အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို စနစ်တကျလျှော်နည်း (၈) နည်း

အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို လျှော်ရတဲ့အခါမှာ အချိန်တွေ အများကြီးပေးရတတ်ပါတယ်။ ဒါ့အပြင် တချို့အဝတ်တွေက စက်နဲ့လျှော်လို့လည်း မရပါဘူး။

အဲဒါကြောင့် အဝတ်အစားတွေ လျှော်တဲ့အခါမှာ အဝတ်လည်း မထိခိုက်၊ အချိန်ကုန်သက်သာပြီး မြန်ဆန်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပုဝါ

ပုဝါတွေကို လျှော်တဲ့အခါမှာ ရှာလကာရည်တစ်ခွက်ကို ထည့်ပြီး လျှော်ပါ။ ချည်သားပျော့ပျောင်းစေတဲ့ဆေးရည်တွေကို ခဏခဏထည့်လျှော်ရင် ပုဝါတွေ ပြဲလွယ်ပါတယ်။

ရှာလကာရည်မရှိတဲ့အခါမှာ သံပုရာရည်နဲ့လျှော်လည်း ရပါတယ်။ သံပုရာရည်၊ ရှာလကာရည်တို့နဲ့ ပုဝါတွေကို လျှော်တဲ့အခါမှာ ရနံ့မွှေးတဲ့အပြင် မာတောင့်တောင့်လည်း ဖြစ်မနေတော့ပါဘူး။

၂။ ဂျင်းအဝတ်အစား

ဂျင်းအဝတ်အစားတွေကို ခဏခဏလျှော်ဖို့ မလိုအပ်ပါဘူး။ ခဏခဏလျှော်တဲ့အခါမှာ အရောင်တွေ လွင့်သွားပါတယ်။ ၄ ပတ်တစ်ခါ သို့မဟုတ် ၆ ပတ်တစ်ခါခန့် လျှော်ရုံနဲ့ လုံလောက်ပါတယ်။

ဂျင်းအဝတ်အစားတွေ လျှော်တဲ့အခါမှာ ရှာလကာရည်အနည်းငယ်ထည့်ပြီး လျှော်ပါ။ ဂျင်းအဝတ်အစားတွေကို လက်နဲ့လျှော်တာက ပိုပြီး ကောင်းပါတယ်။

၃။ ပြန်လည်အသုံးပြုနိုင်တဲ့ ဈေးဝယ်အိတ်

ချည်သားနဲ့ချုပ်ထားတဲ့ ဈေးဝယ်အိတ်တွေကို အဝတ်လျှော်စက်ထဲမှာ ရေပူနဲ့လျှော်ပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။ ပလက်စတစ်အသားနဲ့ချုပ်ထားတဲ့ ဈေးဝယ်အိတ်တွေကိုတော့ ရေနွေးနဲ့ လျှော်ပါ။

ပန်းကန်ဆေးဆပ်ပြာအနည်းငယ်နဲ့ ၁၅ မိနစ်ခန့် စိမ်ထားပြီးမှ လျှော်ရင် ဈေးဝယ်အိတ်တွေက အရောင်မပြယ်လွင့်တော့ပါဘူး။

၄။ ဖိနပ်

ဖိနပ်က ဖုန်တွေကို ရေစိုဝတ် သို့မဟုတ် သွားတိုက်တံနဲ့ ပွတ်တိုက်ပေးပါ။ ဖိနပ်တွေကို ပိုက်အိတ်ထဲမှာ ထည့်ပြီး အဝတ်လျှော်စက်ထဲမှာ ဖြည်းဖြည်းချင်းလျှော်ပါ။

ဖိနပ်တွေကို ရေနွေးနဲ့ပဲ အဝတ်လျှော်စက်ထဲမှာ လျှော်သင့်ပါတယ်။ ရေပူတွေက ဖိနပ်ကို မြန်မြန်ဆွေးမြည့်လွယ်ပါတယ်။ Fabric softener ကလည်း ဖိနပ်မှာ ဖုန်တွေ ပိုကပ်စေပါတယ်။

၅။ ရေချိုးခန်းလိုက်ကာ

ရေချိုးခန်းလိုက်ကာကို ရေနွေးနဲ့ အဝတ်လျှော်စက်ထဲမှာ လျှော်ပါ။ ပလက်စတစ်လိုက်ကာတွေအတွက်တော့ ရေပူနဲ့သုံးပြီး မလျှော်သင့်ပါဘူး။ လျှော်တဲ့အခါမှာ ရှာလကာရည်အနည်းငယ်ထည့်ပြီး လျှော်ရင် ဖုန်တွေ၊ အညစ်အကြေးတွေ ပိုပြီးတော့ ပြောင်လွယ်ပါတယ်။

၆။ ခေါင်းအုံး

ခေါင်းအုံးကို လျှော်တော့မယ်ဆိုရင် ခေါင်းအုံးမှာ လျှော်ဖို့အတွက် အညွှန်းတွေ ပါဝင်လေ့ရှိပါတယ်။ အသုံးပြုတာ များတဲ့ခေါင်းအုံးတွေကို မလျှော်သင့်တော့ပါဘူး။ ခေါင်းအုံးကို တစ်နှစ်ကို နှစ်ကြိမ်ခန့် လျှော်ပေးသင့်ပါတယ်။

၇။ အရုပ်

အရုပ်တွေမှာလည်း လျှော်ပုံလျှော်နည်းတွေကို အညွှန်းနဲ့ ပြသထားလေ့ရှိပါတယ်။ အရုပ်မှာ ကျောက်တွေကပ်ထားရင် လျှောက်ဖို့ အဆင်မပြေနိုင်ပါဘူး။

အရင်ဆုံး အရုပ်ထဲက ဆီလီကွန်တွေကို ထုတ်ပြီး ရှာလကာရည်နဲ့ အဝတ်လျှော်စက်ထဲမှာ လျှော်ပါ။ အရုပ်တွေကို လျှော်တဲ့အခါ နူးညံ့တဲ့ဆပ်ပြာကိုပဲ အသုံးပြုသင့်ပါတယ်။ ရှာလကာရည်က အရုပ်ကို နဂိုအတိုင်း နူးညံ့စေပါတယ်။

၈။ ဘရာ

ဇလုံထဲမှာ ရေနွေးနဲ့ အယ်လ်ကိုဟောမပါဝင်တဲ့ ဆပ်ပြာကို ထည့်ပါ။ ကလေးခေါင်းလျှော်ရည်ကို ထည့်လို့လည်း ရပါတယ်။ ဘရာတွေကို ဇလုံထဲမှာ ၁၅ မိနစ်ခန့် စိမ်ထားပါ။

ဘရာတွေကို ရေနဲ့ ပြောင်အောင် ဆေးချပြီး လှန်းထားလိုက်ပါ။ ဘရာကို လက်နဲ့ဖိပြီးလျှော်တာက ဘရာမှာပါတဲ့ ခွက်တွေကို ပုံစံမလှမပဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments