သူတို့၏အထင် သူတို့၏စရိုက်

တရက်မှာ သူခိုးတယောက်က တညလုံး ခိုးပြီး မနက် မိုးလင်းခါနီး ကြတော့ ရွာအပြင်နားက ဇရပ်မှာ အိပ်နေပါတယ်။

ဒီလိုပဲ သူတော်စင် တဦးဟာလည်း တညလုံး ကုသိုလ် ဘာဝနာ အလုပ်လုပ်ပြီး မနက်မိုးလင်းချိန် ရောက်တော့မှ ရွာရဲ့ အပြင် ဇရပ်ကို လမ်းလျှေက်ရင်း ရောက်လာခဲ့ ပါတယ်။

အဲဒီမှာ အိပ်ပျော်နေတဲ့ သူခိုးကို တွေ့ပြီး သူတော်စင်က မှတ်ချက် တခု ချတယ်။

"အော် သူလည်း ငါ့လို တညလုံး အလုပ် လုပ်ပြီး အိပ်ပျော်နေတာ ဖြစ်မယ်" ဟု မှတ်ယူကာ ပါလာတဲ့ သူ့ရဲ့ ခြုံစောင်ကို သူခိုးကို ခြုံပေးပြီး အနားမှာ ခေတ္တလှဲလျှောင်း အိပ်စက် နေလိုက် ပါတယ်။

ခဏကြာတော့ သူခိုးက နိုးလာတော့ အနားမှာ အိပ်နေတဲ့ သူတော်စင်ကို မြင်တော့ သူလည်း မှတ်ချက် တခု ချပြန်တယ်။ "အော် သူလည်း ညက ငါ့လို တညလုံး ခိုးပြီး အိပ်နေတာ ဖြစ်မယ်" တဲ့။

လူဟာ မိမိစိတ်ထဲ ရှိတဲ့ အတိုင်း သူတပါးကို စဉ်းစား တွေးတောပြီး ကိုယ့်အတွေး အတိမ်အနက်နဲ့ ခန့်မှန်းခြေတွေနဲ့ ပြုမူ ပြောဆို တတ်ကြပါတယ်။

ကိုယ်တိုင် သူခိုးဆိုရင် သူဟာ တပါးသူကိုလည်း သူခိုးလို့ပဲ ထင်တတ်တာ ဖြစ်တတ်တဲ့ သဘောတရား ပါ။ ကိုယ်တိုင် လူကောင်းဆို သူတပါးကိုလည်း လူကောင်းလို့ ထင်မှာပါ။

မိဘတွေ ဆုံးမ စကားကို သတိရမိ ပါတယ်။ မျက်စေ့ ၂ လုံးက တလုံးသည် ကိုယ့်အပြစ်ကို ကြည့်ဖို့ ဖြစ်တယ်၊ ကျန်တလုံးက အပြင်လောကကို အကောင်း တရားဘက်က မြင်တတ်ဖို့ အရေးကြီး ပါတယ်တဲ့။ DarLi

Zawgyi

သူတို႔၏အထင္ သူတို႔၏စ႐ိုက္

တရက္မွာ သူခိုးတေယာက္က တညလုံး ခိုးၿပီး မနက္ မိုးလင္းခါနီး ၾကေတာ့ ႐ြာအျပင္နားက ဇရပ္မွာ အိပ္ေနပါတယ္။ ဒီလိုပဲ သူေတာ္စင္ တဦးဟာလည္း တညလုံး ကုသိုလ္ ဘာဝနာ အလုပ္လုပ္ၿပီး မနက္မိုးလင္းခ်ိန္ ေရာက္ေတာ့မွ ႐ြာရဲ႕ အျပင္ ဇရပ္ကို လမ္းေလွ်က္ရင္း ေရာက္လာခဲ့ ပါတယ္။

အဲဒီမွာ အိပ္ေပ်ာ္ေနတဲ့ သူခိုးကို ေတြ႕ၿပီး သူေတာ္စင္က မွတ္ခ်က္ တခု ခ်တယ္။ "ေအာ္ သူလည္း ငါ့လို တညလုံး အလုပ္ လုပ္ၿပီး အိပ္ေပ်ာ္ေနတာ ျဖစ္မယ္" ဟု မွတ္ယူကာ ပါလာတဲ့ သူ႔ရဲ႕ ၿခဳံေစာင္ကို သူခိုးကို ၿခဳံေပးၿပီး အနားမွာ ေခတၱလွဲေလွ်ာင္း အိပ္စက္ ေနလိုက္ ပါတယ္။

ခဏၾကာေတာ့ သူခိုးက ႏိုးလာေတာ့ အနားမွာ အိပ္ေနတဲ့ သူေတာ္စင္ကို ျမင္ေတာ့ သူလည္း မွတ္ခ်က္ တခု ခ်ျပန္တယ္။ "ေအာ္ သူလည္း ညက ငါ့လို တညလုံး ခိုးၿပီး အိပ္ေနတာ ျဖစ္မယ္" တဲ့။

လူဟာ မိမိစိတ္ထဲ ရွိတဲ့ အတိုင္း သူတပါးကို စဥ္းစား ေတြးေတာၿပီး ကိုယ့္အေတြး အတိမ္အနက္နဲ႔ ခန႔္မွန္းေျခေတြနဲ႔ ျပဳမူ ေျပာဆို တတ္ၾကပါတယ္။

ကိုယ္တိုင္ သူခိုးဆိုရင္ သူဟာ တပါးသူကိုလည္း သူခိုးလို႔ပဲ ထင္တတ္တာ ျဖစ္တတ္တဲ့ သေဘာတရား ပါ။ ကိုယ္တိုင္ လူေကာင္းဆို သူတပါးကိုလည္း လူေကာင္းလို႔ ထင္မွာပါ။

မိဘေတြ ဆုံးမ စကားကို သတိရမိ ပါတယ္။ မ်က္ေစ့ ၂ လုံးက တလုံးသည္ ကိုယ့္အျပစ္ကို ၾကည့္ဖို႔ ျဖစ္တယ္၊ က်န္တလုံးက အျပင္ေလာကကို အေကာင္း တရားဘက္က ျမင္တတ္ဖို႔ အေရးႀကီး ပါတယ္တဲ့။ DarLi

Post a Comment

0 Comments