တခါတုန်းက ဘုရင်ကြီးက ပညာရှိအမတ်၂ ယောက်ကို သူ့ကျန်းမာရေး ခန့်မှန်းခိုင်း ပါတယ်တဲ့။
ပထမ အမတ်က "ဘုရင်ကြီးရဲ့ အမျိုးတွေ ဆုံးပြီး၊ ဘုရင်ကြီးရဲ့ အနားက လူတွေလည်း အကုန် ဆုံးပြီးမှ ဘုရင်ကြီး ကံကုန် ပါလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဘုရင်ကြီးဟာ အမြတ်ချောင်းချောင်း ထွက်ပြီး အမတ်ကို ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ်။
ဒုတိယအမတ် ကတော့ "အရှင်မင်းမြတ်ဟာ အရှင်မင်းမြတ်ရဲ့ အမျိုးတော်တွေ အားလုံးထဲမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ် ဘုရား" လို့ ပြောလိုက်တော့ ဘုရင်ဖြစ်သူဟာ သဘောကျပြီး ဆုတွေ ချီးမြှင့်ပါသတဲ့။
တကယ်တော့ အဖြေနှစ်ခုက အတူတူ ပါပဲ။ ဒါပေမယ့် လျောက်တင်ပြပုံ၊ စကားပြော မတတ်တော့ ပထမအမတ် ခမျာ အလုပ်ပြုတ် သွားရှာပါတယ်။ ဒုတိယအမတ် ကတော့ ဆုတွေတောင် အချီးမြှင့် ခံရပါသေးတယ်။
ပြင်ပ လက်တွေ့ လောက မှာလည်း ပထမအမတ်လို လူမျိုးတွေ အများကြီး တွေ့ဖူးပါတယ်။ စကားဆိုကို ချွဲပြစ်ပြီး ဖားတာကို အားပေးနေခြင်း မဟုတ်ပါ။ ဒါပေမယ့် စကားကို နားဝင်ချို အောင်တော့ ပြောတတ်ဖို့တော့ လိုပါတယ်။
အထူးသဖြင့် စီးပွားရေး၊ လူမှုရေးမှာ လူဝင်ဆံ့ ပါတယ်။ ဘုဘောက် နဲ့ဆို ဘယ်သူကမှ စကားမပြောချင် ပါဘူး။
လူဖြောင့်ကြီးလိုလို ဘာလိုလိုနဲ့ ကျွန်တော့် မျက်လုံးထဲမှာတော့ လူ့အခြေခံ ယဉ်ကျေးမှုကို လေ့လာသင်ယူ ကျင့်သုံးဖို့ ပျင်းရိသူ လို့ပဲ မြင်မိပါတယ်။
အလေ့အကျင့်တွေဟာ အမိမွေးတည်းက ပါလာကြတာ မဟုတ်ပါဘူး။ ဒီလိုပဲ ပြု ပြင်ခဲ့ရတဲ့ အလေ့အကျင့် တွေလည်း ရှိပါတယ်။ ငါက ဒီလိုပဲ နေတတ်တယ် ဆိုရင်တော့ တယောက်တည်း နေရဖို့ များပါတယ်။
တယောက်တည်း နေရတာ ကိစ္စ မရှိပါဘူး။ သူများကို ဒုက္ခ မပေးသ၍ ကိစ္စမရှိပါဘူး။ စကားပြောတိုင်း သူများ စိတ်မချမ်းသာအောင် လုပ်မိနေတယ် ဆိုရင်တော့ သိပ်မဟန် လှပါဘူး။ လိမ်ပြီး ပြောဖို့လည်း ပြောနေတာ မဟုတ်ပါ။
အမှန်တရား ကိုတောင် နားဝင်ချို အောင်လည်း ပြောလို့ရသလို နားဝင် ဆိုးအောင်လည်း ပြောလို့ ရပါတယ်။ မိမိ ပြောပုံပေါ်မှာပဲ မူတည်ပါတယ်။ စကားပြောတတ်ခြင်းဟာ ဘဝအောင်မြင်မှုနဲ့လည်း တကယ်ကို ဆက်စပ်နေပါတယ်။ phoomyatchal
0 Comments