ဆုတောင်းတိုင်း ပြည့်သူ

တခါတုန်းက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘောက ပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတကျွန်း ပေါ်ကို ရောက်လာကြပါတယ်။

ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်းတခြမ်းစီမှာ သီးသန့် နေထိုင်ဖို့ လုပ်ကြပါတယ်။

ပထမနေ့မှာ တယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင် တပင်ကို သူ့ကျွန်းဘက်ခြမ်းမှာ တွေ့ပါတယ်။ ကျန်တယောက်ကတော့ သစ်သီးပင် မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်။

နောက်တနေ့မှာ ပထမတဦးကပဲ ဆုတောင်းတိုင်း ရရှိ နေပါတော့တယ်။ မိန်းမအဖော် လိုချင်တယ်လို့ ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီးတယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။

အဲဒီလိုပဲ အဝတ်အစားတွေကို အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ်။ နောက်ဆုံးတော့ သူက သင်္ဘောတစီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။

သင်္ဘောက တကယ်ပဲ ရောက်လာတော့ သူရယ် သူ့အဖော် အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ တန်ခိုးရှင်က ပေါ်လာပြီး မေးပါတယ်။

"ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားတာလဲ" ဆိုတော့ သူက ဖြေပါတယ်။ "သူက ကံမကောင်းဘူးလေ။ သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။

သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာလားတောင် မသိဘူး။ ဒါကြောင့် ဒီတခါတော့ သူကို ကျွန်တော် ထားခဲ့တော့မယ်"

ထိုအခါ သိကြားမင်းက ဆက်ပြောပါတယ်။ "သင်မှားနေပြီ။ ကျွန်ုပ် ဆုတောင်း ဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတခုထဲကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်ဆည်းပေးခဲ့ပါဘူး"

ထိုအခါကျမှ သူလည်း အံ့သြသွားပြီး "ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းကဘာလဲ" လို့ မေးလိုက်တော့ "သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများ အားလုံး ပြည့်ပါစေတဲ့။ အဲ့ဆုတောင်းကိုပဲ ငါဖြည့်ဆည်းပေးခဲ့တာပါ"

လောကမှာလည်း တူတူပါပဲ။ ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတဦးတယောက်ရဲ့ ဖြည့်ဆည်းပေးမှုလည်း ပါဝင်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ သင်အချစ်ဆုံးလူတွေကို ဘယ်တော့မှ ချန်မထားခဲ့ပါနဲ့။ Crd

Post a Comment

0 Comments