အောင်မြင်မှု၏ လျှို့ဝှက်ချက်

တနေ့မှာ လူငယ်လေး တယောက်က ဆိုကရေးတီးကို မေးခဲ့တယ်။ "အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်က ဘာဖြစ်မလဲ" လို့ပေါ့။ ဆိုကရေးတီးက ကောင်လေးရဲ့ မေးခွန်းကို စိတ်ရှည်စွာ နားထောင်တယ်။

ပြီးတဲ့အခါမှာတော့ အဖြေပေးဖို့အတွက် မနက်ဖြန် မနက်မှာ မြစ်ကမ်းနံဘေးမှာ သူ့ကို လာတွေ့ပါလို့ လူငယ်လေးကို ပြောခဲ့ပါတယ်။

နောက်တနေ့ မနက်မှာတော့ လူငယ်လေးနဲ့ ဆိုကရေးတီးဟာ မြစ်ကမ်းနံဘေးမှာ လမ်းလျှောက်ခဲ့ ကြပါတယ်။ လမ်းလျှောက်လာရင်း မြစ်ထဲကို ဆင်းမလားလို့ ဆိုကရေးတီးက မေးလိုက်ပါတယ်။

မြစ်ထဲကို ဆင်းကြရင်း ရေက သူတို့ နှစ်ယောက်လုံးရဲ့ လည်ပင်းနားလောက် အရောက်မှာ ဆိုကရေးတီးက လူငယ်လးရဲ့ ခေါင်းကို ရေထဲ ဆွဲပြီး နှစ်ချလိုက် ပါတော့တယ်။

လူငယ်လေးမှာ အံ့အားသင့် နေပေမယ့် အသက်ရှင်ရေးအတွက် အတင်း ရုန်းကန်ရပါတယ်။ ဒါပေမယ့် ဆိုကရေးတီးက အရမ်းကို သန်မာတာမို့ လူငယ်လေးက ဘယ်လောက် ရုန်းရုန်း ရေပေါ် ပြန်ပေါ်လာအောင် မနည်းကို ရုန်းကန်နေ ရတာပေါ့။

မကြာခင်မှာပဲ ဆိုကရေးတီးက လူငယ်လေးကို လွှတ်ပေး လိုက်ပါတယ်။ ရေပေါ် ပြန်ပေါ်လာတဲ့ လူငယ်လေးက ရေတွေကို ခါထုတ်လိုက်ပြီး လေကို အားရပါးရ ရှုသွင်းလိုက် ပါတယ်။

အဲဒီအခါမှာ ဆိုကရေးတီးက လူငယ်လေးကို မေးခွန်းတခု မေးပါတယ်။ "ရေထဲမှာ မင်းရဲ့ခေါင်း နစ်နေတဲ့အချိန်မှာ မင်းအလိုချင်ဆုံး အရာက ဘာလဲ"

"လေ ပါ" လို့ လူငယ်လေးက ပြန်ဖြေပါတယ်။ ဆိုကရေးတီးက ဆက်ပြီးပြောတယ်။

"အောင်မြင်မှုအတွက် လျှို့ဝှက်ချက်က အဲဒါပဲ။ ရေထဲကို ရောက်နေတဲ့ အချိန်မှာ လေကို အသည်းအသန် လိုအပ်နေလို့ အတင်းမရ ရအောင် ကြိုးစားရုန်းကန် တဲ့အခါ လေကို ရသွားသလိုပဲ အောင်မြင်မှုကို အသည်းအသန် ကြိုးစားတတ်တဲ့သူက ရမှာပါပဲ။ အောင်မြင်မှုမှာ လျှို့ဝှက်ချက်သီးသန့်ရယ်လို့ မရှိဘူး" လို့ ဆိုကရေးတီးက ဖြေလိုက်ပါတော့တယ်။

ဒီစာသားလေးထဲကလို ပါပဲ။ တကယ်တော့ အောင်မြင်မှုဆီ သွားတဲ့ လမ်းမှာ လျှို့ဝှက်ချက်ရယ်၊ ဖြတ်လမ်းရယ် ဆိုတာ မရှိပါဘူး။ အောင်မြင်ချင်စိတ် ပြင်းပြစွာ ရှိနေတဲ့ အခါမှာ မရရအောင် အတင်း ကြိုးစားရုန်းကန်ခြင်း ကသာ အရာအားလုံးကို အောင်နိုင်စေမှာပါ။

မီးတောက်ငယ်လေး အဖြစ်နဲ့ ဆိုရင်တော့ အပူမပေးနိုင် ပါဘူး။ စိတ်အားထက်သန်မှု အားနည်းတဲ့သူ အတွက် ကြီးမားတဲ့ အောင်မြင်မှုရလဒ်ကို မရနိုင်ပါဘူးလို့ ဖော်ပြပေးလိုက် ပါတယ်။ Crd

Post a Comment

0 Comments