ကြောင်လေးတွေအတွက် အဆင်ပြေစေဖို့ ကြောင်သဲရွေးချယ်ရတာက မလွယ်ကူပါဘူး။ အနံ့တွေကို စုပ်ယူဖို့၊ အကုန်အကျသက်သာစေဖို့ စတဲ့အချက်တွေနဲ့ ဝယ်ရတာဖြစ်တာကြောင့် ကြောင်ပိုင်ရှင်တွေအတွက် စဉ်းစားရခက်စေမှာပါ။
အဲဒါကြောင့် ကြောင်လေးတွေအတွက် ကြောင်သဲကို ဘယ်လိုရွေးချယ်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
ဘက်တီးရီးယားပိုးနဲ့ ဆွေးမြည့်စေနိုင်တဲ့ ကြောင်သဲ
ဒီအမျိုးအစားကြောင်သဲကိုတော့ လွှစာ၊ ထင်းရှူး စတဲ့သဘာဝ အပင်တွေကနေ ထုတ်လုပ်ထားတာပါ။ ရနံ့မွှေးပြီးသားဖြစ်တာကြောင့် ဓာတုရနံ့တွေ ထပ်သုံးစရာမလိုတော့ပါဘူး။
သစ်သားက ကြောင်ရဲ့အနံ့အသက်တွေကို ကောင်းကောင်းစုပ်ယူပေးနိုင်ပါတယ်။ အရည်နဲ့ထိတွေ့တဲ့အခါမှာ လွှစာအဖြစ်ပြောင်းလဲသွားပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်တော့ပါဘူး။
ရွှံ့ကြောင်သဲ
ရွှံ့နဲ့ပြုလုပ်ထားတဲ့ကြောင်သဲက အရည်တွေကို သေချာစုပ်ယူပေးနိုင်ပါတယ်။ ကြောင်ပိုင်ရှင်တွေအတွက် သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူသွားစေပါတယ်။
ဒါပေမယ့် အနံ့အသက်ဆိုးတွေကို မထိန်းနိုင်တာကြောင့် အနံ့ဆိုးတွေမထွက်အောင် ဓာတုရနံ့ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ရွှံ့ကြောင်သဲက ပိုပြီး သဘာဝဆန်တာကြောင့် ကြောင်လေးတွေက ပိုသဘောကျပါတယ်။
ဆီလီကာဂျယ်လ်ကြောင်သဲ
ဆီလီကာဂျယ်လ်ကြောင်သဲက အစိုဓာတ်နဲ့ အနံ့ဆိုးတွေကို စုပ်ယူမှု အရမ်းကောင်းပါတယ်။ အနံ့ဆိုးတွေ မထွက်အောင်အချိန်ကြာကြာ ထိန်းပေးထားနိုင်ပါတယ်။
အထုပ်တစ်ထုပ်မှာ ၅ ပေါင်ခန့် အလေးချိန်ရှိတာကြောင့် တစ်လခန့် အသုံးပြုဖို့ လုံလောက်ပါတယ်။ ကြောင်ရဲ့အညစ်အကြေးတွေ ရှိလာတဲ့အခါ စွန့်ပစ်ရတာလည်း အရမ်းလွယ်ကူပါတယ်။
ဆီလီကာဂျယ်လ်ရဲ့သက်တမ်း ကုန်လာတဲ့အခါမှာတော့ အနံ့တွေ ထွက်လာပြီး အရောင်လည်း စတင်ပြောင်းလာပါတယ်။ ကြောင်သဲက အဖြူရောင်ကနေ အဝါရောင်ပြောင်းလာရင် မသုံးသင့်တော့ပါဘူး။
Zombie (lovemedia)
0 Comments