ဆရာဝန်က မေးတယ်။
"ခင်ဗျား ဘာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါသလဲ"
"ကျွန်တော် ဘဏ်စာရေး တယောက်ပါ"
"ခင်ဗျား မိန်းမရော။ သူ အလုပ်အကိုင် မရှိပါဘူး။ သူက အိမ်ရှင်မ တယောက်ပါ"
"အိမ်မှာ မနက်စာကို ဘယ်သူ လုပ်ပါသလဲ"
"မိန်းမက လုပ်ပါတယ်။ သူ အလုပ်အကိုင် မရှိတော့ သူလုပ်ပါတယ်"
"ခင်ဗျား မိန်းမ ဘယ်အချိန်လောက်က ထပြီး မနက်စာ ပြင်ဆင်တတ်သလဲ"
"မနက် ၆နာရီလောက်ပါ။ ဧည့်ခန်းတွေ သန့်ရှင်းရေး လုပ်ပြီးမှ သူမနက်စာ လုပ်လေ့ ရှိပါတယ်"
"ခင်ဗျား ကလေးတွေ ဘယ်လို ကျောင်းသွားသလဲ။ ကျွန်တော့်မိန်းမ သွားပို့ပါတယ်။ သူက အလုပ်အကိုင် မရှိတော့ သူပဲ ပို့ပါတယ်"
"ကလေးကျောင်းပို့ပြီးနောက် သူ ဘာလုပ်သလဲ"
"ဈေးသွားပါတယ် ဈေးဝယ်ပြန်ပြီး ထမင်းဟင်းချက် အဝတ်လျှော်ပါတယ် သူက အလုပ်အကိုင် မရှိဘူးလေ"
"ည အလုပ်ဆင်းလို့ အိမ်ပြန်ရောက်ရင် ခင်ဗျားဘာလုပ်သလဲ"
"အိမ်ပြန်ရောက်ရင် ကျွန်တော်နားပါတယ်။ တနေကုန် ပင်ပန်းထားတာကိုးဗျာ"
"အဲဒီအချိန်မှာ ခင်ဗျားမိန်းမ ဘာလုပ်နေလဲ"
"တအိမ်သားလုံး ညစာ စားဖို့အတွက် သူပြင်ဆင်နေပါတယ်။ ကလေးတွေကို ထမင်းကျွေးတယ်။ ပြီးရင် အိုးခွက်ပန်းကန်ဆေးတယ်။ မီးဖိုဆောင်သန့်ရှင်းရေး လုပ်ပြီး ကလေးတွေ အိမ်စာလုပ်တာကို စောင့်ကြည့်တယ်။ ပြီးရင် ကလေးတွေ အိပ်ဖို့ သိပ်ပါတယ်"
ဒါဟာ အိမ်ရှင်မ (အလုပ်အကိုင် မှီခို) ဆိုတဲ့ မိန်းမ တယောက်ရဲ့ တနေ့တာ အလုပ်ပါ။ ဒါကို အလုပ်အကိုင် မရှိဘူး (မှီခို) လို့ ပြောရက်သလား။ ကျွန်မက အိမ်ရှင်မ တဦးပါ။ ကျွန်မရဲ့ အလုပ်က တနေ့ ၂၄ နာရီ တပတ် ၇ ရက် ဖြစ်ပြီး ပိတ်ရက် မရှိပါ။
ကျွန်မက မိခင်တဦးဆိုလည်း ဟုတ်တယ်၊ ကျွန်မက ဇနီးတဦးလည်း ဖြစ်တယ်၊ ကျွန်မက သမီးတယောက်လည်း ဖြစ်တယ်၊ ကျွန်မက ချွေးမတယောက်လည်း ဖြစ်တယ်၊ ကျွန်မက နှိုးစက်နာရီဆိုလည်း ဟုတ်တယ်။
ကျွန်မက စားဖိုးမှူး တယောက်ဆိုလည်း ဟုတ်တယ်၊ ကျွန်မက အခိုင်းအစေ တယောက်ဆိုလည်း ဟုတ်တယ်၊ ကျွန်မက ကလေးထိန်းလည်း ဟုတ်တယ်။ ကျွန်မက ဆရာမလည်း ဖြစ်တယ်၊ ကျွန်မက သူနာပြုဆိုလည်း ဟုတ်တယ်၊ ကျွန်မက Sexual partner ဆိုလည်း ဟုတ်တယ်။
ကျွန်မက အိမ်စောင့်လည်း ဟုတ်တယ်၊ ကျွန်မက တောက်တိုမယ်ရလည်း ဟုတ်တယ်၊ ကျွန်မက အကြံပေးလည်း ဟုတ်တယ်။ ကျွန်မမှာ နားရက်တွေ ခွင့်တင်တာတွေ မရှိပါဘူး ကျွန်မမှာ နှစ်တနှစ် ပိတ်ရက်တွေဆိုတာ မရှိပါဘူး။
ကျွန်မ အလုပ်က နေ့ရယ် ညရယ်လို့ ခွဲလို့ မရပါဘူး။ အဲဒီအတွက်ရတဲ့ အကျိုးအမြတ်က "နေ့တိုင်း အိမ်မှာနေပြီး ဘာလုပ်နေသလဲ" ဆိုတဲ့ မေးခွန်းကြီး ဖြစ်နေတယ်။
မိန်းမဆိုတာ ထမင်းစား စားပွဲပေါ်က ဆားနဲ့ တူတယ်။ သူ့အရေးပါမှုကို လူတွေ သိပ်ဂရုမစိုက်မိ ကြပါဘူး။ ဒါပေမယ့် သူလျော့နေရင် အစားအစာတွေက အရသာ မဲ့သွားတတ်သလို ပါပဲနော်။ သင့်ဘေးက မိခင် မိန်းမ ချွေးမ သမီး အမတွေကို ကျေးဇူးတင်စကားတခွန်းလောက် ပြောပေးဖို့ မမေ့ပါနဲ့ရှင်။ Crd
4 Comments
အိမ်ရှင်မတစ်ယောက်ရဲ့တန်ဖိုးကို နားလည်နိုင်ကြပါစေ..ရှင့်
ReplyDeleteGood post
ReplyDeleteGood post
ReplyDelete👏👏👏
ReplyDelete