အချိန်သည်လည်း အကုန် မြန်၏။ လူတို့သည်လည်း အပြောင်းအလဲ မြန်၏။ စိတ်တို့သည်လည်း အပြောင်းအလဲ မြန်၏။
Be Strong (စိတ်ဓာတ်ကြံ့ခိုင်ပါ)
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတယောက် အမြဲရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်နေရာ ဖြစ်ဖြစ် မင်းရှေ့ မှာ လူတယောက် အမြဲရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ ဖြစ်ဖြစ် မင်းအနားမှာ လူတယောက် အမြဲရှိနိုင်မှာမဟုတ်ဘူး။
Stay like Independent person (အမှီအခို ကင်းအောင်နေပါ)
ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာ မဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာ မဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေ ပေးနိုင်မှာ မဟုတ်ဘူး။
Be Active (ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ)
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲ ရှိတယ်။ ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲ ရှိတယ်။ ကိုယ့်ကို အမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲ ရှိတယ်။ ဘယ်သူ့မှ မစောင့်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။ ကိုယ်က စပြီး အမှား မဖြစ်အောင်နေ။ အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ် လုံတယ်လေ။
Believe Yourself (ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ)
ကိုယ့်ကိုယ်ကိုယ်ယုံ။ အပြောင်းအလဲတွေ အတွက် စိတ်ဓာတ်မကျနဲ့။ ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းက လွဲပြီး ဘယ်သူမှ မင်းကို အယုံအကြည် မရှိဘူး။ မင်းကိုယ်မင်း ယုံကြည်ပြီ ဆိုရင်တော့ မင်းကို သူတို့ ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။
Forget (မေ့ပစ်လိုက်ပါ)
မေ့ပါ။ အတိတ်က အရာတွေကို မေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတယောက်၊ ပစ္စည်းတခု အပေါ် မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။ အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန် ဆိုတဲ့ စကားကို မေ့ပါ။ မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။ ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။
Stop (မမျှော်လင့်ပါနဲ့)
မျှော်လင့်တာတွေကို ရပ်ပါ။ စိတ်ဆင်းရဲနေတာကို ရပ်ပါ။ အတ္တတွေကို ရပ်ပါ။ အခြားတယောက်အကြောင်း စပ်စုတာကို ရပ်ပါ။ အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။ နေရာလု နေတာကို ရပ်ပါ။ ဦးတည်ချက်မရှိ လွင့်နေတဲ့ စိတ်ကို ရပ်ပါ။ အတွေးပေါင်း မြောက်များစွာကို ရပ်ပါ။
Have Resistance (ခံနိုင်ရည်ရှိဖို့ ကြိုးစားပါ)
လောကရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။ လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။ ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည် ရှိပါ။ တသတ်မတ်တည်း ဆိုတာ ဘယ်နေရာမှ မရှိပါဘူး။ ထို့ကြောင့် ခံနိုင်ရည်ရှိပါ။
Accept (လက်ခံဖို့ ကြိုးစားပါ)
မင်းကိုယ်မင်း လက်ခံပါ။ မင်းဘဝကို မင်းလက်ခံပါ။ မင်းအတိတ်ကို မင်းလက်ခံပါ။ အခုလက်ရှိ အခြေအနေကို လက်ခံပါ။ Crd
0 Comments