ငါးဟင်းချက်ဖို့ ပြင်ဆင်တဲ့အခါ ငါးရဲ့ကြေးခွံတွေ၊ ပါးဟက်တွေ ဖယ်ရှားရတာက အချိန်ကုန်ပါတယ်။ ငါးကို သန့်ရှင်းရေးလုပ်ရတာလည်း မလွယ်ကူပါဘူး။
အဲဒါကြောင့် ငါးနဲ့ ပင်လယ်စာတွေကို လွယ်လွယ်ကူကူ သန့်ရှင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ခြစ်တံ
ငါးရဲ့ကြေးခွံတွေကို ခြစ်တံနဲ့ ခြစ်လိုက်ရင် အရမ်းလွယ်ကူပါတယ်။ ခြစ်တံနဲ့ ငါးရဲ့တစ်ဖက်စီကို ခြစ်ပေးလိုက်ရင် ကြေးခွံတွေက အလိုက်သင့်ပါလာပါတယ်။ ငါးရဲ့ကြေးခွံတွေက အချိန်တိုအတွင်း ပြောင်စင်သွားမှာပါ။
၂။ မုန်လာဥနီ
ခြစ်တံမရှိတဲ့အခါမှာ မုန်လာဥနီကို အသုံးပြုပြီး ငါးရဲ့ကြေးခွံကို သန့်ရှင်းနိုင်ပါတယ်။ မုန်လာဥနီရဲ့အဖျားပိုင်းကို ခပ်စောင်းစောင်းလေးဖြစ်အောင် လှီးချလိုက်ပါ။ အဲဒီနောက် ငါးရဲ့ကြေးခွံကို မုန်လာဥနီနဲ့ ပွတ်တိုက်လိုက်ရင် ခဏအတွင်း ကြေးခွံတွေ ပြောင်သွားပါတယ်။
၃။ မွှေစက်
ဂျုံ၊ ကြက်ဥတို့ကို မွှေတဲ့ စက်နဲ့လည်း ငါးရဲ့ကြေးခွံတွေကို သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ငါးကို အရမ်းမဖိထားဘဲ အလိုက်သင့်လေး လှည့်ပေးလိုက်ရုံပဲ။ ဒါပေမယ့် မွှေစက်နဲ့ ငါးရဲ့ကြေးခွံတွေကို ခွာတဲ့အခါ ကြေးခွံတွေက ဘေးဘက်တွေကို စင်ထွက်သားတတ်ပါတယ်။
၄။ ငါးရဲ့အရေခွံကို ခွာနည်း
ငါးအရေခွံမကြိုက်သူတွေအတွက် ဟင်းချက်ခါနီးမှာ ငါးအရေခွံကို အလွယ်တကူခွာလို့ရမယ့်နည်းလမ်းရှိပါတယ်။ ငါးရဲ့အရေခွံပေါ်ကို ရေနွေးပူကို ဖြည်းဖြည်းချင်း လောင်းချလိုက်ပါ။ ခဏကြာတဲ့အခါ ငါးအရေခွံက အလွယ်တကူ ကွာလာပါတယ်။
၅။ ပြည်ကြီးငါးကို သန့်ရှင်းရေးလုပ်နည်း
အရင်ဆုံး ပြည်ကြီးငါးရဲ့ခေါင်းကို လှီးထားလိုက်ပါ။ ပြည်ကြီးငါးရဲ့ကိုယ်ပိုင်းကို ကိုင်ထားပြီး အတွင်းဘက်က အရိုးနုကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပါ။ အရေခွံကို လက်သည်းနဲ့ခွာလိုက်ပြီးနောက် ပြည်ကြီးငါးကို ရေဆေးချလိုက်လို့ရပါပြီ။
၆။ ပုစွန်ကို လက်နဲ့အလွယ်တကူသန့်ရှင်းနည်း
အရင်ဆုံး ပုစွန်ရဲ့ခေါင်းကို ဖယ်ထုတ်လိုက်ပါ။ ပုစွန်ရဲ့အခွံတွေကို ဖယ်ထုတ်လိုက်ပြီး နောက်ဆုံးမှာတော့ ကျောက အညစ်အကြေးတွေကို ဖယ်ရှားလိုက်ရုံပါပဲ။
၇။ ပုစွန်ကို ခက်ရင်းနဲ့ အမြန်ခွာနည်း
ပုစွန်ကို အရင်ဆုံး ခေါင်းဖယ်ထားလိုက်ပါ။ ခက်ရင်းနဲ့ ပုစွန်ရဲ့ကျောရိုးထဲကို ဖြည်းဖြည်းချင်း ထိုးလိုက်ပါ။ ပုစွန်ရဲ့အခွံတွေက ခက်ရင်းမှာ ကပ်ပါလာပါတယ်။ ကျန်တဲ့ပုစွန်ကိုတော့ ပုံမှန်အတိုင်း သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။
Bonus
ငါးတွေ၊ အသားတွေ လှီးပြီးတဲ့အခါ စဉ်းတီတုံးမှာ ညှီနံ့တွေကပ်ကျန်နေတတ်ပါတယ်။ သွားတိုက်ဆေးလေးတွေကို ရေခဲခွက်ထဲမှာ နည်းနည်းချင်းစီ ထည့်ပြီး ခဲထားလိုက်ပါ။ ငါးကို စဉ်းတီတုံးပေါ်မှာ လှီးဖြတ်ပြီးရင် သွားတိုက်ဆေးခဲလေးနဲ့ စဉ်းတီတုံးကို ပွတ်တိုက်ပေးပါ။
စဉ်းတီတုံးပေါ်ကို ဖော့လေးနဲ့ သန့်ရှင်းရေးလုပ်ပြီးနောက် ရေဆေးချလိုက်ပါ။ အဲဒီအခါ စဉ်းတီတုံးပေါ်က ငါးညှီနံ့တွေက အချိန်တိုအတွင်း ပျောက်သွားပါတယ်။
Zombie (lovemedia)
0 Comments