တွဲခဲ့သမျှရည်းစားဟောင်းတွေကို မင်္ဂလာဆောင်ကို ဖိတ်ပြီး စားပွဲတစ်ဝိုင်းထဲမှာ စုထိုင်ခိုင်းတဲ့ သတို့သမီး

ရည်းစားဟောင်းတွေဆိုတာ ဘယ်တော့မှ မပတ်သက်သင့်တော့တဲ့လူတွေထဲမှာ ပါဝင်ပါတယ်။


ဒါပေမယ့် တရုတ်နိုင်ငံက သတို့သမီးတစ်ယောက်ကတော့ တွဲခဲ့သမျှ ရည်းစားဟောင်းတွေအားလုံးကို သူမရဲ့မင်္ဂလာဆောင်ကို ဖိတ်ပြီး စားပွဲတစ်ဝိုင်းထဲမှာ ထိုင်ခိုင်းပါတယ်။


ဒီဗွီဒီယိုကိုတော့ တရုတ်နိုင်ငံအတွင်းမှာသာမက ဆိုရှယ်မီဒီယာတစ်ခွင်မှာ ပျံ့နှံ့သွားပါတယ်။ အဆိုးဆုံးမင်္ဂလာပွဲဆိုတဲ့ ခေါင်းစဉ်နဲ့အတူ လူအများရဲ့ဝေဖန်မှုတွေကို ရခဲ့တဲ့ဗွီဒီယိုပါ။


သတို့သမီးကတော့ သူတွဲခဲ့သမျှ ရည်းစားဟောင်းတွေကို ဖိတ်ခဲ့တာပါ။ စားပွဲမှာလည်း ရည်းစားဟောင်းများအတွက်စားပွဲ လို့ရေးထားပါတယ်။


သတို့သမီးရဲ့ ရည်းစားဟောင်း ၅ ယောက်ခန့်က အဲဒီစားပွဲတစ်ဝိုင်းထဲမှာပဲ စုထိုင်ကြရပါတယ်။ ရည်းစားဟောင်းတွေရဲ့မျက်နှာက အလွန်ပျက်နေပြီး နေရထိုင်ရခက်နေကြပါတယ်။


ရည်းစားဟောင်းတွေအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ဖိတ်နိုင်လို့ သတို့သမီးကို အချို့ကတော့ သဘောကျနေကြသလို အချို့ကလည်း သတို့သမီးကို အလွန်အမင်း ဝေဖန်နေကြပါတယ်။



Zombie (lovemedia)

Post a Comment

0 Comments