အချိန်ကြာလာတာနဲ့အမျှ ခင်းထားတဲ့ ကော်ဇောတွေက ညစ်ပတ်လာပါတယ်။ ညစ်ပတ်နေတဲ့ကော်ဇောတွေကို သန့်ရှင်းဖို့ အချိန်ကုန်၊ ငွေကုန်သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
- ကော်ဇောတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးတာကြောင့် အိမ်ထဲကို ဝင်လိုက်တာနဲ့ စိတ်ကြည်လင်မှုကို ရရှိနေမှာပါ။
- ကော်ဇောတွေကို သန့်ရှင်းမရေးလုပ်ခင်မှာ ဖုန်တွေ၊ ကပ်နေတဲ့တိရစ္ဆာန်အမွေးအမျှင်၊ ဆံပင်တွေကို ဖယ်ရှားလိုက်ရင် သန့်ရှင်းရေးလုပ်ရတာ ပိုအဆင်ပြေသွားမှာပါ။
- ကော်ဇောကို သန့်ရှင်းရေးမလုပ်ခင် သန့်ရှင်းရေးသုံးပစ္စည်းနဲ့ အနည်းငယ်စမ်းသပ်ပြီးမှ ပြုလုပ်သင့်ပါတယ်။
၁။ အဝတ်လျှော်ဆပ်ပြာနဲ့ သန့်ရှင်းနည်း
လိုအပ်သောပစ္စည်းများ
- အဝတ်လျှော်ဆပ်ပြာလက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ရေပူ ၁၅၀ မီလီလီတာ
- မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ရှာလကာရည်လက်ဖက်ရည်ဇွန်း ၇ ဇွန်း
- ဖျန်းဘူး
- ဖော့
- ဇလုံတစ်လုံး
ပါဝင်ပစ္စည်းတွေကို ဇလုံထဲမှာ အားလုံးရောထည့်လိုက်ပါ။ ဇလုံထဲကနေတစ်ဆင့် ဖျန်းဘူးထဲကို ပြောင်းလဲထည့်လိုက်ပါ။ ဖျန်းဘူးနဲ့ ကော်ဇောပေါ်က ညစ်ပတ်နေတဲ့နေရာတွေကို ဖျန်းပေးနိုင်ပါတယ်။ ပြီးနောက် ခြောက်နေတဲ့ဖော့နဲ့ ကော်ဇောပေါ်ကို သုတ်ပေးပါ။
၂။ ဆပ်ပြာနဲ့ သန့်ရှင်းနည်း
လိုအပ်သောပစ္စည်းများ
- ဆပ်ပြာ
- ရေတစ်လီတာ
- ခြစ်တံ
- ဇလုံတစ်လုံး
- ဖော့
- ဘရက်ရှ်
ဆပ်ပြာကို ခြစ်တံနဲ့ ခြစ်ပြီး ရလာတဲ့ဆပ်ပြာအကြေလေးတွေကို ရေနဲ့ ရောလိုက်ပါ။ ဖော့ကို အသုံးပြုပြီး ကော်ဇောပေါ်မှာ ဆပ်ပြာရည်နဲ့ ပွတိုက်လိုက်ပါ။
မိနစ် ၄၀ ခန့်စောင်ပြီးတဲ့အခါမှာတော့ ဘရက်ရှ်နဲ့ ရေဆေးချလိုက်လို့ရပါပြီ။ ကော်ဇောကို ခြောက်သွေ့အောင် လှန်းပြီးတဲ့အခါမှာတော့ သန့်ရှင်းမွှေးပျံ့နေမှာပါ။
၃။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ သန့်ရှင်းနည်း
လိုအပ်သောပစ္စည်းများ
- မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၁၅၀ မီလီလီတာ
- ပန်းကန်လုံးအသေးတစ်လုံး
- ဖော့
- ဘရက်ရှ်
ပန်းကန်လုံးတစ်လုံးထဲမှာ မုန့်ဖုတ်ဆော်ဒါနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဖော့လေးနဲ့ယူပြီး ကော်ဇောပေါ်က ညစ်ပတ်တဲ့နေရာမှာ သုတ်ပေးပါ။ ၁၅ မိနစ်ခန့်ထားပြီးနောက် ကော်ဇော်ကို ဘရက်ရှ်နဲ့ ပွတ်တိုက်ပြီး အခြောက်ခံလိုက်ရုံပါပဲ။
၄။ ဆစ်ထရစ်အက်စစ်နဲ့ သန့်ရှင်းနည်း
လိုအပ်သောပစ္စည်းများ
- ရေလီတာဝက်
- ဆစ်ထရစ်အက်စစ်လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်
- ပန်းကန်လုံးတစ်လုံး
- ဘရက်ရှ်
ပန်းကန်လုံးထဲမှာ ရေ၊ ဆားနဲ့ ဆစ်ထရစ်အက်စစ်တို့ကို ရောမွှေလိုက်ပါ။ ပြီးနောက် ကော်ဇောပေါ်က ညစ်ပတ်တဲ့နေရာမှာ သုတ်လိမ်းလိုက်ပါ။
သို့မဟုတ် ဖျန်းဘူးထဲ ထည့်ပြီး ကော်ဇောပေါ်မှာ ဖျန်းပေးလည်း ရပါတယ်။ ခဏကြာပြီးနောက်မှာ ကော်ဇောကို ဘရက်ရှ်နဲ့ပွတ်တိုက်ပြီး အခြောက်ခံထားလို့ရပါပြီ။
၅။ အမိုးနီးယားနဲ့ သန့်ရှင်းနည်း
လိုအပ်သောပစ္စည်းများ
- အမိုးနီးယားလက်ဖက်ရည်ဇွန်း ၂ဇွန်း
- ရေလီတာဝက်
- ဖျန်းဘူး
- ဖော့
ရေနဲ့အမိုးနီးယားကို ဖျန်းဘူးထဲမှာ ရောထည့်လိုက်ပါ။ ကော်ဇောပေါ်က ညစ်ပတ်နေတဲ့နေရာတွေကို ဖျန်းဘူးနဲ့ ဖျန်းပေးပြီး ဖော့လေးနဲ့ သန့်ရှင်းပေးပါ။ ကော်ဇောကို ခြောက်သွေ့အောင် ပြုလုပ်ပြီးနောက်မှာတော့ ညစ်ပတ်တာတွေ သိသိသာသာ ပျောက်သွားပါတယ်။
- ကော်ဇောကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် အညွှန်းကို သေချာဖတ်သင့်ပါတယ်။ ပိုးသားနဲ့ပြုလုပ်ထားတဲ့ကော်ဇောတွေကို အိမ်မှာပဲ အလွယ်တကူ သန့်ရှင်းရေးလုပ်လို့ မရနိုင်တာကြောင့်ပါ။ Synthetic နဲ့ ပြုလုပ်ထားတဲ့ ကော်ဇောတွေက သန့်ရှင်းရေးပြုလုပ်ရလွယ်ကူပါတယ်။
- ကော်ဇောက အရောင်ဖျော့တယ်ဆိုရင် ဆား၊ မုန့်ဖုတ်ဆော်ဒါနဲ့ ဆပ်ပြာကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ကော်ဇောက အရောင်ရင့်တယ်ဆိုရင် ရှာလကာရည်နဲ့ အမိုးနီးယားကို အသုံးပြုနိုင်ပါတယ်။
Zombie (lovemedia)
0 Comments