ချမ်းသာမှ ကူညီနိုင်မှာလား

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဖြစ်တဲ့ ဘီလ်ဂိတ်ကို "ကမ္ဘာပေါ်မှာ သင့်ထက် ပိုပြီးချမ်းသာတဲ့သူ ရှိသလား" လို့ လူတဦးက မေးတယ်။

"ရှိတာပေါ့။ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့ ပုဂ္ဂိုလ်တဦး ရှိပါတယ်" လို့ ဘီလ်ဂိတ်က ပြန်ဖြေပါတယ်။ အဲဒီနောက် ဘီလ်ဂိတ်က သူတွေ့ကြုံခဲ့ရတဲ့ ဇာတ်လမ်းတပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။

ကျွန်တော် အဲဒီအချိန်တုန်းက မချမ်းသာ သေးပါဘူး။ လူသိလည်း မများသေးပါဘူး။ တနေ့ နယူးယောက် လေဆိပ်မှာ သတင်းစာရောင်းသူ တဦးနဲ့ ဆုံခဲ့ပါတယ်။ ကျွန်တော် သတင်းစာ တစောင်ကို ဝယ်ချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအကြွေ မရှိမှန်း ငွေပေးခါနီးမှ သိခဲ့ရတယ်။

အဲဒါနဲ့ ဝယ်ချင်တဲ့ ဆန္ဒကို မျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့သူဆီ ပြန်ပေးလိုက်တယ်။ ကျွန်တော့်မှ အကြွေ မပါကြောင်း သူ့ကို ပြောပြပါတယ်။

အဲဒါအခါ "ဒီစာစောင်ကို အလကား ပေးပါတယ်၊ ယူပါ" လို့ သတင်း စာရောင်းသူက ပြောပါတယ်။သူက မရမက ဇွတ်အတင်း ပေးတာကြောင့် ကျွန်တော် အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရက်သတ္တပတ် နှစ်ပတ်၊ သုံးပတ်လောက် အကြာမှာ အဲဒီလေဆိပ်မှာ ပြန်ဆိုက်ခဲ့ပါတယ်။ သတင်းစာ ဝယ်ဖို့ အကြွေမပါဘူး။ သတင်းစာ ရောင်းသူက သတင်းစာ တစောင် အလကား ပေးပြန်ပါတယ်။

"ကျွန်တော် ဒီနေ့လည်း အကြွေ မပါပြန်ဘူး။ ဒါ့ကြောင့် ကျွန် တော် ဒီသတင်းစာကို မယူနိုင်ပါဘူး" လို့ ငြင်းဆန်လိုက်ပါတယ်

"သင် ယူသွားလိုက်ပါ။ ကျွန်တော် အမြတ်ငွေလေး ရှိလို့ သင့်ကို အလကား ပေးနိုင်တာပါ။ ကျွန်တော့် မရှုံးပါဘူး။ ဒီနေ့ ရောင်းကောင်းပါတယ်" လို့ သူက ပြောပါတယ်။

ဒါနဲ့ ကျွန်တော်လည်း အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။ နောက်၊ ၁၉ နှစ် အကြာမှာ ကျွန်တော်ဟာ လူသိများတဲ့ ပုဂ္ဂိုလ်၊ ကျော်ကြားတဲ့သူ တဦး ဖြစ်လာပါတယ်။

ရုတ်တရက် ဆိုသလို၊ သတင်းစာ ရောင်းသူကို ကျွန်တော် သတိရပါတယ်။ ဒါနဲ့ အဲဒီနေ့က စပြီး သူ့ကို ရှာပုံတော် ထွက်ပါတော့တယ်။ တလခွဲလောက် ရှာပြီးတဲ့နောက်မှာ ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။

"ကျွန်တော့်ကို သိပါသလား" လို့ သူ့ကို မေးလိုက်ပါတယ်။ "သိပါတယ်၊ သင်ဟာ ဘီလ်ဂိတ်ပဲ" လို့ သူက ပြန်ဖြေပါတယ်။

"ဟို အရင်တခေါက်က၊ ကျွန်တော့်ကို သတင်းစာ တစောင် အလကားပေးခဲ့တာ မှတ်မိသေးလား" လို့ သူ့ကို ပြန်မေးပါတယ်။ "ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိတာပေါ့။ သင့်ကို နှစ်ကြိမ် အလကား ပေးခဲ့တယ်လေ" လို့ သတင်းစာ ရောင်းသူက ပြန်ဖြေပါတယ်။

"အဲဒီတုန်းက၊ သင် ကျွန်တော့်ကို ကူညီခဲ့တဲ့ အတွက် ကျေးဇူးပြန်ဆပ် ချင်ပါတယ်။ သင့်ဘဝမှာ လိုအပ်တာ ရှိရင် ကျွန်တော့်ကို ပြောပါ။ ဖြည့်ဆည်း ပေးပါ့မယ်" လို့ ကျွန်တော် သူ့ကို ပြောပါတယ်။

"ဆရာရယ်၊ သင်က အဲလို ကျေးဇူးပြုလိုက်လို့ အဲဒီ ကျွန်တော် ကူညီခဲ့တဲ့ အရာကို ပြန်ဆပ်နိုင်မယ်လို့ မထင်ပါနဲ့" လို့ သတင်းစာရောင်းသူက ကျွန်တော့်ကို ပြောပါတယ်။ "ဘာဖြစ်လို့လဲ" လို့ ကျွန် တော် ပြန်မေးလိုက်တယ်။

ထိုအခါသူက "ကျွန်တော်ဟာ ဆင်းရဲတဲ့ သတင်းစာရောင်းသူတဦး ဖြစ်တဲ့အချိန်မှာ သင့်ကို ကူညီခဲ့တယ်။ သင်ဟာ အခု ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူ ဖြစ်တဲ့အချိန်မှာမှ ကျွန်တော်ကို ကူညီချင်နေတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ ကျေးဇူးကို ဘယ်လိုလုပ် ပြန်ဆပ်နိုင်မှာလဲ" လို့ သူက ပြောပါတယ်။

အဲဒီနေ့က စပြီး ကျွန်တော် အသိတခု ရခဲ့ပါတယ်။ သတင်းစာရောင်းသူဟာ ကျွန်တော့်ထက် ပိုပြီးချမ်းသာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ တဦးတယောက်ကို ကူညီဖို့ သူ ချမ်းသာတဲ့အထိ မစောင့်ခဲ့လို့ပဲ ဖြစ်တယ်။

အမှန်တကယ် ချမ်းသာတဲ့သူဆိုတာ ငွေကြေး အမြောက်အများ ချမ်းသာတာထက် ချမ်းသာကြွယ်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်။ ဒါကို လူတိုင်း နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်။ အဲလို ချမ်းသာတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေဖို့ အင်မတန်မှ အရေး ကြီးပါတယ်။ ThanTin

Post a Comment

0 Comments