အသားအရေအတွက် မိတ်ကပ်ကို အမြဲတမ်းမလိမ်းသင့်ဘဲ ခဏလောက် အနားပေးသင့်ပါတယ်။ ထို့အတူပဲ skin care လုပ်တဲ့အခါမှာလည်း နေ့စဉ်ရက်ဆက်မလုပ်ဘဲ အနားပေးဖို့ လိုအပ်ပါတယ်။
Skin care လုပ်တာကို ခဏနားလိုက်တဲ့အခါမှာ အသားအရေက မလှတော့ဘဲ ဝက်ခြံတွေ ထွက်လာမှာကို လူအများက စိုးရိမ်ကြပါတယ်။ အဲဒီအတွက် စိုးရိမ်စရာမရှိကြောင်းကို Michelle Green က ပြောပြထားပါတယ်။
အသားအရေက သူ့အလိုလို ပြန်လည် ဂရုစိုက်နေပါတယ်။
Skincare ပစ္စည်းတွေ မသုံးတဲ့အခါမှာ အောက်ဆီဂျင်တွေက အသားအရေအတွက် ပိုမိုရရှိပါတယ်။ အဲဒါကြောင့် ကော်လဂျင်တွေကိုလည်း ပိုမိုထုတ်လိုက်နိုင်ပါတယ်။ လူသားတွေရဲ့အသားအရေက sebum ကို ထုတ်လုပ်ပါသေးတယ်။
Sebum က အသားအရေကို ဆိုးကျိုးမပေးတဲ့ microorganisms တွေကို တိုက်ထုတ်ပေးပြီး အသားအရေကို ရေဓာတ်ပြည့်ဝစေပါတယ်။ အဲဒါကြောင့် skin care ကို အမြဲတမ်းလုပ်ဖို့မလိုအပ်ဘဲ တစ်လကို တစ်ကြိမ်ခန့် အနားပေးသင့်ပါတယ်။
ရေဓာတ်ဖြည့်ခရင်မ်တွေ အသုံးပြုတဲ့အခါမှာ အသားအရေက ရေဓာတ်လုံလောက်သွားပြီး ရေဓာတ်တွေ ထပ်မံမထုတ်လွှတ်တော့ပါဘူး။ အဲဒီအခါ အသားအရေက ခြောက်သွေ့လာပါတယ်။
အချို့သော Skincare တွေမှာ ပါဝင်ပစ္စည်းတွေက ကြမ်းတမ်းနေတာကြောင့် နဂိုလှပပြီးသား အသားအရေတောင် မလှပနိုင်တော့ပါဘူး။ ဒါပေမယ့် အသားအရေထိန်းသိမ်းတာကို လုံးဝရပ်တန့်လိုက်စရာမလိုဘဲ ရက်အနည်းငယ်လောက်ပဲ အနားပေးလိုက်သင့်တာပါ။
အသားအရေအတွက် Skincare တွေမသုံးဘဲ ၁ ရက် သို့မဟုတ် ၂ ရက်ခန့် အနားပေးလိုက်ရင် လုံလောက်ပါတယ်။
Skincare တွေကို မသုံးဘဲ ခဏတာ အနားပေးလိုက်တာက အသားအရေတိုင်းအတွက် မဟုတ်ပါဘူး။
Skincare ပစ္စည်းတွေ သုံးနေရင်းနဲ့ အသားအရေက ပိုဆိုးလာတဲ့အခါ၊ ဘယ်ပစ္စည်းက ပိုဆိုးလာကြောင်း သေချာမသိသေးတဲ့အခါမှာ ခဏလောက် အသားအရေကို အနားပေးသင့်တာပါ။
ခဏလောက်အနားပေးလိုက်ရင် အသားအရေနဲ့ မတည့်တဲ့ Skincare တွေကို သိရှိလာနိုင်ပါတယ်။ ဒါပေမယ့် မနက်ခင်းနဲ့ ညဘက်မှာတော့ မျက်နှာကို သေသေချာချာ ဆေးကြောပေးသင့်ပါတယ်။
အသားအရေကောင်းသူတွေအတွက် Skincare ကို တစ်ရက်လောက် အနားပေးတာ ဘာမှမဖြစ်ပေမယ့် နှင်းခူလိုမျိုး ပြင်းထန်တဲ့အရေပြားပြဿနာရှိသူတွေကတော့ အနားမပေးသင့်ပါဘူး။ အရေပြားပြဿနာရှိသူတွေမှာ Skincare တာကို ရပ်လိုက်ရင် ပိုဆိုးလာတတ်ပါတယ်။
Skincare ကို တစ်လတစ်ခါ အနားပေးခြင်းရဲ့ ကောင်းကျိုး
Skincare ကို တစ်လတစ်ရက်ခန့် အနားပေးတဲ့အခါ အသားအရေက အောက်ဆီဂျင်တွေ ပိုရလာပြီး ပိုမိုစိုပြေလာစေမှာပါ။ ကော်လဂျင်ထုတ်လုပ်မှုလည်း တိုးတက်လာစေပါတယ်။ ဒါ့အပြင် Skincare အတွက် ငွေလည်း အနည်းငယ်သက်သာသွားနိုင်ပါတယ်။
Zombie (lovemedia)
0 Comments