အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်တွေက ကလေးမွေးဖွားပြီးနောက်မှာ လုံးဝကို ပြောင်းလဲသွားလေ့ရှိပါတယ်။ အထူးသဖြင့် ငယ်ရွယ်သေးတဲ့ မိခင်တွေမှာ ပြောင်းလဲမှုတွေက ပိုသိသာပါတယ်။ ကလေးမွေးဖွားပြီးနောက်မှာ အမျိုးသမီးတွေမှာ ပြောင်းလဲသွားတတ်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အသံ
မီးဖွားပြီးတဲ့အမျိုးသမီးတွေမှာ အသံက တိုးသွားလေ့ရှိပါတယ်။ ဒီလိုအသံတိုးသွားရတာက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။
ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဟော်မုန်းတွေက ထိုးကျသွားပြီး အသံကြိုးတွေကို သက်ရောက်မှုဖြစ်စေတာကြောင့်ပါ။ ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အမြင့်ဆုံးအသံက 44Hz အထိ ကျသွားကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
၂။ စိတ်ဖိစီးမှု
မီးဖွားပြီးတဲ့အမျိုးသမီးတွေမှာ စိတ်ပူပန်တာနဲ့ စိုးရိမ်တာတွေ ပိုဖြစ်လာပါတယ်။ ကလေးငိုတာပဲဖြစ်ဖြစ်၊ ကလေးမငိုတာပဲဖြစ်ဖြစ်၊ ကလေးအရမ်းအိပ်တာပဲဖြစ်ဖြစ်၊ ကလေးအိပ်ရေးမဝတာပဲဖြစ်ဖြစ် စိုးရိမ်စိတ်တွေက များလာပါတယ်။ ကလေးမွေးဖွားပြီးတဲ့အမျိုးသမီးတွေမှာ စိတ်က ပိုဆတ်လာပြီး မကြာခဏဝမ်းနည်းလာတတ်ပါတယ်။
၃။ ဦးနှောက်က ပိုမိုထက်မြက်လာခြင်း
ကလေးမွေးဖွားပြီးနောက်မှာ မိခင်အတွက်သာမက ကလေးအတွက်ပါ တွေးတောစဉ်းစားစရာတွေ များလာပါတယ်။ ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်က ပိုမိုထက်မြက်လာပြီး အလုပ်ပိုလုပ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ကလေးမွေးဖွားတာက အမျိုးသမီးတွေရဲ့ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့အမှတ်တရဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိလာပါတယ်။
၄။ ခန္ဓာကိုယ်က နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်လာခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားကို ကာကွယ်ဖို့အတွက်ကြောင့် မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ခံအားတွေက နည်းသွားပါတယ်။ သန္ဓေသားကျန်းမာနေဖို့အတွက် မိခင်ရဲ့ခန္ဓာကိုယ်မှာ T- cell တွေ ထွက်လာပါတယ်။
အဲဒီ T cell တွေက အမေရဲ့ခန္ဓာကိုယ်ထဲမှာ ၅ နှစ်ခန့်အထိ ရှိနေပြီး နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါတယ်။
၅။ ကလေးနဲ့ ရင်းနှီးမှု ပိုရလာခြင်း
ကလေးမွေးဖွားပြီးပေမယ့်လည်း အမေနဲ့ ကလေးရဲ့ ခန္ဓာကိုယ်ချင်း ဆက်သွယ်မှုတွေက မရပ်တန့်သွားပါဘူး။ ကလေးရဲ့ဆဲလ်တွေက မိခင်ရဲ့ခန္ဓာကိုယ္ထဲမှာ ကျန်ရှိနေပြီး မိခင်နဲ့ကလေးကြားက ဆက်သွယ်မှုတွေက ပိုမိုရင်းနှီးလာပါတယ်။
ဒါပေမယ့် ယောကျ်ားလေးမွေးဖွားထားတဲ့ အမျိုးသမီးတွေမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေ လျော့ကျသွားပါတယ်။
၆။ ခန္ဓာကိုယ်မှာ အားသစ်တွေရလာခြင်း
သန္ဓေသားဆဲလ်တွေက ကိုယ်ဝန်ဆောင်မိခင်အတွက် အနာကျက်မြန်စေပြီး ဆိုးရွားတဲ့ရောဂါတွေကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။ အသက်ကြီးမှ ကလေးမွေးဖွားတဲ့အမျိုးသမီးတွေက တစ်ခါမှ ကလေးမမွေးဖွားဖူးတဲ့ အမျိုးသမီးတွေထက် အသက်ပိုရှည်ပါတယ်။
၇။ ကင်ဆာဖြစ်နိုင်ချေ လျော့ကျသွားခြင်း
အသက်ငယ်ရွယ်တဲ့အချိန်မှာ ကလေးမွေးဖွားထားတဲ့ အမျိုးသမီးဟာ သားအိမ်ကင်ဆာဖြစ်နိုင်ချေ လျော့ကျသွားပါတယ်။ အသက် ၂၅ နှစ်မတိုင် ကလေးမွေးဖွားပြီး နို့တိုက်တဲ့အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေလည်း နည်းပါးသွားပါတယ်။
Zombie (lovemedia)
0 Comments