အသုံးမကျသောသူ မဖြစ်ပါစေနဲ့

အသက် ၃၅ နှစ် ပြည့်တဲ့ အချိန်ထိ ခင်များဟာ တီဗီလေး ကက်ဆက်လေး တလုံးတောင် မပိုင်သေးတဲ့ အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက် နင်းနေတဲ့လူ စီးပွားရေး လောကမှာ တယောက်မှ မပါဘူး။

ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့ အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့ ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

မိသားစု ဆင်းရဲလို့ မချမ်းသာ လာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲစမ်း ပါနဲ့။ ဆင်ခြေတွေ အလီလီ ပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံ လာပေးတုန်း။ မပေးဘူးနော်။

ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။

စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။ ချမ်းသာချင်စိတ် မပြင်းပြတဲ့ လူဟာ ဆင်းရဲမှာပဲ။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့်ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ကို ဆာလောင် မွတ်သိပ်လာတယ်။ အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ ကျရှုံးခဲ့ရင်တောင် အဲဒီ ကျရှုံးမှုကို ဘေးဖယ်ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။ ဒါပဲ။

ဒီတော့ ခင်ဗျား စဉ်းစားတော့။ ဆင်ခြေတွေ ဘေးဖယ်ထား လိုက်စမ်းပါဗျာ။ ခင်ဗျား ရှေ့ဆက်ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။

ငွေပုံရှိရာ လမ်းရယ်၊ အိမ်အပြန်လမ်းရယ်။ နှစ်ခု ထဲက တခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့နော်။ ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။ Crd

Post a Comment

0 Comments