ဒေါ်လာသန်းချီတန်သော ၁၀ စက္ကန့်

တနေ့မှာ ပန်းချီဆရာကြီး ပီကာဆိုတယောက် လမ်းလျောက်နေရင်း ပီကာဆိုမှန်း သတိပြုမိတဲ့ အမျိုးသမီးတယောက်က အပြေးအလွှား လာနှုတ်ဆက်တယ်။

"ကျမဟာ ဆရာကြီးရဲ့ ပရိတ်သတ် တယောက်ပါ။ ဆရာကြီးရဲ့ ပန်းချီတွေကို အရမ်းနှစ်သက်ပါတယ်။ ကျမအတွက် အမှတ်တရ ပန်းချီကားလေးတချပ် ဆွဲပေးပါလား" လို့ တောင်းပန်လိုက်တယ်။

ပီကာဆိုက တချက်ပြုံးလိုက်ပြီး "ငါမှာ ပန်းချီးဆွဲဖို့ ဘာမှ ပါမလာဘူး။ နောက်တနေ့ အခွင့်သင့်မှ ဆွဲပေးမယ်" လို့ ပြန်ပြောလိုက်တယ်။

ဒါပေမဲ့ ဟိုအမျိုးသမီးက အနားက မခွာပဲ "အခုပဲ အဆင်ပြောတာနဲ့ ဆွဲပေးပါ။ နောက်တကြိမ် ကြုံဖို့ဆိုတာ ဘယ်တော့မှန်း မသေချာလို့ပါ" ဆိုပြီး အတင်း ပေကပ်နေတယ်တဲ့။

အဲဒါနဲ့ ပီကာဆိုလည်း မနေသာပဲ သူ့ အိပ်ကပ်ထဲက စာရွက်ပိုင်းလေးထဲမှာ ပုံတပုံ ဆွဲပေးလိုက်တယ်။ သူဆွဲလိုက်တာ ၁၀ စက္ကန့် လောက်ပဲ ကြာတယ်။ ပြီးတော့ ပီကာဆိုက "ဒီပုံကိုယူသွား ဒီပုံဟာ မီလီယံ ဒေါ်လာနဲ့ ချီပြီး တန်တယ်" လို့ ပြောလိုက်တယ်။

အမျိုးသမီးလည်း အံသြပြီး မယုံနိုင်အောင် ဖြစ်နေတာပေါ့။ ၁၀ စက္ကန့်လောက်နဲ့ ဆွဲလိုက်တဲ့ ပန်းချီက ဒေါ်လာမီလီယံနဲ့ ချီပြီး တန်တယ် ဖြစ်နိုင်ပါ့ မလားပေါ့။

အဲဒါ အိမ်ရောက်တော့လည်း ပီကာဆိုက သူ့ကို နောက်လိုက်တယ်ပဲ ထင်နေတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး အဲဒီပန်းချီးလေးကိုင်ပြီး ပန်းချီ ပြခန်း တွေမှာ လိုက်မေးတယ်။ သူမ မယုံကြည့်နိုင်လောက် သိလိုက်ရတာက အဲဒီ ၁၀ စက္ကန့်နဲ့ ဆွဲလိုက်တဲ့ ပန်းချီလေးဟာ ဒေါ်လာမီလီယံနဲ့ ချီပြီး တန်နေတယ်တဲ့။

အဲဒါနဲ့ သူမဟာ နောက်တကြိမ် ပီကာဆိုကို မတွေ့တွေ့အောင် ရှာပြီး တွေ့တာနဲ့ "ဆရာကြီးရှင့် ဆရာကြီး ပြောလိုက်တဲ့ အတိုင်းပါပဲ ဆရာကြီးရဲ့ ပန်းချီအပိုင်းအစလေးဟာ ဒေါ်လာမီလီယံနဲ့ ချီပြီး တန်နေတယ်"

ပြီးတော့ သူမက ဆက်ပြီး "ကျမ ဆရာကြီးရဲ့ တပြည့်ဖြစ်ပါရစေ။ ကျမကို ဆရာကြီးလို ဖြစ်အောင် အချိန်တိုတိုအတွင်းမှာ တတ်အောင် သင်ကြားပေးပါ" ဆိုပြီး တောင်းဆိုလိုက်တယ်။

ပီကာဆိုက ခပ်သာသာ ပြုံးလိုက်ပြီး "သမီးငယ်ရေ ဒါမျိုး ၁၀ စက္ကန့်နဲ့ ဒေါ်လာမီလီယံနဲ့ ချီပြီး တန်တဲ့ ပန်းချီ ဆွဲတတ်ဖို့ ငါ့ ဘဝ တခုလုံး ရင်းခဲ့ရတယ်။ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုပေါင်း များစွာခံပြီးမှ ဒါမျိုးဆွဲတတ်လာတာပါ။

မင်းရဲ့ ဘဝ တခုလုံးရင်းပြီး ဒီလို အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုတွေကို ခံနိုင်မယ်ဆိုရင်တော့ ငါကလည်း သင်ပေးဖို့ အသင့်ပါ" လို့ ပြန်ပြောလိုက်တယ်။

