တရုတ်လူမျိုးတွေရဲ့ ဟင်းချက်နည်းလျှို့ဝှက်ချက် (၉) ခု

ဟင်းချက်ရတာကို အချို့တွေက ငြီးငွေ့ပေမယ့် အချို့တွေကတော့ ပျော်ရွှင်ကြပါတယ်။ ကျန်းမာရေးကောင်းဖို့အတွက် အစားအစာက အရေးကြီးပါတယ်။

တရုတ်လူမျိုးတွေ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းအချို့ကို အိမ်ရှင်မတွေအတွက် လွယ်ကူပြီးအချိန်ကုန်သက်သာစေမှာပါ။

၁။ ဆားရည်

တရုတ်နိုင်ငံမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို မစားခင်၊ မချက်ပြုတ်ခင်မှာ ဆားရည်နဲ့ဆေးကြောလေ့ရှိပါတယ်။ ပြီးမှ ရိုးရိုးရေနဲ့ ဆေးချပါတယ်။ ဒီနည်းလမ်းက ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ကပ်နေတဲ့ ဖျန်းဆေးတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။

၂။ ထမင်းချက်တဲ့အခါ ရေအတိုင်းအတာကို မသုံးခြင်း

တရုတ်လူမျိုးတွေက ထမင်းချက်တဲ့အခါ ထမင်းအိုးထဲကို ဆန်လိုသလောက်ချက်လိုက်ပါတယ်။ ထမင်းချက်ဖို့ရေကိုတော့ လက်ညိုးနဲ့သာ တိုင်းတာပါတယ်။ ဆန်ထည့်ပြီး ရေကို လက်ညိုးပထမလက်တစ်ဆစ်အထိ ထည့်ပြီး ချက်လေ့ရှိပါတယ်။

၃။ ပြောင်းကော်မှုန့်

တရုတ်ဟင်းလျာတွေက စားချင်စရာကောင်းလောက်အောင် အရောင်တွေက လာပါတယ်။ ဒီလိုအရောင်လှနေရတဲ့ လျှို့ဝှက်ချက်ကတော့ ပြောင်းကော်မှုန့်ထည့်ချက်တာကြောင့်ပါ။

၄။ အသားတွေကို နူးညံ့သွားအောင် ကြက်ဥအနှစ်ကို အသုံးပြုခြင်း

တရုတ်ဟင်းပွဲတွေမှာ အသားတွေက စားလိုက်တာနဲ့အရမ်းကို နူးညံ့နေတတ်ပါတယ်။ အသားနူးညံ့ရတဲ့လျှို့ဝှက်ချက်ကတော့ အသားတွေကို ကြက်ဥအနှစ်နဲ့ ၁၅ မိနစ်ခန့် နှပ်ထားတာ ကြောင့်ပါ။

ကြက်ဥအနှစ်က အသားတွေကို တောက်ပစေပြီး အရသာလည်း ပိုရှိစေပါတယ်။ သံပုရာသီး၊ ရှာလကာရည်တို့နဲ့လည်း အသားတွေကို နှပ်ထားတတ်ပါတယ်။

၅။ အသားတွေကို မချက်ခင်မှာ ပြုတ်ခြင်း

တရုတ်လူမျိုးတွေက အသားတွေကို အရင်ဆုံးပြုတ်လိုက်ပြီး အသားပြုတ်ရည်တွေကို သွန်ပစ်လိုက်ပါတယ်။ ပြုတ်ထားတဲ့အသားကို စိတ်ကြိုက်နည်းတွေနဲ့ ချက်ပြုတ်ကြပါတယ်။ အသားတွေကို ပြုတ်လိုက်တာက အညစ်အကြေးတွေနဲ့ သွေးတွေကို အပူပေးပြီး ဖယ်ရှားလိုက်တာပါ။

၆။ ဖက်ထုပ်

အခြားနိုင်ငံတွေမှာ ဖက်ထုပ်ကို အသားသီးသန့်နဲ့ပဲ စားကြပါတယ်။ တရုတ်နိုင်ငံဖက်ထုတ်တွေမှာ အတွင်းက အစာကို အသား၊ အသီးအရွက်တို့နဲ့ ထုပ်ထားတာကြောင့် အရသာလည်း ရှိသလို ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

၇။ အစားအစာတွေကို ပေါင်းခြင်း

တရုတ်အစားအစာတွေကို ပေါင်းပြီးတော့ ချက်လေ့ရှိကြပါတယ်။ ဂျုံနဲ့ပြုလုပ်တဲ့အစားအစာတွေကိုလည်း ပေါင်းဇကာနဲ့ ပေါင်းပြီး စားကြပါတယ်။ ဝါးနဲ့ပြုလုပ်ထားတဲ့ ပေါင်းဇကာတွေကို အများဆုံး သုံးကြပါတယ်။

၈။ မုန့်အချိုတွေမှာ သကြားအသုံးမများခြင်း

ကမ္ဘာပေါ်က နိုင်ငံအများစုရဲ့အချိုပွဲတွေမှာ သကြားတွေအသုံးပြုတာ များကြပါတယ်။ ဒါပေမယ့် တရုတ်အချိုပွဲတွေမှာတော့ သကြား၊ ယို၊ ချောကလက်တွေ အသုံးမများပါဘူး။ နှမ်း၊ ပဲ၊ ကန်စွန်းဥတို့လို သဘာဝအသီးအနှံတွေကိုအသုံးပြုပြီး အချိုပွဲပြုလုပ်ကြပါတယ်။

၉။ ပါဝင်ပစ္စည်းတွေက ကျန်းမာရေးနဲ့ညီညွတ်ခြင်း

တရုတ်အစားအစာတွေမှာ နှမ်းကို အသုံးများကြပါတယ်။ အချိုပွဲတွေသာမက ဟင်းပွဲတွေမှာပါ နှမ်းကို အသုံးပြုလေ့ရှိကြပါတယ်။ နှမ်းမှာ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments