ပညာတတ်နှင့် လှေသမား

တခါတုန်းက နာမည်ကြီး တက္ကသိုလ်မှ ဆရာတဦးသည် ချောင်ကျသော ရွာတရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီး ငှားပြီး မြစ်တလျှောက် လည်ပတ်ခဲ့သည်။

လှေစတင် ထွက်သောအခါ ဆရာက လှေသမားအား "ခင်ဗျား သခ်ျာ တတ်သလား" "ကျွန်တော် မတတ်ပါဘူး" "ရူပဗေဒ တတ်သလား" "ဒါလဲ မတတ်ပါဘူး"

"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ သုံးတတ်သလား" "စိတ်မကောင်းပါဘူး။ ဒါလဲ ကျွန်တော် မတတ်ပါဘူး"

ဆရာမှာ ခေါင်းခါပြီး သခ်ျာ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ၂ ပုံကို ခင်ဗျား ဆုံးရှုံးမယ်။ ရူပဗေဒ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၁ ပုံကို ဆုံးရှုံးမယ်။ ကွန်ပြူတာ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ၁ ပုံကို ဆုံးရှုံးမယ်။ ခင်ဗျားရဲ့ ဘ၀ ၆ ပုံ၄ ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။

ထိုအခါ လှေသမားက ဆရာအား "ခင်ဗျား ရေကူးတတ်သလား" ဟု မေးလိုက်သည်။ ဆရာက ခဏမျှ ဆွံ့အပြီး ကျွန်တော် မကူးတတ်ဘူး။ "တခါမှ မသင်ဖူးဘူး" ဟု ပြန်ဖြေလေသည်။

ထိုအခါ လှေသမားမှာ ခေါင်းကို သွင်သွင် ရမ်းပြီး "ဒါဆိုရင် ခင်ဗျားရဲ့ ဘ၀ ၆ ပုံ စလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ တပါးသူကိုအထင်မသေးပါနဲ့။ ငါဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ ထီထွင်ဉာဏ် မရှိဘူး။ ဒါပေမဲ့ သူဟာ ရိုးသားတယ်။ မကောင်းတာကို မကြံစည် တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။

ငါရဲ့ အရည်အချင်း သူ့မှာ မရှိသလို သူ့ရဲ့ အရည်အချင်းလဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ Crd

Post a Comment

0 Comments