အမျိုးသားတွေရဲ့ အမြင်နဲ့ အမျိုးသမီးတွေရဲ့ အမြင်က လုံးဝကို ကွဲပြားခြားနားနေတတ်ပါတယ်။ အမျိုးသမီးတွေ ကြိုက်နှစ်သက်သဘောကျတဲ့အရာတွေကို အမျိုးသားတွေရဲ့ မျက်လုံးထဲမှာတော့ စိတ်ရှုပ်စရာလို့ ထင်နေတတ်ပါတယ်။
မျက်နှာမှာ အမာရွတ်ရှိနေတာကို ဘယ်သူကမှ သဘောကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေက မျက်နှာမှာ အမာရွတ်ရှိတဲ့အမျိုးသားတွေကို ပိုစိတ်ဝင်စားတတ်ပါတယ်။
မျက်နှာပေါ်က အမာရွတ်ဟာ ရဲရင့်ခြင်းရဲ့အမှတ်အသားပါ။
အလှအပအမြင်နဲ့ ကြည့်ရင် မျက်နှာမှာ အမာရွတ်ရှိနေတာက ကြည့်မကောင်းဘူး ထင်ရပါလိမ့်မယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ အမြင်မှာတော့ မျက်နှာမှာ အမာရွတ်ရှိတဲ့အမျိုးသားဟာ ရဲရင့်ခြင်း၊ ရင့်ကျက်ခြင်း၊ သတ္တိရှိခြင်းနဲ့ ပြည့်စုံတယ်၊ ယောကျ်ားပီသတယ်လို့ ယူဆကြပါတယ်။
စစ်တမ်းတွေအရ အမျိုးသမီးတွေဟာ စင်းလုံးချော ခန့်ညားနေတဲ့အမျိုးအသားကိုလည်း သဘောမကျပါဘူး။
အမာရွတ်ရှိရင် ညှို့ဓာတ်ပါတယ်လို့ အမျိုးသမီးတွေက ယူဆကြပါတယ်။
အမျိုးသမီးတွေရဲ့ စိတ်ထဲမှာတော့ မျက်နှာမှာ အမာရွတ်ရှိတဲ့ အမျိုးသားဟာ ညှို့ဓာတ်အပြည့်ရှိသူပါ။ မျက်နှာမှာ ဘာအမာရွတ်မှမရှိတဲ့ အမျိုးသားနဲ့ အမာရွတ်အနည်းငယ်ရှိတဲ့ အမျိုးသားတို့ကို ယှဉ်ကြည့်မယ်ဆိုရင်
အမာရွတ်ရှိတဲ့သူကိုသာ အာရုံစိုက်ပြီး ပိုကြည့်ပါတယ်။ မျက်နှာပေါ်က အမာရွတ်က အမျိုးသားတွေကို ပိုမိုဆွဲဆောင်မှုရှိစေတဲ့အရာပါပဲ။
အမာရွတ်ပါတဲ့မင်းသားတွေကိုလည်း အမျိုးသမီးတွေက သဘောကျပါတယ်။
ခန့်မှန်းရခက်တဲ့အမျိုးသမီးတွေရဲ့စိတ်မှာ ဂျစ်ကန်ကန်ကောင်လေးတွေကိုလည်း နှစ်သက်ကြပါတယ်။ ဂျစ်ကန်ကန်ကောင်လေးတွေမှာ အမာရွတ်လေးတွေက ရှိနေတတ်တာကြောင့်လည်း အလိုလိုနေရင်းနဲ့ ဆွဲဆောင်မှုရှိနေပါတယ်။
ဒါ့အပြင် မျက်နှာက အမာရွတ်တွေကို မဖုံးကွယ်ဘဲ သဘာဝကျကျ သရုပ်ဆောင်တဲ့မင်းသားတွေကလည်း ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ အောင်မြင်လေ့ရှိကြပါတယ်။
Zombie (lovemedia)
0 Comments