ကိုယ်အလေးချိန်က တက်တဲ့အခါ လွယ်လွယ်ကူကူ တက်ပေမယ့် ကျတဲ့အခါမှာတော့ ခက်ခက်ခဲခဲပဲ ကျပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားပြီး လေ့ကျင့်ခန်းကို ဇွဲရှိရှိလုပ်နိုင်တဲ့အခါ ကိုယ်အလေးချိန် ကျဖို့ဆိုတာ မခက်ခဲပါဘူး။
ဒီနေ့မှာတော့ ကမ္ဘာပေါ်က နာမည်ကြီး celebrities တွေပြောပြတဲ့ ကိုယ်အလေးချိန်လျှော့ချနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Adele
Adele က ကိုယ်အလေးချိန်ချဖို့အတွက် မနက်ပိုင်းမှာ အလေး မ တာကို ပြုလုပ်ပါတယ်။ နေ့လယ်ဘက်မှာ တောင်တက်တာ သို့မဟုတ် လက်ဝှေ့ထိုးတာကို ပြုလုပ်လေ့ရှိပြီး ညပိုင်းမှာတော့ cardio လေ့ကျင့်ခန်းတွေ ပြုလုပ်ပါတယ်။
ဒါ့အပြင် Adele က Pilate ကစားရတာကို သဘောကျသူလည်း ဖြစ်ပါတယ်။ သကြားစားသုံးမှုကို လျှော့ချလိုက်ပြီးနောက် ကိုယ်အလေးချိန်က သိသိသာသာ ကျလာကြောင်း အင်တာဗျူးတစ်ခုမှာ ပြောပြဖူးပါတယ်။
၂။ Rebel Wilson
Rebel Wilson က စိတ်ခံစားချက်တွေကြောင့် အစားအသောက်ကို မထိန်းနိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Rebel Wilson က ကိုယ်အလေးချိန် ပေါင် ၈၀ ကို ချနိုင်ခဲ့ပါတယ်။ သူမတော့ Mayr နည်းလမ်းကို ပြုလုပ်ခဲ့ပါတယ်။
ကယ်လိုရီတွေကို မထည့်သွင်းဘဲ စားတဲ့အစားအစာကို သေသေချာချာ ဖြည်းဖြည်းချင်း ဝါးစားရမှာပါ။ မနက်စာကို များများစားပြီး ညစာကိုတော့ နည်းနည်းပဲ စားရပါတယ်။ Rebel Wilson က လမ်းလျှောက်တာ၊ တရားထိုင်တာကို သဘောကျပါတယ်။
၃။ Jonah Hill
Jonah Hill က ၂၀၁၁ ခုနှစ်မှာ ကိုယ်အလေးချိန် ပေါင် ၄၀ ချနိုင်ခဲ့တာပါ။ ဆူရှီတစ်မျိုးတည်းစားပြီး ကိုယ်အလေးချိန်လျှော့ချခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ချနည်းကို ရွေးချယ်ခဲ့ပါတယ်။
အသီးအရွက်၊ အသီးအနှံ၊ ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို များများစားပါတယ်။ ဒါ့အပြင် နေ့စဉ်အပြေးလေ့ကျင့်ခန်းကိုလည်း ပြုလုပ်ပါတယ်။
၄။ Melissa McCarthy
"ဝရတဲ့ ဘဝကို ငြီးငွေ့လာတဲ့အခါမှာ ကိုယ်အလေးချိန်လျှော့ချချင်စိတ်တွေ တကယ်ဖြစ်လာတယ်" လို့ Melissa McCarthy က ဆိုပါတယ်။ သူမကတော့ ညဘက်ကို အိပ်ရေးဝအောင် အိပ်လေ့ရှိပါတယ်။
ရေများများသောက်တာကြောင့် ကိုယ်အလေးချိန် ကျလာတဲ့အပြင် အသားအရေလည်း လှလာပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကို လျှော့နိုင်သမျှ လျှော့ချလိုက်တာက Melissa McCarthy ကိုယ်အလေးချိန် ကျသွားရခြင်းရဲ့ လျှို့ဝှက်ချက်ပါပဲ။
၅။ Chris Pratt
Chris Pratt ရဲ့ဇနီးဟောင်းက ဟင်းချက်ကောင်းတာကြောင့် ကိုယ်အလေးချိန်ကျဖို့ ခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစားအသောက်ကို ထိန်းပြီး လေ့ကျင့်ခန်းတွေ စတင်လုပ်ပါတော့တယ်။ ပြေးတာ၊ ရေကူးတာ၊ လက်ဝှေ့ထိုးတတို့ကို ပြုလုပ်ပါတယ်။
တစ်ရက်ကို ကယ်လိုရီ ၄၀၀၀ ခန့်စားပြီး ရေကိုအများကြီး သောက်ပါတယ်။ ၆ လအတွင်းမှာ ပေါင် ၆၀ ကျသွားခဲ့ပါတယ်။ ကယ်လိုရီနည်းပြီး ပရိုတိန်းများများပါဝင်တဲ့အစားအစာတွေကို စားတာက Chris Pratt ရဲ့နည်းလမ်းပါပဲ။
၆။ Drew Barrymore
Drew Barrymore က မနက်အိပ်ရာထတာနဲ့ သံပုရာရည်တစ်ခွက်ကို သောက်ပါတယ်။ မနက်စာအတွက် ထောပတ်သီးနဲ့ ပေါင်မုန့်ကို စားပါတယ်။ မိသားစုတွေနဲ့ အတူတူစားတဲ့အခါမှာတော့ ကြက်ဥနဲ့ သစ်သီးတွေကိုပဲ စားလေ့ရှိပါတယ်။
တစ်ခါတရံမှာတော့ ပန်ကိတ်စားတယ်လို့ Drew Barrymore က ပြောပါတယ်။ ဒါ့အပြင် မနက်ပိုင်းမှာ လေ့ကျင့်ခန်းနဲ့ အကကို တွဲပြီးလုပ်တာကြောင့် ကိုယ်အလေးချိန်က မြန်မြန်ဆန်ဆန်ကျသွားခဲ့ပါတယ်။
Zombie (lovemedia)
0 Comments