိမ်သာကို ဖျန်းပေးပြီး သန့်ရှင်းရေးလုပ်ရင် ဖယ်ရှားရခက်တဲ့ အညစ်အကြေးတွေပါ ပြောင်စင်သွားပါတယ်။

၇။ သံပုရာသီး

သံပုရာသီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆော်ဒါအနည်းငယ်ဖြူးလိုက်ပါ။ ပြီးနောက် ရေချိုးခန်းကြွေပြားတွေပေါ်ကို ပွတ်တိုက်ပေးပါ။

ပြီးနောက် ရေဆေးချလိုက်ရင် ကြွေပြားကြားထဲမှာ ရှိတဲ့ရေညှိတွေပါ ပြောင်သွားတဲ့အပြင် ကြွေပြားတွေလည်း အရောင်ပြန်တောက်ပလာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments