တနေ့မှာ ဘုရင်တပါးက ဥယျာဉ်ထဲကို ဆင်းကြည့် ပါတယ်။ သူ့ဥယျာဉ်ထဲက သစ်ပင် အများစုက ညှိုးနွမ်းနေတာကို တွေ့ရပါတယ်။ ဘုရင်ကြီးက တပင်စီကို လေ့လာကြည့်ပြီး မေးလိုက်တယ်။
ထိုအခါ သစ်ပုပ်ပင်က သူဟာ ထင်းရှုးပင်လောက် မမြင့်နိုင်လို့ ညှိုးနွမ်းနေတယ် လို့ ပြောပါတယ်။ ထင်းရှုးပင် ကတော့ စပျစ်သီးပင်လို မသီးနိုင်တာကြောင့် ညှိုးနွမ်းနေ ပါသတဲ့။ စပျစ်ပင် ကျတော့ နှင်းဆီလို မပွင့်ပေးနိုင်လို့ ညှိုးနွမ်းနေတယ် ဆိုပြီး ပြောပါတယ်။
ဒါပေမယ့် မြက်ပင်များ ကတော့ စိမ်းလန်း ရှင်သန်နေတာကို တွေ့တာကြောင့် ဘုရင်ကြီးက မေးလိုက်တော့ "ကျွန်တော် ကတော့ သဘာဝကျကျပဲ စဉ်းစားပါတယ်။
ရှင်ဘုရင်ကြီး ကျွန်တော်တို့ကို စိုက်ထားတာ ထင်းရှုးပင်လို မြင့်စေချင်လို့ မဟုတ်ပါဘူး။ စပျစ်ပင်လို အသီး သီးစေချင်လို့လည်း မဟုတ်ပါဘူး။ နှင်းဆီပင်လို အပွင့် ပွင့်စေချင်လို့လည်း မဟုတ်ပါဘူး။
ရှင်ဘုရင်ကြီး ကျွန်တော်တို့ကို စိုက်ထားတာ မြက်ပင်မှန်း သိလို့ စိုက်ထားတာပါ။ ဒီတော့ ကျွန်တော်တို့ သဘာဝအတိုင်း အကောင်းဆုံး ရှင်သန်နေတာကို တွေ့ရင် ရှင်ဘုရင် စိတ်ချမ်းသာမယ်လို့ ထင်ပါတယ် လို့ လျှောက်လိုက်သတဲ့။
မိမိကိုယ်ကိုလည်း ပြန်ကြည့်လိုက်ပါ။ တခြားလူတယောက်နဲ့ တူဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ မိမိကိုယ် မိမိ လက်ခံပြီး အကောင်းဆုံး ကြိုးစားရှင်သန် နေထိုင်ခြင်းကသာ အပျော်ရွှင်ဆုံး ဘဝကို ပိုင်ဆိုင် ရရှိနိုင်မှာပါ။ Crd
Zawgyi
ကိုယ့်ဘဝနဲ့ကိုယ် ရှင်သန်ပါ
0 Comments