ပီကာဆိုက ၁၀ စက္ကန့်နဲ့ ဒေါ်လာ မီလီယံနဲ့ ချီပြီးတန်တဲ့ ပန်းချီကား ဆွဲခဲ့တာ အရမ်းလွယ်မယ် ထင်ခဲ့တဲ့ အမျိုးသမီးဟာ ပါးစပ် အဟောင်းသား ဖြစ်နေတာပေါ့။ လူတော်တော်များများဟာ တခြားသူတယောက် အောင်မြင်ကြီးပွားနေတာ တွေ့ရင် သူတို့လို့ပဲ အောင်မြင် ကြီးပွား ချင်ကြတယ်။

ဒါပေမဲ့ အဲဒီ အောင်မြင်ကြီးပွားသူတွေ ဘယ်လို အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာ သိပ်စိတ်မဝင်စားကြဘူး။

ပီကာဆိုရဲ့ ဘဝကို လေ့လာကြည့်ရင် သူဟာ အသက် ၉၁ နှစ်မှာ ကွယ်လွန်ခဲ့တယ်။ သူဟာ ပန်းချီကားနဲ့ အနုပညာလက်ရာပေါင်း ၂ သောင်း ၆ ထောင် ကျော် (၂၆၀၇၅ ခု) ဆွဲခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။

သူဟာ အသက် ၂၀ အရွယ်မှာ တန်းဝင် ပန်းချီဆရာတယောက် ဖြစ်တယ် ဆိုပါစို့။ အသက် ၂၀ အရွယ်က နေ အသက် ၉၁ နှစ်အရွယ်ထိ နှစ်ပေါင်း ၇၁ နှစ်အတွင်း ရက်ပေါင်း ၂၅၉၁၅ ရက် နေသွားတယ်။

သူဆွဲခဲ့တဲ့ ပန်းချီပေါင်းက ၂ သောင်း ၆ ထောင်ကျော်ဆိုတော့ တရက်ကို တန်းဝင် ပန်းချီကား အသစ် တခုမက ဆွဲခဲ့တယ်လို့ ယေဘုယျ တွက်ကြည့်လို့ ရပါတယ်။

စဉ်းစားကြည့်ရင် အံသြစရာ သူရဲ့ လုပ်အားနှုန်းကို တွေ့ရတယ်။ အခုခေတ် ပန်းချီဆရာတွေဟာ သူ့ရဲ့ ကျော်ကြားမှုနဲ့ သူ့လက်ရာတွေ မီဖို့ကို မဆိုထားနဲ့ သူ့လို တနေ့ ပန်းချီးကားတခု ပြီးအောင် ဆွဲနိုင်မလားဆိုတာ မေးစရာ မေးခွန်းရှိပါတယ်။ ဒီစာကို Stephen King ရဲ့ အဆိုအမိန့်လေးနဲ့ အဆုံးသတ်ချင်ပါတယ်။

Talent is cheaper than table salt. What separates the talented individual from the successful one is a lot of hard work. Stephen King ပါရမီ ဆိုတာ စားပွဲပေါ်က ဆားထက် ပေါပါသေးတယ်။ ပါရမီရှင်နဲ့ အောင်မြင်သူကို အလုပ်ကြိုးစားမှုတွေကသာ ပိုင်းခြားသွားတာပါတဲ့။ စတီဗင် ကင်း။

ဆိုလိုချင်တာက ကျနော်တို့တွေ အရပ်ထဲမှာ ပြောကြတယ်။ သူက သီချင်းဆို အရမ်းကောင်းတယ်။ သီချင်းဆိုတာ ပါရမီရှိတယ်။ ဒါပေမဲ့ အဲဒီတယောက်ဟာ အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်ချင်မှ ဖြစ်လာတာပါ။ ဆက်ပြီး အဆိုတော်တယောက်ဖြစ်အောင် ကြိုးစားအားထုတ်မှသာ အဆိုတော် တယောက် ဖြစ်လာမှာပါ။

ပီကာဆိုဟာ ၁၀ စက္ကန့်သာ ဆွဲရတဲ့ မီလီယံဒေါ်လာတန် ပန်းချီကားရဖို့ သူ့ဘဝတခုလုံး နှစ်ပြီး ကြိုးစားခဲ့ရတာ။ ကမ္ဘာကျော် ပန်းချီဆရာကြီးဖြစ်ဖို့ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုပေါင်း များစွာခံပြီး ကြိုးစားခဲ့ရတာ။

ဒါကြောင့် ဘဝမှ ဘယ်လိုအခက်အခဲတွေကြုံကြုံ စိတ်ပျက်ဝမ်းနည်းမှုတွေ ကြုံကြုံ ပီကာဆိုရဲ့ အလုပ်ကြိုးစားမှု အကြောင်းလေးကို သတိရပြီး အားတင်းပါ။ ကိုယ်လက်ရှိ လုပ်နေတာထက် နှစ်ဆတိုးပြီး ကြိုးစားကြည့် လိုက်ပါအုံး။

ဒါဆိုရင် ကိုယ်ဟာ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ တဖြေးဖြေး နီးလာနေပြီဆိုတာ ကြိမ်းသေနေပြီပေါ့။ Value of Painting or Hard work ကို အောင် ပြန်ဆိုပါသည်။ Search myanmar

Post a Comment

0 Comments