ဝံပုလွေနှင့် သမင်

တခါတုန်းက တောတခုထဲမှာ ဝံပုလွေတွေ၊ သမင်တွေ ရှိကြတယ်။ လူတွေက သမင်တွေကို အကာအကွယ် ပေးတဲ့အနေနဲ့ မုဆိုးတွေက ဝံပုလွေတွေကို အကုန် သုတ်သင်ပစ် ကြတယ်။ ဒီနည်းနဲ့ သမင်တွေကို ကာကွယ်နိုင်မယ်လို့ လူတွေက ထင်ခဲ့ကြတယ်။

အဖြစ်အပျက်က ပြောင်းပြန်ဗျို့။ နှစ်အတန်ကြာတော့ ဝံပုလွေတွေ မရှိတော့တာကြောင့် သမင်တွေဟာ အစာ စားပြီးတာနဲ့ မြက်ခင်းပေါ် လှဲအိပ်ပြီး နေပူဆာ လှုံတော့တာပေါ့။ ကောင်းကောင်း အနားယူတော့တာပေါ့။

အဲဒီမှာ သမင်တွေ ဝဖီးလာတော့တာ ပါပဲ။ သမင်ဝတုတ်တွေ ဖြစ်လာတယ်။ အသည်း အဆီဖုံး လာတယ်။ နှလုံးရောဂါ ဖြစ်လာတယ်။

သွေးတိုးရောဂါ ဖြစ်လာတယ်။ ခန္ဓာကိုယ်မှာ ရောဂါတွေ ထွေပြားလာတယ်။ တဖြည်းဖြည်းနဲ့ အသေအပျောက် များလာတယ်။

သမင်အုပ်စုကြီးဟာ တစတစ သေးငယ်သွားတယ်။ မျိုးတုံးလုခမန်းပါပဲ။ ဘယ့်နှယ်လုပ်ရပါ့။ ဆရာဝန် စေလွှတ်ပြီး ဆေးကုသပေးဖို့ ဆိုပြန်တော့လည်း ဘယ်သူက ဒီသမင်တွေကို ရေရှည် သွားကုပေးနိုင်မှာလဲ။

ဒီလိုနဲ့ အမျိုးမျိုး စဉ်းစားပြီးတော့မှ အကောင်းဆုံး နည်းလမ်းကို သွားတွေ့တယ်။ အဲဒါကတော့ ဝံပုလွေတွေကို ဝယ်ပြီး တောထဲ ပြန်လွှတ်ပေး လိုက်တယ်။ ဝံပုလွေတွေ ရောက်လာတာနဲ့ သမင်တွေကို စားတော့တာပေါ့။

သမင်တွေလည်း ပြေးရတော့တာပေါ့။ ဝံပုလွေက လိုက်၊ သမင်ကပြေးနဲ့ ကာလ တခုကြာတော့ သမင်တွေရဲ့ ခန္ဓာကိုယ်တွေဟာ လေ့ကျင့်သား ကျသွားတယ်။

သဘာဝလောကကြီးဟာ ဒီလိုပဲ အလွန်ကို ဆန်းကြယ်ပါတယ်။ အဲဒီလို အပြန်အလှန် ပြိုင်ဆိုင်ရင်းနဲ့ပဲ အသီးသီး တိုးတက်လာ ကြတာပါ။ Crd

Zawgyi

ဝံပုေလြႏွင့္ သမင္

တခါတုန္းက ေတာတခုထဲမွာ ဝံပုေလြေတြ၊ သမင္ေတြ ရွိၾကတယ္။ လူေတြက သမင္ေတြကို အကာအကြယ္ ေပးတဲ့အေနနဲ႔ မုဆိုးေတြက ဝံပုေလြေတြကို အကုန္ သုတ္သင္ပစ္ ၾကတယ္။ ဒီနည္းနဲ႔ သမင္ေတြကို ကာကြယ္ႏိုင္မယ္လို႔ လူေတြက ထင္ခဲ့ၾကတယ္။

အျဖစ္အပ်က္က ေျပာင္းျပန္ဗ်ိဳ႕။ ႏွစ္အတန္ၾကာေတာ့ ဝံပုေလြေတြ မရွိေတာ့တာေၾကာင့္ သမင္ေတြဟာ အစာ စားၿပီးတာနဲ႔ ျမက္ခင္းေပၚ လွဲအိပ္ၿပီး ေနပူဆာ လႈံေတာ့တာေပါ့။ ေကာင္းေကာင္း အနားယူေတာ့တာေပါ့။

အဲဒီမွာ သမင္ေတြ ဝဖီးလာေတာ့တာ ပါပဲ။ သမင္ဝတုတ္ေတြ ျဖစ္လာတယ္။ အသည္း အဆီဖုံး လာတယ္။ ႏွလုံးေရာဂါ ျဖစ္လာတယ္။ ေသြးတိုးေရာဂါ ျဖစ္လာတယ္။ ခႏၶာကိုယ္မွာ ေရာဂါေတြ ေထြျပားလာတယ္။ တျဖည္းျဖည္းနဲ႔ အေသအေပ်ာက္ မ်ားလာတယ္။

သမင္အုပ္စုႀကီးဟာ တစတစ ေသးငယ္သြားတယ္။ မ်ိဳးတုံးလုခမန္းပါပဲ။ ဘယ့္ႏွယ္လုပ္ရပါ့။ ဆရာဝန္ ေစလႊတ္ၿပီး ေဆးကုသေပးဖို႔ ဆိုျပန္ေတာ့လည္း ဘယ္သူက ဒီသမင္ေတြကို ေရရွည္ သြားကုေပးႏိုင္မွာလဲ။

ဒီလိုနဲ႔ အမ်ိဳးမ်ိဳး စဥ္းစားၿပီးေတာ့မွ အေကာင္းဆုံး နည္းလမ္းကို သြားေတြ႕တယ္။ အဲဒါကေတာ့ ဝံပုေလြေတြကို ဝယ္ၿပီး ေတာထဲ ျပန္လႊတ္ေပး လိုက္တယ္။ ဝံပုေလြေတြ ေရာက္လာတာနဲ႔ သမင္ေတြကို စားေတာ့တာေပါ့။

သမင္ေတြလည္း ေျပးရေတာ့တာေပါ့။ ဝံပုေလြက လိုက္၊ သမင္ကေျပးနဲ႔ ကာလ တခုၾကာေတာ့ သမင္ေတြရဲ႕ ခႏၶာကိုယ္ေတြဟာ ေလ့က်င့္သား က်သြားတယ္။ သဘာဝေလာကႀကီးဟာ ဒီလိုပဲ အလြန္ကို ဆန္းၾကယ္ပါတယ္။ အဲဒီလို အျပန္အလွန္ ၿပိဳင္ဆိုင္ရင္းနဲ႔ပဲ အသီးသီး တိုးတက္လာ ၾကတာပါ။ Crd

Post a Comment

0 Comments