ရုပ်ရည်သွင်ပြင်က အမျိုးသမီးတွေအတွက်ပဲ အရေးပါတာမဟုတ်ပါဘူး။ အမျိုးသားတွေအတွက် သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေစေဖို့ကလည်း အရေးကြီးပါတယ်။
အဲဒါကြောင့် အခြားတစ်ယောက်လားလို့ ထင်မှတ်မှားရလောက်အောင် လွယ်လွယ်ကူကူနဲ့ ပြောင်းလဲနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အသားအရေကို ထိန်းသိမ်းပါ။
ကြည့်ကောင်းနေစေဖို့ဆိုရင် အသားအရေကိုလည်း မေ့မထားသင့်ပါဘူး။ ယနေ့ခေတ်မှာ အမျိုးသားတွေလည်း skin care ကို ပြုလုပ်လာကြပါတယ်။
ဝက်ခြံနဲ့အခြားသော အရေပြားပြဿနာတွေအတွက် အရေပြားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အရေပြားပြဿနာမရှိတဲ့သူတွေအတွက် မျက်နှာညစ်ထေးထေးဖြစ်နေတာကို ကြည်လင်လာစေဖို့
- မျက်နှာကို ကြက်သီးနွေးရေနဲ့သစ်ပါ။
- ရေဓာတ်ဖြည့်ခရင်မ်ကို နေ့ရောညပါလိမး်ပေးပါ။
- မျက်နှာကို လက်နဲ့ခဏခဏ မထိသင့်ပါဘူး။
- ရေကိုများများသောက်ပါ။
- နေလောင်ကာခရင်မ်ကို နေ့စဉ်လိမ်းပေးပါ။
၂။ ဆံပင်ညှပ်လိုက်ပါ။
ဆံပင်ပုံစံမလှတာ၊ မသပ်မရပ်ဖြစ်တာတို့ကြောင့် အချို့အမျိုးသားတွေရဲ့ ရုပ်ရည်က မပေါ်လွင်တော့ပါဘူး။ ဆံပင် ဒုတိယမျက်နှာဖြစ်တာကြောင့် ဆံပင်ပုံစံကို လုံးဝပြောင်းလဲပစ်လိုက်ပါ။ မျက်နှာနဲ့လိုက်မယ့် ဆံပင်ပုံစံတွေကို ရွေးချယ်ပြီးနောက် အသက်အရွယ်တောင် နုပျိုသွားဦးမှာပါ။
၃။ မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေးကို ပြောင်းလဲလိုက်ပါ။
အချို့သောအမျိုးသားတွေက မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးရိတ်မှသာ ပိုမိုချောမောလာပါတယ်။ အချို့သောအမျိုးသားတွေကတော့ မုတ်ဆိတ်ထားလိုက်မှသာ တည်ကြည်ခန့်ညားတဲ့အသွင်အပြင်ကို ရလာပါတယ်။
အဲဒါကြောင့် မျက်နှာပုံစံ၊ မျက်နှာအနေအထား၊ ဆံပင်ပုံစံတို့အပေါ်မှာ မူတည်ပြီး မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေးကိုလည်း ပြောင်းလဲလိုက်ပါ။
၄။ မုတ်ဆိတ်တွေကို သပ်သပ်ရပ်ရပ်ထားပါ။
သပ်သပ်ရပ်ရပ်ဖြစ်တဲ့ မုတ်ဆိတ်နဲ့ ဂရုမစိုက်ဘဲပစ်ထားတဲ့ မုတ်ဆိတ်က အရမ်းကို ကွာခြားပါတယ်။ မုတ်ဆိတ်ထားတဲ့အခါမှာလည်း ၂ ပတ်ကို တြစ်ကြိမ်ခန့် ညှပ်ပေးတာ၊ ရိတ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။
၅။ မျက်ခုံးကိုလည်း ဂရုစိုက်ပေးပါ။
အမျိုးသားတွေအတွက် မျက်ခံဒးကလည်း အရေးပါပါတယ်။ မျက်ခုံးက တိုတစ်ဝက်၊ မပေါ်တချို့၊ ပေါ်တချို့ဖြစ်နေရင် အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ သဘာဝဆန်တဲ့မျက်ခုံးတွေက မျက်ခုံးဆွဲထားမှန်းမသိသာဘဲ ဆွဲဆောင်မှုရှိနေစေပါတယ်။
၆။ အဝတ်အစားပုံစံကို ပြောင်းလဲလိုက်ပါ။
အဝတ်အစားတွေကို ပုံမှန်ဝတ်နေကျပုံစံကနေ ကွဲထွက်ပြီး ပြောင်းလဲလိုက်ပါ။ အချို့သောအဝတ်အစားတွေကြောင့် အသက်ကြီးတဲ့သူ၊ အိုမင်းနေတဲ့သူ ထင်ရစေပါတယ်။
ဒါ့အပြင် အဝတ်အစားအရောင်ကြောင့်လည်း သင့်ပုံစံက ပြောင်းလဲသွားနိုင်ပါတယ်။ တစ်ခါမှ ဝတ်မကြည့်ချင်တဲ့ဝတ်စုံတွေကလည်း သင်နဲ့လိုက်ဖက်နေနိုင်ပါတယ်။
၇။ မျက်နှာနဲ့လိုက်ဖက်မဲ့ မျက်မှန်ကို ရွေးချယ်ပါ။
လူတိုင်းက မျက်နှာပုံစံချင်းမတူညီနိုင်ပါဘူး။ အဲဒါကြောင့် မျက်နှာပုံစံပေါ်မူတည်ပြီး လေးထောင့်မျက်မှန်ကိုင်း သို့မဟုတ် မျက်မှန်ကိုင်းအဝိုင်းကို ရွေးချယ်သင့်ပါတယ်။
ဥပမာအားဖြင့် မျက်နှာက လေးထောင့်ကျတယ်ဆိုရင် မျက်မှန်ကိုင်းအဝိုင်ကို တပ်ဆင်ပါ။ ဒါမှမဟုတ် မျက်ကပ်မှန်ကို ပြောင်းလဲတပ်လိုက်တာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုမိုတိုးလာစေပါတယ်။
၈။ မိတ်ကပ်လိမ်းကြည့်ပါ။
ယနေ့ခေတ်မှာ အမျိုးသားတွေလည်း မိတ်ကပ်ကို လိမ်းလာကြပါတယ်။ အချို့မိတ်ကပ်တွေက အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတာပါ။ မိတ်ကပ်လိမ်းလိုက်တဲ့အခါ မျက်နှာက ဝက်ခြံအမာရွတ်၊ မျက်ကွင်းညိုတာနဲ့ အဆီပြန်တာကို ဖုံးကွယ်သွားနိုင်မှာပါ။
Zombie (lovemedia)
0 Comments