တနေ့မှာ အစည်းအဝေးတခုကို အမျိုးသမီး နှစ်ယောက်ဟာ မလုံမခြုံ အဝတ်အစားတွေနဲ့ တက်ရောက်ခဲ့တယ်။ အဲဒီ အချိန်မှာ သဘာပတိကြီးက အခုလိုပဲ ပြောခဲ့တယ်။
သဘာပတိကြီးက အဲဒီအမျိုးသမီး နှစ်ယောက်ကို ကြည့်ပြီး အရင်ဆုံး ထိုင်ခိုင်းလိုက်တယ်။ ပြီးတဲ့အခါမှာတော့ အဲဒီ အမျိုးသမီးတွေရဲ့ ဘဝမှာ မမေ့နိုင်မယ့် စကားတွေကို ပြောလိုက်တယ်။
သဘာပတိကြီးက အဲဒီ အမျိုးသမီးတွေရဲ့ မျက်လုံးတည့်တည့်ကို ကြည့်ပြီး "ဘုရားသခင်ဟာ ဒီကမ္ဘာကြီးထဲမှာ တန်ဖိုးရှိတဲ့ အရာတွေကို ဖန်ဆင်းတဲ့ အခါမှာ သေချာ ဖုံးအုပ် ကာကွယ်ထားပြီး မြင်ဖို့၊ တွေ့ဖို့၊ ရနိုင်ဖို့ ခက်ခဲတဲ့ အရာတွေအဖြစ် ဖန်ဆင်းခဲ့တာ ဖြစ်တယ်။
(၁) စိန်တွေကို ဘယ်မှာ တွေ့နိုင်ပါ သလဲ။ မြေပြင်အောက် အနက်ကြီးထဲမှာ ဖုံးအုပ် ကာကွယ်ထားတဲ့ နေရာမှာပါပဲ။
(၂) ပုလဲတွေကို ဘယ်မှာတွေ့ နိုင်ပါသလဲ။ ပင်လယ် ရေပြင်အောက် အနက်ကြီးထဲမှာ လှပတဲ့ ကမာခွံလေးတွေ ဖုံးအုပ် ကာကွယ်ထားတဲ့ နေရာမှာ ပါပဲ။
(၃) ရွှေတွေကို ဘယ်မှာ တွေ့နိုင် ပါသလဲ။ ကျောက်တွင်း အောက်ဘက်မှာ ကျောက်အလွှာပေါင်း များစွာနဲ့ ဖုံးအုပ် ကာကွယ် ထားတဲ့ နေရာမှာပါပဲ။ အဲဒီရွှေတွေဆီ ရောက်ဖို့ဆိုရင် ကြိုးစားပမ်းစားနဲ့ တွင်းနက်ကြီးတွေ တူးရပါတယ်"
သဘာပတိကြီးက အဲဒီ အမျိုးသမီးတွေကို မျက်လုံး တည့်တည့်ကို စူးစိုက် ကြည့်ပြီး "မင်းတို့ရဲ့ ခန္ဓာကိုယ်ဟာ ထူးခြားပြီး အလေးအမြတ် ထားသင့်တဲ့ အရာတခု ပါပဲ။ မင်းတို့ဟာ စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေထက် အများကြီးပိုပြီး တန်ဖိုးရှိပါတယ်။
အဲဒီလို တန်ဖိုးရှိတဲ့ အရာတွေကိုလည်း ဖုံးအုပ် ကာကွယ် ထားသင့် ပါတယ်။ မင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေလိုပဲ တန်ဖိုးထားမယ် ဆိုရင် ဂုဏ်အသရေ ရှိတဲ့ သတ္တုတူးဖော်တဲ့ အဖွဲ့တဖွဲ့ဟာ လိုအပ်တဲ့ စက်ယန္တယားတွေနဲ့ ကျယ်ပြောလှတဲ့ စူးစမ်း ရှာဖွေမှုတွေကို ပြုလုပ်မှာပဲ ဖြစ်တယ်။
ပထမဦးဆုံး အနေနဲ့ သင်တို့ရဲ့ အစိုးရ (မိသားစု) ကို ဆက်သွယ် လာမယ်။ ပြီးရင် တရားဝင်လုပ်ငန်း လုပ်ကိုင်ရန် စာချုပ် စာတမ်း (ထိမ်းမြားမင်္ဂလာ) ကို လက်မှတ် ရေးထိုးမယ်။
အဲဒီနောက် မှာတော့ ကျွမ်းကျင်စွာဖြင့် သတ္တု တူးဖော်ခြင်း (တရားဝင် လက်ထပ်ပြီး အိမ်ထောင် ပြုခြင်း) တွေကို ပြုလုပ် လာမှာပဲ ဖြစ်တယ်။
ဒါပေမယ့် မင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို မြေမျက်နှာပြင် ပေါ်မှာပဲ ဖော်ပြထားမယ် ဆိုရင်တော့ တရားမဝင်တဲ့ မိုင်း အလုပ်သမားတွေဟာ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ သတ္တုတူးဖော်ခြင်း တွေကို ပြုလုပ် လာမှာပါပဲ။
လူတိုင်းဟာလည်းပဲ သူတို့ဆီမှာ ရှိနေတဲ့ အကြမ်းထည်ပစ္စည်း ကိရိယာတွေနဲ့ပဲ စိတ်ကြိုက် တူးယူမှာပဲ ဖြစ်တယ်။ ဒါကြောင့် ဂုဏ်အသရေ ရှိတဲ့ သတ္တုတူးဖော်သူတွေနဲ့သာ ဆုံတွေ့ဖို့ရန် မိမိရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ဖုံးအုပ် ကာကွယ်ထားဖို့ လိုတယ်။
ကဲ ကိုယ့်ရဲ့ ဇနီး၊ သမီးနဲ့ သူငယ်ချင်း တွေကို အခြေအနေနဲ့ အချိန်အခါ အလိုက် သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ဖို့ အားပေး ကြရအောင်နော်။ Crd
0 Comments