အသုံးချနိုင်သူ

တခါတုန်းက နန္ဒနဲ့ သူရိယ ဆိုသော သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်ပညာတွေကို ဒိသာပါမောက္ခကြီး ဆီမှာ သင်ကြားနေကြပါတယ်။

ဆရာကြီးက သူ့ရဲ့ တပည့်နှစ်ယောက်ကို ဆရာစားမချန် အိပ်သွင်ဖာမှောက် အကုန် သင်ကြားပေးခဲ့တယ်။

ပညာသင်ကြားပြီး ၃ နှစ် ကြာတော့ ဆရာကြီးက တပည့်နှစ်ဦးကို ခေါ်ပြီး အလုပ်နှစ်ခု ခိုင်းတယ်။ ပထမ အလုပ်က ရေတွင်းတူးတဲ့ အလုပ်၊ ဒုတိယ အလုပ်က မနက်ခင်းမှာ နှင်းရည် တအိုး ရအောင် လုပ်ရမဲ့ အလုပ် ဖြစ်တယ်။

သူငယ်ချင်းနှစ်ယောက်ဟာ ပထမအလုပ် ဖြစ်တဲ့ ရေတွင်းတူးတဲ့ အလုပ်ကို စလုပ်ကြတယ်။ နန္ဒ ရေတွင်းတူးတာ ၁၀ ပေလောက်ရောက်မှ ရေက ထွက်ပါတယ်

 သူရိယက ရေတွင်းတူးတာ တွင်းအနက် လက်တတောင်ဆစ် လောက်ပဲ ရှိသေးတာ ရေက ထွက်နေပြီ။

ဒုတိယ အလုပ်ကို နောက်တနေ့ မနက်မှာ နှစ်ဦးသား လုပ်ဆောင် ကြတယ်။ နန္ဒက နေထွက်တဲ့ အထိ နှင်းရည်ခံတာ အိုးတဝက်ပဲ ရတယ်။

သူရိယက နေမထွက်ခင်မှာပဲ နှင်းရည်အိုး အပြည့် ရနေပြီ။ ဆရာကြီးက သူရိယကို ခေါ်ပြီး "ရေတွင်းတူးတဲ့ နေရာမှာ ရေကြောရှိမှန်း ဘယ်လိုသိလဲ" လို့ မေးလိုက်

သူရိယက "မြက်ပေါများတဲ့ မြေကြီးအောက်မှာ ရေကြော ရှိမှန်း သိနိုင်တယ် ဆရာ" လို့ ဖြေပါတယ်။ "ဒါဆို နှင်းရည်အိုး တအိုးရအောင် ဘယ်လို စွမ်းဆောင်ခဲ့တာလဲ" လို့ မေးတော့

"ကျယ်ပြန့်တဲ့ အဝတ်စ နှစ်ခုကို နှင်းရည် စိုနေတဲ့ အပင်လေးတွေ အပေါ် အုပ်မိုးပြီး နှင်းရည် ရွှဲလာတဲ့အခါ အိုးထဲကို ညစ်ယူခဲ့ပါတယ် ဆရာ" လို့ ဖြေတယ်။

ဆရာကြီး ပညာသင်ပေးခဲ့တုန်းက သူရိယ တဦးထဲ သင်ပေးခဲ့ခြင်း မဟုတ်ပါ။ နှစ်ဦးစလုံးကို တူညီစွာ သင်ပေးခဲ့ပါတယ်။ သို့သော် သူရိယက ဆရာသင်ပေးတဲ့ ပညာကို လက်တွေ့ဘဝမှာ အသုံးချနိုင် ခဲ့ပေမဲ့ နန္ဒက အသုံးမချနိုင် ခဲ့ပါဘူး။

ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲ ရွာချနေပါစေ တပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတတ်မှ ပညာရမှာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments