ကလေးတွေ ဝမ်းချုပ်တဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာတွေနဲ့ သက်သာစေမယ့်နည်းလမ်းလေးများ

ကလေးတွေ ဝမ်းချုပ်တဲ့အခါ မိဘတွေလည်း မပျော်ရွှင်ရပါဘူး။ အချို့သောကလေးတွေက ဝမ်းချုပ်နေတဲ့အကြောင်းကို မပြောပြတတ်ကြပါဘူး။

ကလေးတွေ ဝမ်းချုပ်တဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာတွေနဲ့ သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခြောက်သွေ့ပြီး မာကြောနေခြင်း

ကလေးတွေ ဝမ်းချုပ်တဲ့အခါ အလေးက ရွှံခဲလို မာကြောခြောက်သွေ့နေတတ်ပါတယ်။ နို့မှုန့်သောက်တဲ့ကလေးတွေမှာလည်း ဝမ်းချုပ်တတ်ပါတယ်။

မွေးကင်းစကနေ အသက် ၄ လအရွယ်ကလေးတွေက ပျမ်းမျှအားဖြင့် တစ်ရက်ကို ၃ ကြိမ်ကနေ ၄ ကြိမ်အထိ ဝမ်းသွားတတ်ကြပါတယ်။ ကလေးတွေကို အစာမာ စတင်ကျွေးပြီးနောက်ပိုင်းမှာတော့ ဝမ်းသွားတာ တစ်ရက်ကို တစ်ကြိမ်ခန့်က ပုံမှန်ပါပဲ။

၂။ အချိန်ကြာခြင်း

မွေးကင်းစကလေးတွေမှာလည်း အချိန်ကြာကြာ ဝမ်းချုပ်တတ်ကြပါတယ်။ မွေးကင်းစ ကလေးတွေက တစ်ရက်ကို တစ်ခါမျှ အလေးမသွားတဲ့အခါမှာတော့ ဂရုစိုက်ပြီး ကြည့်ရှုပေးသင့်ပါတယ်။

နို့တိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ နှို့မှုန့်တိုက်တာပဲဖြစ်ဖြစ် တစ်ခုခု မှားယွင်းနေနိုင်ပါတယ်။ ကလေးက လုံလုံလောက်လောက် နို့မစို့တဲ့အခါ၊ ပြည့်ပြည့်ဝဝ မစားတဲ့အခါမှာလည်း ဝမ်းချုပ်တဲ့အချိန်က ကြာရှည်နေတတ်ပါတယ်။

၃။ ဝမ်းသွားတဲ့အခါ ခက်ခဲခြင်း

မွေးကင်းစကလေးတွေမှာ ဝမ်းချုပ်ရင် ဝမ်းသွားတဲ့အခါ အခက်အခဲတွေ့နိုင်ပါတယ်။ ဝမ်းသွားရတာခက်တာကြောင့် စအိုနံရံတွေက အားစိုက်ထုတ်လာရပြီး သွေးထွက်လာတတ်ပါတယ်။ ဝမ်းသွားတဲ့အခါမှာလည်း သွေးစလေးတွေ ပါဝင်လာပါတယ်။

၄။ ဝမ်းဗိုက်ကို ထိလိုက်ရင် နာကျင်ခြင်း

ကလေးတွေ ဝမ်းချုပ်တဲ့အခါ ဝမ်းဗိုက်ကို ထိလိုက်ရင် နာကျင်ပြီး ငိုတတ်ပါတယ်။ ဝမ်းဗိုက်ထဲမှာ နေရခက်နေတာကြောင့် ဝမ်းဗိုက်ကို ထိလိုက်ရင် နာလာပါတယ်။ ကလေးရဲ့ ဝမ်းဗိုက်ကလည်း တင်းပြီး ဖောင်းနေတတ်ပါတယ်။

ကလေးတွေ ဝမ်းချုပ်ရတဲ့အကြောင်းအရင်းများ

နို့မှုန့်သောက်တဲ့ကလေးတွေက ပိုပြီးတော့ ဝမ်းချုပ်တတ်ပါတယ်။ စားသောက်တဲ့အစားအစာပေါ်မှာ မူတည်ပြီးတော့လည်း ဝမ်းချုပ်တာကို ခံစားရတတ်ပါတယ်။ အာဟာရမျှတတဲ့အခါ ဝမ်းချုပ်တာက နည်းပါးလာမှာပါ။

အသက် ၆ လကျော်ကလေးတွေ ဝမ်းချုပ်တဲ့အခါ အသီးအနှံ၊ အသီးအရွက်တို့ကို များများကျွေးနိုင်ပါတယ်။ သစ်သီးဖျော်ရည်နဲ့ရေများများတိုက်တာ ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments