တခါတုန်းက ဆေးသုတ်သမားတဦးဟာ အိမ်တအိမ်ကို ဆေးသုတ်ဖို့ ရောက်သွားခဲ့တယ်။ အိမ်ထဲ ဝင်လိုက်တာနဲ့ မျက်စိကွယ်နေတဲ့ အိမ်ရှင်ယောက်ျားကို တွေ့တော့ ကရုဏာသက်မိတယ်။
ဒါပေမယ့် သူဟာ မျက်စိ ကွယ်နေပေမယ့် ပျော်ပျော်နေတတ်လို့ ဆေးသုတ်သမားနဲ့ ခဏအတွင်းမှာ ခင်မင်သွား ကြတယ်။
ဆေးသုတ်သမားဟာ သူတို့အိမ်မှာ ဆေးသုတ်တဲ့ ရက်အတောအတွင်း သူတို့စကားတွေ ဖောင်ဖွဲ့ပြော ဆိုကြပေမယ့် မျက်စိကွယ်နေတဲ့ သူ့ရဲ့ အားနည်းချက်ကို ဆေးသုတ်သမား လုံးဝ မမေးခဲ့ဘူး။
ဆေးသုတ်ပြီးလို့ စာရင်း ရှင်းတဲ့အခါ ဆေးသုတ်သမားက ဆေးသုတ်ခကို သတ်မှတ်ထားတဲ့ ဈေးထက် တဝက် လျှော့ယူခဲ့တယ်။ အိမ်ရှင်မက ဘာဖြစ်လို့ လျှော့ပေးရသလဲလို့ မေးတော့ ဆေးသုတ်သမားက
"ခင်ဗျားယောက်ျားနဲ့ စကားအတူ ပြောရတာ ကျွန်တော် အရမ်းပျော်တယ်။ သူရဲ့ ဘဝအမြင်နဲ့ စိတ်သဘောထား တွေကြောင့် ကျွန်တော့် အဖြစ်က အဲဒီလောက် မဆိုးသေးဘူး ဆိုတာ သိလာရတယ်။
ဒါကြောင့် သူ့ကို ကျေးဇူးတင်တဲ့ အနေနဲ့ ကျွန်တော် ဈေးလျှော့ယူ လိုက်တာပါ။ သူ့ကြောင့် အလုပ်တွေ လုပ်ရတာကို ပင်ပန်းတယ်လို့ ကျွန်တော် မမြင်တော့ဘူးဗျာ" လို့ ပြန်ပြောလိုက်တယ်။
အဲဒီနောက် အိမ်ရှင်မ ကမ်းပေးတဲ့ ဆေးသုတ်ခကို တဖက်တည်းသာ ရှိတဲ့လက်နဲ့ သူလှမ်းယူလိုက်တယ်။
ဖြစ်လာတဲ့ ဘဝ၊ ဖြစ်လာတဲ့ ကံကြမ္မာကို ပြောင်းလဲလို့ မရရင် ဘဝကို ကြည့်တဲ့ ကိုယ့်အမြင်ကို ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရရင် ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြောင်းလဲကြည့်ပါ။
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေလို့မရရင် ကိုယ့်ရဲ့ ကိုယ်နေကိုယ်ဟန်၊ စိတ်သဘောထားကို ပြောင်းလဲ ကြည့်ပါ။
အရာတခုအပေါ် မြင်တဲ့ ကိုယ့်အမြင်တွေက အကောင်းလား၊ အဆိုးလား ဆိုတာ ကိုယ့်ရဲ့ စိတ်သဘောထား ပေါ်မှာပဲ မှုတည်ပါတယ်။
ပုံမှန်အချိန် အထက်ကိုကြည့် ကြိုးစားပါ။ စိတ်ဓါတ်ကျနေချိန် အောက်ကိုကြည့် အားတင်းပါ။ ဒီစာကို လက်နှစ်ဘက်နဲ့ ကိုင် စာဖတ်နိုင် မြင်နိုင်သေးရင် သင့်မှာ ကြိုးစားခွင့်တွေ အများကြီး ရှိပါသေးတယ်။ အားတင်းထားပါ မိတ်ဆွေ။ Crd
0 Comments