တရက်မှာ လူတယောက်ဟာ ကားမောင်းပြီး ခရီးသွားတယ်။ လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ပြင်ကြည့်တယ်။ မရဘူး။ ဆက်ပြင်တယ်။ ၁၅ မိနစ်၊ နာရီဝက်၊ တနာရီ မရဘူး။
လက်လျှော့လိုက်ပြီး ကားဝပ်ရှော့ပ်ဆိုင် တခုကို ရှာပြီး ကားပြင်သမားကို ပြင်ခိုင်းလိုက်တယ်။ ကားပြင်သမားက ကားအဖုံး ဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။ ၃ မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်း သွားတယ်။
"ဘယ်လောက်ကျသလဲ ကောင်လေး"
"၅၀၀၀ ကျပ် ကျပါတယ်"
"၃ မိနစ်ပဲ ပြင်ရတာကို ၅၀၀၀ က မများလွန်းဘူး လားကွ"
"ဦးလေး ဘာအလုပ် လုပ်နေပါသလဲ"
"ဆရာဝန်"
"ဟုတ်ကဲ့ပါ ဆရာ။ ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက ၂၀၀ ကျပ်ဖိုးလောက်ပဲ တန်တဲ့ ဆေးအတွက် ၅၀၀၀ ကျပ် ယူတယ်မဟုတ်လား"
"ဟ အဲဒါက ဒီဆေးသောက်ရင် ဒီရောဂါ ပျောက်တယ်ဆိုတဲ့ ပညာကို သိအောင် လေ့လာခဲ့ ရတာ နှစ်ပေါင်း များစွာ ကြာတယ်ကွ။ ဆေးဖိုး ယူတာ မဟုတ်ဘူး၊ ပညာဖိုးကို ယူတာ"
"ဟုတ်ကဲ့။ ကျနော် ပြောချင်တဲ့ စကားကို ဆရာ ပြောပြီးနေပါပြီ။ ပျက်နေတဲ့ ကားတစီးကို ၃ မိနစ်နဲ့ ပြန်ကောင်းလာအောင် လုပ်တတ်တဲ့ ပညာကို ကျနော်လည်း ၁၀ နှစ်မက လေ့လာခဲ့ရ ပါတယ် ဆရာ"
သင်ခန်းစာ။ ။ ကိုယ့်ပညာကိုလည်း လေးစားပါ၊ သူတပါး၏ ပညာကိုလည်း လေးစားပါ။ အတတ်ပညာတိုင်းကို တန်ဖိုးထားပါ။
အသိပညာ၊ အတတ်ပညာတို့ကို တတ်မြောက်ကြအောင် သင်ထားကြဖို့ တိုက်တွန်းပေးသည့် ဥပမာကောင်း တခုအား ပြန်လည် မျှဝေသည်။ Crd
Zawgyi
အတတ္ပညာကို အခ်ိန္နဲ့ စေ်းမျဖတ္ပါနဲ့
တရက္မွာ လူတေယာက္ဟာ ကားေမာင္းၿပီး ခရီးသြားတယ္။ လမ္းမွာ ကားပ်က္လို႔ ဆင္းၿပီး ကားကို ျပင္ၾကည့္တယ္။ မရဘူး။ ဆက္ျပင္တယ္။ ၁၅ မိနစ္၊ နာရီဝက္၊ တနာရီ မရဘူး။
လက္ေလွ်ာ့လိုက္ၿပီး ကားဝပ္ေရွာ့ပ္ဆိုင္ တခုကို ရွာၿပီး ကားျပင္သမားကို ျပင္ခိုင္းလိုက္တယ္။ ကားျပင္သမားက ကားအဖုံး ဖြင့္ၾကည့္ၿပီး လိုအပ္တာ ျပင္လိုက္တယ္။ ၃ မိနစ္ပဲ ၾကာလိုက္တယ္။ ျပန္ေကာင္း သြားတယ္။
"ဘယ္ေလာက္က်သလဲ ေကာင္ေလး" "၅၀၀၀ က်ပ္ က်ပါတယ္" "၃ မိနစ္ပဲ ျပင္ရတာကို ၅၀၀၀ က မမ်ားလြန္းဘူး လားကြ" "ဦးေလး ဘာအလုပ္ လုပ္ေနပါသလဲ" "ဆရာဝန္"
"ဟုတ္ကဲ့ပါ ဆရာ။ ဆရာလည္း ေဆးခန္းကို ေရာက္လာတဲ့ လူနာေတြဆီက ၂၀၀ က်ပ္ဖိုးေလာက္ပဲ တန္တဲ့ ေဆးအတြက္ ၅၀၀၀ က်ပ္ ယူတယ္မဟုတ္လား" "ဟ အဲဒါက ဒီေဆးေသာက္ရင္ ဒီေရာဂါ ေပ်ာက္တယ္ဆိုတဲ့ ပညာကို သိေအာင္ ေလ့လာခဲ့ ရတာ ႏွစ္ေပါင္း မ်ားစြာ ၾကာတယ္ကြ။ ေဆးဖိုး ယူတာ မဟုတ္ဘူး၊ ပညာဖိုးကို ယူတာ"
"ဟုတ္ကဲ့။ က်ေနာ္ ေျပာခ်င္တဲ့ စကားကို ဆရာ ေျပာၿပီးေနပါၿပီ။ ပ်က္ေနတဲ့ ကားတစီးကို ၃ မိနစ္နဲ႔ ျပန္ေကာင္းလာေအာင္ လုပ္တတ္တဲ့ ပညာကို က်ေနာ္လည္း ၁၀ ႏွစ္မက ေလ့လာခဲ့ရ ပါတယ္ ဆရာ"
သင္ခန္းစာ။ ။ ကိုယ့္ပညာကိုလည္း ေလးစားပါ၊ သူတပါး၏ ပညာကိုလည္း ေလးစားပါ။ အတတ္ပညာတိုင္းကို တန္ဖိုးထားပါ။ အသိပညာ၊ အတတ္ပညာတို႔ကို တတ္ေျမာက္ၾကေအာင္ သင္ထားၾကဖို႔ တိုက္တြန္းေပးသည့္ ဥပမာေကာင္း တခုအား ျပန္လည္ မွ်ေဝသည္။ Crd
0 Comments