ရှေးရှေးတုန်းက ကြောင်မလေးတကောင်ဟာ ချောမောလှပတဲ့ လူရွယ်တယောက်ကို ချစ်မိသွားလို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာ သူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်။
နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေးအဖြစ် ဖန်ဆင်းပြောင်းလဲ ပေးလိုက်တယ်။
ထို့နောက်မှာ လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်။ သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်။
လူရွယ်ရဲ့ အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ ကြောင်ကို လူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်။ အဲဒါနဲ့ နတ်သမီးဟာ ကြွက်တကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့။
အဲဒီအချိန်မှာ ကြောင်မလေးဟာ လူနဲ့ ညားနေပြီ ဆိုတာကို ရုတ်တရက် မေ့ပျောက်သွားတယ်။ အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်။ ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး။
ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီးက စိတ်ဆိုးပြီး သူမကို နဂိုကြောင်ဘဝကို ပြန်ဖြစ်စေလိုက် ပါတော့တယ်။ (လူဆိုးတယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်) phoomyatchal
Zawgyi
ဗီဇဆိုတာ ေဖ်ာက္ရခက္တယ္
ေရွးေရွးတုန္းက ေၾကာင္မေလးတေကာင္ဟာ ေခ်ာေမာလွပတဲ့ လူ႐ြယ္တေယာက္ကို ခ်စ္မိသြားလို႔ အက္ဖ႐ိုဒိုက္ နတ္သမီးဆီမွာ သူ႔ကို မိန္းကေလး အျဖစ္ ေျပာင္းလဲေပးဖို႔ ဆုေတာင္းပါတယ္။
နတ္သမီးက သူ႔ရဲ႕ အခ်စ္နာ က်ေနပုံကို သနားတာေၾကာင့္ ေခ်ာေမာလွပတဲ့ မိန္းကေလးအျဖစ္ ဖန္ဆင္းေျပာင္းလဲ ေပးလိုက္တယ္။
ထို႔ေနာက္မွာ လူ႐ြယ္ဟာ မိန္းကေလးကို ျမင္တဲ့အခါ ခ်စ္ႀကိဳက္သြားၿပီး လက္ထပ္လိုက္တယ္။ ေသွ်ာင္ေနာက္ ဆံထုံးပါ ဆိုသလို သူ႔အိမ္မွာ လိုက္ေနရတယ္။
လူ႐ြယ္ရဲ႕ အိမ္မွာ သူတို႔ နားေနခိုက္ အက္ဖ႐ိုဒိုက္ နတ္သမီးဟာ လူမိန္းကေလးအျဖစ္ ေျပာင္းလဲထားတဲ့ ေၾကာင္ကို လူလို အသိညဏ္ရွိမွ ရွိပါေလစလို႔ စူးစမ္းခ်င္လာတယ္။ အဲဒါနဲ႔ နတ္သမီးဟာ ႂကြက္တေကာင္ကို သူ႔ေရွ႕မွာ လႊတ္လိုက္သတဲ့။
အဲဒီအခ်ိန္မွာ ေၾကာင္မေလးဟာ လူနဲ႔ ညားေနၿပီ ဆိုတာကို ႐ုတ္တရက္ ေမ့ေပ်ာက္သြားတယ္။ အိပ္ရာက ခ်က္ခ်င္းထၿပီး ႂကြက္ကို လိုက္ဖမ္းတယ္။ ႂကြက္ကို ေတြ႕ျပန္ေတာ့ စားခ်င္တာကိုး။
ဒါေၾကာင့္ အက္ဖ႐ိုဒိုက္ နတ္သမီးက စိတ္ဆိုးၿပီး သူမကို နဂိုေၾကာင္ဘဝကို ျပန္ျဖစ္ေစလိုက္ ပါေတာ့တယ္။ (လူဆိုးတေယာက္ဟာ အျပင္ပန္း ဟန္ပန္ေျပာင္းလဲေပမယ့္ သူ႔အမူအက်င့္ကေတာ့ ရွိေနဦးမွာ ျဖစ္တယ္) phoomyatchal
0 Comments