စိတ်ပညာဆိုင်ရာစမ်းသပ်မှုတွေက လူတစ်ယောက်ရဲ့အကြောင်းကို သိဖို့ အများကြီး အထောက်အကူပြုပါတယ်။ မိမိရဲ့အားသာချက်တွေကို သိရှိတဲ့အခါ အားသာချက်ကို အသုံးချပြီး ပိုကောင်းတဲ့အခြေအနေကို ဖန်တီးနိုင်ပါတယ်။
ပုံကို ကြည့်ပြီး ဘယ်သူက အအောင်မြင်ဆုံးလူဖြစ်မလဲဆိုတာကို ရွေးချယ်လိုက်ပါ။ ရွေးချယ်လိုက်တဲ့ပုံကနေ သင့်ရဲ့အကြောင်းကို ပြောပြပေးနိုင်ပါတယ်။
ပုံ ၁
ပထမဆုံးမိန်းကလေးကို အအောင်မြင်ဆုံးမိန်းကလေးလို့ ထင်ရင် သင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူပါ။ စိန်ခေါ်မှုအသစ်တွေ ရရှိဖို့ဆိုရင် ဘယ်တော့မှ မတွေဝေတတ်ပါဘူး။
အကောင်းမြင်စိတ်ကို အမြဲတမ်းထားရှိပြီး ဘယ်အလုပ်ကိုမဆို စိတ်ပါလက်ပါ လုပ်ဆောင်တတ်ပါတယ်။ အလုပ်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် ကြိုးစားနေတတ်သူပါ။
ပုံ ၂
ဒုတိယပုံကို ရွေးချယ်လိုက်ရင် နှလုံးသားနဲ ဦးနှောက်ယှဉ်လာရင် နှလုံးသားကိုပဲ ရွေးချယ်ပါတယ်။ စိတ်ခံစားချက်ကို ဦးစားပေးပြီး ဝမ်းနည်းလွယ်သူလည်း ဖြစ်ပါတယ်။
အချို့အရာတွေကို စိတ်ထဲကနေ အလိုလိုသိနေတတ်ပြီး သင့်ကို အခြားသူတွေက လွယ်လွယ်ကူကူလှည့်စားလို့မရနိုင်ပါဘူး။
ပုံ ၃
တတိယမိန်းကလေးကို အအောင်မြင်ဆုံးမိန်းကလေးအဖြစ် ရွေးချယ်လိုက်ရင် အရမ်းကို စည်းစနစ်ကျသူပါ။ ဘယ်အရာကိုမဆို အသေးစိတ်ကျကျ လုပ်ဆောင်တတ်ပါတယ်။
ဆုံးဖြတ်ချက်တစ်ခုချဖို့ဆိုရင်တောင် အကြာကြီးစဉ်းစားပြီး ချီတုံချတုံဖြစ်နေပါတယ်။ ဒါပေမယ့် သေချာစဉ်းစားဆုံးဖြတ်တာကြောင့် ရွေးချယ်လိုက်တဲ့အရာတွေက မှန်ကန်နေတတ်ပါတယ်။
ပုံ ၄
ပုံ ၄ ကို ရွေးချယ်သူဆိုရင် မိမိရဲ့အားသာချက်၊ အားနည်းချက်တွေကို ကောင်းကောင်းအသုံးချနိင်သူပါ။ အခြားသူတွေနဲ့ မပြိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် အမြဲကြံစည်ကြိုးစားနေတတ်ပါတယ်။
ဘေးနားကလူတွေကိုလည်း အလုပ်ကြိုးစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်တာကြောင့် အများရဲ့အားကိုးမှုတွေ၊ ယုံကြည်မှုတွေကို ခဏခဏရလေ့ရှိပါတဘ်။
Zombie (lovemedia)
0 Comments