ကလေးတွေကို ဘယ်အရွယ်ကနေစပြီး ရေတိုက်သင့်လဲ

အသစ်စက်စက်မေမေတွေအတွက် မွေးကင်းစကလေးတွေကို ရေတိုက်သင့်လားဆိုတာ ဇဝေဇဝါဖြစ်နေမှာပါ။

မွေးကင်းစကနေ လအနည်းငယ်ကြာတဲ့အထိ မိခင်နို့ သို့မဟုတ် နို့မှုန့်ကိုသာ တိုက်ကျွေးသင့်ပါတယ်။ ဒါပေမယ့် မေမေတွေက ကလေးတွေ ရေဆာမှာကိုလည်း တွေးပူမိတတ်ကြပါတယ်။


ကလေးတွေကို အသက် ၆ လကျော်မှသာ ရေတိုက်သင့်ပါတယ်။ မွေးကင်းစအရွယ်မှာ မိခင်နို့ကရတဲ့အာဟာရတွေက ကလေးရဲ့ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် လုံလောက်ပါတယ်။


အဲဒါကြောင့် အသက် ၆ လမတိုင်ခင် ကလေးတွေကို ရေမတိုက်သင့်သေးပါဘူး။ ကလေးတွေကို အသက် ၆ လမတိုင်ခင် ရေတိုက်ရင် ဗိုက်မဆာတော့ဘဲ ကိုယ်အလေးချိန်လည်း ကျလာမှာပါ။ အာဟာလည်း နည်းပါးလာမှာပါ။


ကလေးအတွက် နို့မှုန့်ကိုလည်း ရိုးရိုးရေနဲ့ ရောပြီး မတိုက်သင့်ပါဘူး။ အသက် ၆ လအောက် ကလေးတွေကို နို့မှုန့်တိုက်မယ်ဆိုရင် ဆရာဝန်နဲ့ ညွှန်ကြားချက်နဲ့သာ တိုက်သင့်ပါတယ်။


အသက် ၆ လအောက် ကလေးတွေကို ရေမတိုက်သင့်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ကလေးရဲ့ဗိုက်ကို အလွယ်တကူပြည့်သွားစေပါတယ်။ ကလေးကို ရေအများကြီးတိုက်ရင် ကျောက်ကပ်ကို ထိခိုက်စေတာကြောင့်ပါ။


အရမ်းငယ်တဲ့ကလေးတွေကို ရေတိုက်တာကြောင့် ကိုယ်အပူချိန်က တစ်ရှိန်တိုးမြင့်လာတာ၊ အိပ်ငိုက်တာ၊ ခန္ဓာကိုယ်ရောင်ရမ်းတာ၊ ဝမ်းပျက်ဝမ်းလျှောတာတို့ ဖြစ်ပေါ်စေပါတယ်။


ရာသီဥတု ပူတဲ့နေ့တွေမှာတောင် ကလေးတွေကို ရေတိုက်ဖို့ မလိုအပ်ပါဘူး။ မိခင်နို့နဲ့ နှို့မှုန့်တို့က ကလေးကို ရေဓာတ်ပြည့်ဝစေပြီးသားပါ။


ဒါပေမယ့် ကလေးက ဝမ်းချုပ်နေတယ်ဆိုရင် ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်း တစ်နေ့ကို ရေ နှစ်အောင်စခန့် တိုက်လို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments