တခါတုန်းက အမျိုးသမီး တယောက်ဟာ အိမ်တံခါးကို ဖွင့်လိုက်တိုင်း တံခါးဝရှေ့မှာ ငါးအသေ တကောင်ကို တွေ့ရတယ်။ ယင်ကောင် တလောင်းလောင်းနဲ့ ငါးသေကောင်ကြောင့် ညည်းညူလို့ ငါးကို အိတ်ထဲ ထည့်ပြီး သူ ချက်ချင်း ပစ်ထုတ်လိုက်တယ်။
နောက်တနေ့မှာလည်း အဲဒီလိုပဲ ငါးအသေ တကောင်ဟာ သူ့တံခါးဝရှေ့ ရောက်လာပြန်တယ်။ သူပစ်ထုတ် ပြန်တယ်။ ငါးအသေကောင်တွေ လာလာထားပြီး သူ့စိတ်ရှုပ်အောင် လာလာလုပ်နေတဲ့ သူကို သူထောင်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုနဲ့ နောက်တနေ့မှာ လှေကားအကွယ်မှာ ရပ်ပြီး တံခါးဝ ဘက်ဆီ သူစောင့်ကြည့် နေခဲ့တယ်။
သိပ်မကြာပါဘူး ကြောင်ကလေး တကောင်ဟာ ပါးစပ်မှာ ငါးတကောင်ကို ကိုက်ပြီး ရောက်လာတယ်။ ကြောင်ကလေးဟာ ငါးကို တံခါးဝမှာ ထားပြီး လှည့်ကြည့် လှည့်ကြည့်ရင်းနဲ့ အဝေးကို ထွက်ခွာသွားတယ်။
သူမဟာ ကြောင်ကို သူသေချာ ကြည့်လိုက်တော့ အဲဒီကြောင်ဟာ တချိန်က သူ ကယ်ဖူးတဲ့ ကြောင်ကလေး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
သင် နှစ်သက်ချင်မှ နှစ်သက်မယ်၊ သင့်အတွက် လိုအပ်ချင်မှ လိုအပ်မယ် ဆိုပေမယ့် အကောင်းဆုံးလို့ သူထင်တဲ့ သူ့မှာ ရှိတဲ့အရာကို သင့်အတွက် သူပေးဆပ်တယ်။ ချစ်ခင်သူတွေ ဆိုတာကလည်း အဲဒီလို ပါပဲ။
အိမ်မွေးကြက်ဥ တခြင်း၊ ခြံထွက် ငှက်ပျောသီးလေး တခိုင်၊ ကိုယ်တိုင် ချုပ်ထားတဲ့ အဝတ်တစုံ၊ ကိုယ်တိုင် ကြော်ချက်တဲ့ ငါးပိကြော် တဗူး၊ ဂရုစိုက်တဲ့ စကားတခွန်း၊ ကျန်းမာပါစေ ဆိုတဲ့ တောင်းဆုတခု၊ ဗျစ်တောက်ဗျစ်တောက် ပြောနေတတ်တဲ့ သတိပေးစကား တခွန်းကို သင့်အတွက် လက်ဆောင် ပါးလိုက်တယ်။
ဒါတွေဟာ သင့်အတွက် လိုအပ်ချင်မှ လိုအပ်မယ်၊ သင်ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမယ့် ဒါတွေဟာ သူတို့မှာ ရှိတဲ့ အကောင်းဆုံး အရာတွေ ဖြစ်တယ်။
ဘာမှ မတောင်းဆိုချင်ပါဘူး။ ကျေးဇူးတရား သိတတ်တဲ့သူ ဖြစ်ဖို့ကိုပဲ ကိုယ့်ကိုယ် တောင်းဆိုမိပါတယ်။ phoomyatchal
Zawgyi
ေက်းဇူးတရားသိတတ္ေသာသူ
တခါတုန္းက အမ်ိဳးသမီး တေယာက္ဟာ အိမ္တံခါးကို ဖြင့္လိုက္တိုင္း တံခါးဝေရွ႕မွာ ငါးအေသ တေကာင္ကို ေတြ႕ရတယ္။ ယင္ေကာင္ တေလာင္းေလာင္းနဲ႔ ငါးေသေကာင္ေၾကာင့္ ညည္းညဴလို႔ ငါးကို အိတ္ထဲ ထည့္ၿပီး သူ ခ်က္ခ်င္း ပစ္ထုတ္လိုက္တယ္။
ေနာက္တေန႔မွာလည္း အဲဒီလိုပဲ ငါးအေသ တေကာင္ဟာ သူ႔တံခါးဝေရွ႕ ေရာက္လာျပန္တယ္။ သူပစ္ထုတ္ ျပန္တယ္။ ငါးအေသေကာင္ေတြ လာလာထားၿပီး သူ႔စိတ္ရႈပ္ေအာင္ လာလာလုပ္ေနတဲ့ သူကို သူေထာင္ဖမ္းဖို႔ ဆုံးျဖတ္လိုက္တယ္။ အဲဒီလိုနဲ႔ ေနာက္တေန႔မွာ ေလွကားအကြယ္မွာ ရပ္ၿပီး တံခါးဝ ဘက္ဆီ သူေစာင့္ၾကည့္ ေနခဲ့တယ္။
သိပ္မၾကာပါဘူး ေၾကာင္ကေလး တေကာင္ဟာ ပါးစပ္မွာ ငါးတေကာင္ကို ကိုက္ၿပီး ေရာက္လာတယ္။ ေၾကာင္ကေလးဟာ ငါးကို တံခါးဝမွာ ထားၿပီး လွည့္ၾကည့္ လွည့္ၾကည့္ရင္းနဲ႔ အေဝးကို ထြက္ခြာသြားတယ္။ သူမဟာ ေၾကာင္ကို သူေသခ်ာ ၾကည့္လိုက္ေတာ့ အဲဒီေၾကာင္ဟာ တခ်ိန္က သူ ကယ္ဖူးတဲ့ ေၾကာင္ကေလး ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။
သင္ ႏွစ္သက္ခ်င္မွ ႏွစ္သက္မယ္၊ သင့္အတြက္ လိုအပ္ခ်င္မွ လိုအပ္မယ္ ဆိုေပမယ့္ အေကာင္းဆုံးလို႔ သူထင္တဲ့ သူ႔မွာ ရွိတဲ့အရာကို သင့္အတြက္ သူေပးဆပ္တယ္။ ခ်စ္ခင္သူေတြ ဆိုတာကလည္း အဲဒီလို ပါပဲ။
အိမ္ေမြးၾကက္ဥ တျခင္း၊ ၿခံထြက္ ငွက္ေပ်ာသီးေလး တခိုင္၊ ကိုယ္တိုင္ ခ်ဳပ္ထားတဲ့ အဝတ္တစုံ၊ ကိုယ္တိုင္ ေၾကာ္ခ်က္တဲ့ ငါးပိေၾကာ္ တဗူး၊ ဂ႐ုစိုက္တဲ့ စကားတခြန္း၊ က်န္းမာပါေစ ဆိုတဲ့ ေတာင္းဆုတခု၊ ဗ်စ္ေတာက္ဗ်စ္ေတာက္ ေျပာေနတတ္တဲ့ သတိေပးစကား တခြန္းကို သင့္အတြက္ လက္ေဆာင္ ပါးလိုက္တယ္။
ဒါေတြဟာ သင့္အတြက္ လိုအပ္ခ်င္မွ လိုအပ္မယ္၊ သင္ႀကိဳက္ခ်င္မွ ႀကိဳက္မယ္။ ဒါေပမယ့္ ဒါေတြဟာ သူတို႔မွာ ရွိတဲ့ အေကာင္းဆုံး အရာေတြ ျဖစ္တယ္။ ဘာမွ မေတာင္းဆိုခ်င္ပါဘူး။ ေက်းဇူးတရား သိတတ္တဲ့သူ ျဖစ္ဖို႔ကိုပဲ ကိုယ့္ကိုယ္ ေတာင္းဆိုမိပါတယ္။ phoomyatchal
0 Comments