ရှေးရှေးတုန်းက တောအုပ်တခုရဲ့ အလယ်မှာ နှင်းဆီပင်တပင်ဟာ နှင်းဆီပန်းပွင့်တွေနဲ့ လှပစွာ ဖူးပွင့်နေပါတယ်။ နှင်းဆီပန်းတွေကို ကြည့်ပြီး ဘေးမှာရှိတဲ့ ထင်းရှုးပင်ဟာ အားကျနေမိပါတယ်။
"ဟယ် နှင်းဆီပန်းတွေက လှလိုက်တာ။ ငါ့စိတ်ထင် တတောလုံးမှာ ဒီနှင်းဆီပန်းပင်ကသာ အလှဆုံးလို့ ထင်တာပဲ။ ငါတို့ကျတော့လည်း ဘာမှကို လှပတဲ့အရာ မရှိပါလားနော်" လို့ ညည်းတွားလိုက်ပါတယ်။
အဲဒီအသံကို ကြားတဲ့အခါ အခြားသော အပင်တွေက ဝိုင်းပြောအားပေး ကြပါတယ်။ "အို အားမငယ်ပါနဲ့ ထင်ရှုးပင်ရယ်၊ လောကမှာ လူတိုင်းက ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အားလုံးအားနည်းချက် အားသာချက်ဆိုတာ ရှိတာပဲ" လို့ ပြန်ပြောကြပါတယ်။
အဲဒီအခါ နှင်းဆီပင်က မခံနိုင်ဘဲ "အို ဒီတောထဲမှာ ငါက အလှဆုံးမို့ အလှဆုံး ပြောတာပေါ့။ ဘာတွေမနာလို ဖြစ်နေတာလဲ" ဟု ဒေါသတကြီး ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါ အခြားအပင်တွေက ပြောပါတယ်။
"အို အပင်တိုင်းမှာ သူ့ဟာနဲ့သူ အလှတရား ရှိကြတာပါပဲ။ နင့်ကိုယ်နင် အလှဆုံးလို့ ဘာလို့ ပြောနိုင်တာလဲ" လို့ ပြန်မေးကြပါတယ်။
အဲဒီအခါ နှင်းဆီပင်က ပြန်ပြောပါတယ်။ "အို ဘာလို့ မပြောနိုင်ရမှာလဲ။ အပင်တိုင်းက ငါ့ကိုကြည့်ပြီး အားကျနေကြတာပဲဟာ။ ဟိုမှာ ကြည့်လိုက်ဦး၊ ဂန္ဓာရဆူးပင်တွေဆို ပိုဆိုးသေး သူတို့က ဒီတောထဲမှာ ရုပ်အဆိုးဆုံး အပင်တွေပဲလေ။ သူတို့နဲ့ ယှဉ်ကြည့်ပါလား" လို့ မောက်မာစွာ ပြန်ဖြေလိုက်ပါတယ်။
ထင်းရှုးပင်က ဆူးပင်တွေဘက်ကနေ ပြန်ပြောပါတယ်။
"အို ဘယ်လိုပြောလိုက်တာလဲ၊ ဆူးပင်တွေက ရုပ်ဆိုးတယ် ဆိုရင် နင်ကရော ဘာထူးသေးလို့လဲ၊ နင်လည်း ဆူးပင်တမျိုးပဲ မဟုတ်လား"
"အို ကိုယ်တွေက ဆူးပင်ပေမယ့် အများကြီး လှတယ်၊ သူတို့နဲ့ တခြားစီပဲ" လို့ နှင်းဆီပင်က မောက်မာစွာ ပြန်ပြောပါတယ်။
မကြာခင်မှာပဲ အရမ်းကို ပူပြင်းတဲ့ နွေရာသီကို ရောက်လာပါတော့တယ်။ နှင်းဆီပင်ဟာ အပူဒဏ်ကြောင့် ညိုးနွမ်းပြီး အပွင့်တွေ ကြွေကျပြီး မလှမပ ဖြစ်ကုန်ပါတော့တယ်။ မိုးမရွာတဲ့ အတွက် အပင်တွေဟာ ရေလိုချင်နေ ကြပါပြီ။
ငှက်လေးတွေဟာ ဆူးပင်ထံကို ရောက်လာကြီးပြီး နှုတ်သီးဖြင့် ဆူးပင်ကို ထူးဆွကာ အပေါက်လေးတွေ ဖြစ်အောင် လုပ်နေကြတာကို မြင်တဲ့အခါ နှင်းဆီပင်က ထင်းရှုးပင်ကို မေးပါတယ်။
"အဲဒီငှက်တွေက ဆူးပင်ဆီကို လာလာပြီး ဘာလုပ်ကြတာလဲ"
"ဆူးပင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေတွေ ရှိတယ်လေ။ ငှက်လေးတွေ ရေရဖို့ ဆူးပင်ဆီကိုလာကြတာပေါ့" လို့ ထင်းရှုးပင်က ပြန်ဖြေလိုက်ပါတယ်။ အဲဒီအခါကျမှ နှင်းဆီပင်က တအံ့တသြနဲ့ မေးလိုက်ပါတယ်။
"ဟယ် ဆူးပင်တွေက ရေရသလား။ ဟုတ်လား"
"ဟုတ်တာပေါ့။ အဲဒါကြောင့် ပြောတာပေါ့ ဘုရားသခင်က လူတိုင်းကို ရည်ရွယ်ချက် မရှိဘဲ ဖန်တီးခဲ့တာ မဟုတ်ဘူးလေ။ ဘယ်နေရာမှာမဆို အသုံးဝင်တဲ့ အရာတခုတော့ ရှိကြတာချည်းပဲ၊ အားနည်းချက် အားသာချက် ရှိကြတာချည်းပါ" လို့ ပြန်ပြောလိုက်ပါတယ်။
ဘဝမှာ ကိုယ့်ကျမှ ရူပ်ဆိုးလိုက်တာ၊ အားနည်းချက်တွေ အများကြီးနဲ့မို့ အားငယ်လိုက်တာ ဆိုတာမျိုး ဖြစ်စရာမလိုပါဘူးလို့ပြောချင်တာပါ။ လူတိုင်းဟာ အားနည်းချက်ကိုယ်စီ ရှိသလို၊ အားသာချက်လည်း ကိုယ်စီ ရှိပြီးသားပါ။
အဓိကက ကိုယ့်ရဲ့အားနည်းချက်ကို အားသာချက်ဖြင့် ကြိုးစားပြီး ဘဝကို ရှင်သန်ရမှာဖြစ်တဲ့ အကြောင်းကို ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးသွားတာဖြစ်ပါတယ်။ crd
1 Comments
(Love Media) ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ReplyDeleteစာရေးတာ စာလုံးပေါင်းသတ်ပုံမှန်နဲ့ ရေးသားသူတွေ တိုးများလာတယ်။ ကောင်းတယ်။ တချို့က ကိုယ်တိုင် မှန်အောင်ရေးသာတတ်ကြပြီး၊ တချို့က (အများစုက) မူရင်းစာအမှန်ကို တမင်တကာ မှားအောင်ပြင်ပြီး တင်ကြတယ်၊ ထုတ်ဝေရောင်းချနေကြတယ်။ မြန်မာပြည်မှာ မြန်မာစာနဲ့ ရေးကြတာတွေ။