ဆုပ်ကိုင်ထားလေ ပင်ပန်းလေ

တခါက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တကောင် ရှိတယ်။ သူဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလိုက် သူမောလာတဲ့အခါ အနားယူလိုက်နဲ့ တောအုပ်ထဲမှာ ပျော်နေခဲ့တယ်။

တနေ့တော့ သူဟာ မျက်စိလည် လမ်းမှားရင်း အိမ်တလုံးဆီ ရောက်တယ်။ အဲဒီမှာ သူမြင်လိုက်ရတာကတော့ အရမ်းကို လှပတဲ့ ပန်းသီးထည့်ထားတဲ့ ပန်ကန်လုံးကြီးပေါ့။ သူက လက်တဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ်။

မျောက်က ပန်းသီးကို အနံ့ခံတယ်။ ဒါပေမယ့် ဘာနံ့မှ မရဘူး။ ပြီးတော့ ပန်းသီးကို စားဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူသွားတွေ နာကျင်ပြီး စားမရအောင် မာကြောနေတယ်။ တကယ်တော့ ပန်းသီးသာ သစ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။

ဒါပေမယ့် ပန်းသီးက အရမ်းလှတယ်။ အဲဒီပန်းသီးကို တွေ့တဲ့အခါ တခြားမျောက်တွေ ကလည်း အလုအယက် ပြေးယူဖို့ လာကြတယ်။ ပန်းသီးရှင်မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထား လိုက်တယ်။

သူဟာ ဒီပန်းသီး ပိုင်ဆိုင်တဲ့ အတွက် ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ သဘောတွေ ကျနေခဲ့တယ်။ ပန်းသီးက သူ့ကို ပြည့်စုံစေတယ်လို့ ခံစားရတယ်။ သူဆာလောင်နေတာကိုတောင် မေ့သွားတယ်။

သစ်သီးပင်တပင်က မျောက်ကို သတိပေးတယ်။ သူ့လက်ထဲက ပန်းသီးလောက် သူဘာကိုမှ ဂရုမစိုက်တော့ဘူး။ သူစားဖို့ပန်းသီးခူးဖို့ အတွက်တောင် သူ့လက်ထဲက ပန်းသီးတွေကို သူမချနိုင် ဖြစ်နေခဲ့တယ်။

တကယ်တော့ သူဟာ နားလည်း မနားရသလို သူ့ပန်းသီးတွေကို တခြားမျောက်တွေ လာလုမှာ စိုးတဲ့အတွက် အချိန်တိုင်း ကာကွယ်နေရတယ်။ ဂုဏ်ယူဝင့်ကြွားမှု တခုအတွက် အရင်က ပျော်ရွှင်နေတဲ့ မျောက်ဟာ ပျော်ရွှင်မှုတွေ နည်းလာပြီး သစ်တောတလျှောက်မှာ လျှောက်သွားနေ ခဲ့ရတယ်။

ပန်းသီးတွေက တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ်။ သနားစရာကောင်းတဲ့ မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့အတွက် စဉ်းစားတယ်။

သူဆာနေပြီ သစ်ပင်ပေါ် တက်ပြီး ပန်းသီးတွေ ခူးမစားနိုင် သေးဘူး။ သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေနဲ့ပဲ ပြည့်နေတယ်။

တကယ်လို့ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ။ သူ့လက်ထဲက ပန်းသီးတွေ သယ်လာတာ ရူးသွပ်မှုလို့ပဲလို့ သူမြင်လာတယ်။ သူအရမ်းလည်း ပင်ပန်းနေခဲ့ပြီ။

နောက်ဆုံး အသီးပင်အောက် ရောက်တဲ့အခါ သစ်သီးရနံ့တွေကို ရှူရှိုက်ရင်း သူအရာရာကို နားလည်သဘောပေါက် သွားတယ်။

သူ့လက်ထဲက သစ်သားပန်းသီးတွေကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး သူ့အစာအတွက် သစ်ပင်ပေါ် တက်သွားတယ်။ သူ အရင်ကလို ပြုံးပျော်နိုင်ပါပြီ။

ဒါဆို ကျွန်တော်တို့ ဘဝမှာကော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိ ကြပါလိမ့်။ စည်းစိမ် ဥစ္စာတွေလား၊ စိုးရိမ်ကြောင့်ကျမှုတွေလား၊ စိတ်ပျက်ဝမ်းနည်း စရာတွေလား၊ မာန်မာနတွေလား၊ ဘွဲ့ထူး ဂုဏ်သိမ်တွေလား။

တခုခုကိုတော့ ကျွန်တော်တို့ သယ်ဆောင်ပြီး တောအုပ်ထဲကို လျှောက်သွားနေ မိကြတယ်။ လွတ်ချသင့်တဲ့ အရာကို လွှတ်ချသင့်တဲ့ အချိန်မှာ လွှတ်ချနိုင်မှ သာလျှင် တကယ့်ပျော်ရွှင်မှုကို ခံစားနိုင် ပါလိမ့်မယ်။ Crd

Post a Comment

0 Comments