တိတ်ဆိတ်ခြင်းက ပညာပဲ

ဒေါသ မရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ၊ ရှိတာပေါ့။ ရှိပေမယ့်လည်း ဒီဒေါသကို ထုတ်မပြတာက ပညာပဲ။ မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ၊ ခံစားရတာပေါ့။ ခံစားရပေမယ့်လည်း မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ။

ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ၊ ဝမ်းနည်းတတ်တာပေါ့။ ဝမ်းနည်းပေမယ့်လည်း လူတကာကို လှပ်ပြပြီး ပြောပြ မနေတော့တာက ပညာပဲ။

လူပဲ ခံစားချက်ကတော့ အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ။ ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲ ဆိုတာပဲ ကွာသွားကြတယ်။ ဖေါ်ပြလို့ မထူးဘူး ဆိုရင် ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ် ကျော်လွှားရမှာပဲ။

ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ ဒေါသကြီးတယ် ဆိုတဲ့ နာမည်ရသွားမယ်၊ ဘာကြောင့် ဒေါသတွေ ကြီးလဲ ဆိုတာကိုတော့ သိကြမှာ မဟုတ်ဘူး။

ခံစားချက်တိုင်း ထုတ်ပြနေရင် ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်၊ ကိုယ်ခံစားရတာ သူတို့က ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ။

ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်အားပျော့တာပဲ လူသိတယ်။ ဖေးမ ကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများ ဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ။

လူဖြစ်လာပေမယ့်လည်း ဒီလူတွေနဲ့ နေဖို့ဆိုတာ တော်တော်လေး အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာ ကျတယ်။ ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း တော်တော်လေးကို ခက်တာ။

တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ။ လောကအလယ် ရင့်ကျက်ဖို့ သင်ယူကြရမယ်။ ဒီကြားထဲတော့ အတတ်နိုင်ဆုံး တိတ်ဆိတ် နေလိုက်ပါ့မယ်။ Crd

Zawgyi

တိတ္ဆိတ္ျခင္းက ပညာပဲ

ေဒါသ မရွိဘူးေတာ့ ဘယ္ဟုတ္ပါ့မလဲ၊ ရွိတာေပါ့။ ရွိေပမယ့္လည္း ဒီေဒါသကို ထုတ္မျပတာက ပညာပဲ။ မခံစားရဘူးေတာ့ ဘယ္ဟုတ္ပါ့မလဲ၊ ခံစားရတာေပါ့။ ခံစားရေပမယ့္လည္း မ်က္ႏွာမွာ မေပၚလြင္ေအာင္ ထိန္းခ်ဳပ္ႏိုင္တာက ပညာပဲ။

ဝမ္းမနည္းတတ္တာေတာ့ ဘယ္ဟုတ္ပါ့မလဲ၊ ဝမ္းနည္းတတ္တာေပါ့။ ဝမ္းနည္းေပမယ့္လည္း လူတကာကို လွပ္ျပၿပီး ေျပာျပ မေနေတာ့တာက ပညာပဲ။

လူပဲ ခံစားခ်က္ကေတာ့ အသက္ရွင္ေနသ၍ ရွိေနဦးမွာပဲ။ ဘယ္လို ပညာသားပါပါ ေဖာ္ထုတ္ျပမလဲ ဆိုတာပဲ ကြာသြားၾကတယ္။ ေဖၚျပလို႔ မထူးဘူး ဆိုရင္ ဒီလိုပဲ အဆင္ေျပေအာင္ က်ိတ္မွိတ္ ေက်ာ္လႊားရမွာပဲ။

ေဒါသရွိတိုင္း ထုတ္ျပရင္ ကိုယ္ပဲ ေဒါသႀကီးတယ္ ဆိုတဲ့ နာမည္ရသြားမယ္၊ ဘာေၾကာင့္ ေဒါသေတြ ႀကီးလဲ ဆိုတာကိုေတာ့ သိၾကမွာ မဟုတ္ဘူး။ ခံစားခ်က္တိုင္း ထုတ္ျပေနရင္ ကိုယ့္အားနည္းခ်က္ လူသိတာပဲ အဖတ္တင္တယ္၊ ကိုယ္ခံစားရတာ သူတို႔က ေျပလည္ေအာင္ လုပ္ေပးႏိုင္တာမွ မဟုတ္တာ။

ဝမ္းနည္းတိုင္း ငိုျပေနရင္ ကိုယ္အားေပ်ာ့တာပဲ လူသိတယ္။ ေဖးမ ကူညီမွာထက္ ေဝဖန္တဲ့လူေတြက ခပ္မ်ားမ်ား ဆိုေတာ့ ေနတတ္ေအာင္ေနမွ ေနေပ်ာ္တဲ့ ဘဝေလးကိုရမွာ။ လူျဖစ္လာေပမယ့္လည္း ဒီလူေတြနဲ႔ ေနဖို႔ဆိုတာ ေတာ္ေတာ္ေလး အထာက်ၿပီး ရင့္က်က္ႏိုင္မွ ေတာ္ကာ က်တယ္။ ဒီလိုရင့္က်က္ေအာင္ ေနႏိုင္ဖို႔ ဆိုတာကလည္း ေတာ္ေတာ္ေလးကို ခက္တာ။

တိတ္ဆိတ္ေနႏိုင္ဖို႔ ဆိုတာဟာ တကယ့္ပညာပါဘဲ။ ေလာကအလယ္ ရင့္က်က္ဖို႔ သင္ယူၾကရမယ္။ ဒီၾကားထဲေတာ့ အတတ္ႏိုင္ဆုံး တိတ္ဆိတ္ ေနလိုက္ပါ့မယ္။ Crd

Post a Comment

0 Comments