တချို့လူတွေက သဲနဲ့တူတယ် သဲကို ရေထဲ ထည့်ဖျော်ပြီး မွှေကြည့်ရင် ခဏတော့ ရောထွေးပြီး တသားတည်း ဖြစ်သွားသယောင်ထင်ရတယ်။
ဒါပေမယ့် အချိန်တခု ကြာလာလို့ အနည်ထိုင် သွားတဲ့အခါ သဲမှုန်သက်သက် ရေသက်သက် ဘာမှ မသက်ဆိုင်တဲ့ နဂိုမူလ အခြေအနေ ပြန်ဖြစ်သွားတယ်။
တချို့လူတွေက သကြားနဲ့ တူတယ်။ သကြားကို ရေထဲ ထည့်ဖျော်လို့ အချိန်တခု ရောက်တဲ့အခါ သကြားရည် ဆိုပြီး တသားတည်း ဖြစ်သွားတယ်။ နဂိုအရသာ မရှိတဲ့ ရေကိုတောင် အချိုဓာတ် ပေါ်လာအောင် ပေါင်းထည့်ပေးတယ်။
လူတွေမှာလည်း တချို့က သဲလိုပဲ ခဏတော့ ဘဝထဲ ဝင်လာတယ်။ အစက ရောထွေးပြီး အဆင်ပြေတယ်လို့ ထင်ရပေမယ့် အချိန်တခု ရောက်တဲ့အခါ သူသက်သက် ကိုယ်သက်သက် ပေါင်းစည်းလို့မရတဲ့ လူတွေ ဖြစ်တာ သိလာတယ်။
တချို့က အစပိုင်းမှာ ပုံသဏ္ဌာန် အရောင်အဆင်း မတူပေမယ့် ကြာလာတဲ့အခါ ကိုယ့်နဲ့တသားတည်း ဖြစ်သွားပြီး အရောင်အနံ့ကင်းတဲ့ ကိုယ့်ဘဝတောင် သူ့ကြောင့် ချိုမြိန်လာစေတယ်။
ဘဝမှာ သကြားလိုလူလည်း ရှာတွေ့ခဲ့ပြီ သဲလိုလူတွေနဲ့လည်း တွေခဲ့ပြီးပြီ။ ဘဝရဲ့ ကျန်နေသေးတဲ့ အစိတ်အပိုင်းထဲ မှာတော့ သကြားလို လူမျိုးကိုပဲ ဆက်ရှိနေစေ ချင်ပါတယ်။ Crd
Zawgyi
သဲလိုလူႏွင့္ သၾကားလိုလူ
တခ်ိဳ႕လူေတြက သဲနဲ႔တူတယ္ သဲကို ေရထဲ ထည့္ေဖ်ာ္ၿပီး ေမႊၾကည့္ရင္ ခဏေတာ့ ေရာေထြးၿပီး တသားတည္း ျဖစ္သြားသေယာင္ထင္ရတယ္။
ဒါေပမယ့္ အခ်ိန္တခု ၾကာလာလို႔ အနည္ထိုင္ သြားတဲ့အခါ သဲမႈန္သက္သက္ ေရသက္သက္ ဘာမွ မသက္ဆိုင္တဲ့ နဂိုမူလ အေျခအေန ျပန္ျဖစ္သြားတယ္။
တခ်ိဳ႕လူေတြက သၾကားနဲ႔ တူတယ္။ သၾကားကို ေရထဲ ထည့္ေဖ်ာ္လို႔ အခ်ိန္တခု ေရာက္တဲ့အခါ သၾကားရည္ ဆိုၿပီး တသားတည္း ျဖစ္သြားတယ္။ နဂိုအရသာ မရွိတဲ့ ေရကိုေတာင္ အခ်ိဳဓာတ္ ေပၚလာေအာင္ ေပါင္းထည့္ေပးတယ္။
လူေတြမွာလည္း တခ်ိဳ႕က သဲလိုပဲ ခဏေတာ့ ဘဝထဲ ဝင္လာတယ္။ အစက ေရာေထြးၿပီး အဆင္ေျပတယ္လို႔ ထင္ရေပမယ့္ အခ်ိန္တခု ေရာက္တဲ့အခါ သူသက္သက္ ကိုယ္သက္သက္ ေပါင္းစည္းလို႔မရတဲ့ လူေတြ ျဖစ္တာ သိလာတယ္။
တခ်ိဳ႕က အစပိုင္းမွာ ပုံသဏၭာန္ အေရာင္အဆင္း မတူေပမယ့္ ၾကာလာတဲ့အခါ ကိုယ့္နဲ႔တသားတည္း ျဖစ္သြားၿပီး အေရာင္အနံ႔ကင္းတဲ့ ကိုယ့္ဘဝေတာင္ သူ႔ေၾကာင့္ ခ်ိဳၿမိန္လာေစတယ္။
ဘဝမွာ သၾကားလိုလူလည္း ရွာေတြ႕ခဲ့ၿပီ သဲလိုလူေတြနဲ႔လည္း ေတြခဲ့ၿပီးၿပီ။ ဘဝရဲ႕ က်န္ေနေသးတဲ့ အစိတ္အပိုင္းထဲ မွာေတာ့ သၾကားလို လူမ်ိဳးကိုပဲ ဆက္ရွိေနေစ ခ်င္ပါတယ္။ Crd
0 Comments