ပြောင်းပြန်သွားနေသူ

ဦးမြမောင်တယောက် ရေဒီယို နားထောင်နေရင်း အထူးသတင်း ကြေငြာချက် တခုကို ကြားလိုက်ရ ပါတယ်။

အမှတ် ၆ တလမ်းမောင်း ကားလမ်းမကြီးပေါ်မှာ ကားတစီးက လမ်းပြောင်းပြန်တွေ မောင်းလာလို့ အဲဒီလမ်းပေါ်မှာ မောင်းနှင်နေကြတဲ့ ကားတွေကို သတိထားကြဖို့ ရေဒီယိုက ကြေငြာတာပါ။

ဒီသတင်းကို ကြားကြားမိချင်း ဦးမြမောင်ဟာ သူ့သူငယ်ချင်း ဦးဘမင်းကို သတိရသွားတယ်။ ဦးဘမင်းလည်း ဒီအချိန်ဆို အမှတ် ၆ ကားလမ်းမ ပေါ်မှာ မောင်းနေမှာလေ။ အဲဒါနဲ့ ဦးမြမောင်လည်း ဦးဘမင်းအတွက် စိတ်ပူလို့ သူ့ဖုန်းကို လှမ်းဆက် ပါတော့တယ်။

"ဟေး၊ သူငယ်ချင်း ဘမင်း။ အခု မင်း အမှတ် ၆ လမ်းမပေါ်မှာ မောင်းနေတာ မှတ်လား။ အဲဒီမှာ ကားတစီး စိတ်ရူးပေါက်ပြီး လမ်းပြောင်းပြန်တွေ လျှောက်မောင်းနေတယ် ကြားတယ်ကွ။ သတိထားဦး"

ဦးဘမင်းက အခုလို ပြန်ပြောပါတယ်။ "ဟေ့ကောင်ရေ၊ တစီးတည်း မကဘူးကွ။ ငါ မြင်သမျှ ကားတိုင်းက လမ်းပြောင်းပြန်တွေ ချည်းပဲ မောင်းလာတာ။ ငါ့မှာ မနည်းရှောင်ပြီး မောင်းနေရတာ" တဲ့။

တကယ်က ဦးဘမင်းက လမ်းပြောင်းပြန် မောင်းနေတာပါ။ ဒါကြောင့်မို့ သူ့ အမြင်မှာ လာနေသမျှ ကားတိုင်းဟာ လမ်းပြောင်းပြန် မောင်းနေသလို ဖြစ်နေတာပါ။

သင်ခန်းစာ။ ။ ဘယ်သူမှားမှား၊ ကိုယ်အမြဲ မှန်တယ်လို့ ထင်နေကြ သူတွေ ရှိပါတယ်။ တကယ်တမ်းမှာလည်း အဲဒီလို ခေါင်းမာသူ၊ အယူသည်းသူတွေ ကိုယ်တိုင်ကလည်း မှားနေသူ ဖြစ်နိုင်ပါတယ်။

အဲဒီလို လူတွေထဲမှာ ကိုယ်မပါချင်ရင်တော့ ပတ်ဝန်းကျင်ကို အမြဲမပြတ် လေ့လာ သုံးသပ်ဖို့ လိုပါတယ်။ ကျော်သန့်

Zawgyi

ေျပာင္းျပန္သြားေနသူ

ဦးျမေမာင္တေယာက္ ေရဒီယို နားေထာင္ေနရင္း အထူးသတင္း ေၾကျငာခ်က္ တခုကို ၾကားလိုက္ရ ပါတယ္။ အမွတ္ ၆ တလမ္းေမာင္း ကားလမ္းမႀကီးေပၚမွာ ကားတစီးက လမ္းေျပာင္းျပန္ေတြ ေမာင္းလာလို႔ အဲဒီလမ္းေပၚမွာ ေမာင္းႏွင္ေနၾကတဲ့ ကားေတြကို သတိထားၾကဖို႔ ေရဒီယိုက ေၾကျငာတာပါ။

ဒီသတင္းကို ၾကားၾကားမိခ်င္း ဦးျမေမာင္ဟာ သူ႔သူငယ္ခ်င္း ဦးဘမင္းကို သတိရသြားတယ္။ ဦးဘမင္းလည္း ဒီအခ်ိန္ဆို အမွတ္ ၆ ကားလမ္းမ ေပၚမွာ ေမာင္းေနမွာေလ။ အဲဒါနဲ႔ ဦးျမေမာင္လည္း ဦးဘမင္းအတြက္ စိတ္ပူလို႔ သူ႔ဖုန္းကို လွမ္းဆက္ ပါေတာ့တယ္။

"ေဟး၊ သူငယ္ခ်င္း ဘမင္း။ အခု မင္း အမွတ္ ၆ လမ္းမေပၚမွာ ေမာင္းေနတာ မွတ္လား။ အဲဒီမွာ ကားတစီး စိတ္႐ူးေပါက္ၿပီး လမ္းေျပာင္းျပန္ေတြ ေလွ်ာက္ေမာင္းေနတယ္ ၾကားတယ္ကြ။ သတိထားဦး"

ဦးဘမင္းက အခုလို ျပန္ေျပာပါတယ္။ "ေဟ့ေကာင္ေရ၊ တစီးတည္း မကဘူးကြ။ ငါ ျမင္သမွ် ကားတိုင္းက လမ္းေျပာင္းျပန္ေတြ ခ်ည္းပဲ ေမာင္းလာတာ။ ငါ့မွာ မနည္းေရွာင္ၿပီး ေမာင္းေနရတာ" တဲ့။

တကယ္က ဦးဘမင္းက လမ္းေျပာင္းျပန္ ေမာင္းေနတာပါ။ ဒါေၾကာင့္မို႔ သူ႔ အျမင္မွာ လာေနသမွ် ကားတိုင္းဟာ လမ္းေျပာင္းျပန္ ေမာင္းေနသလို ျဖစ္ေနတာပါ။

သင္ခန္းစာ။ ။ ဘယ္သူမွားမွား၊ ကိုယ္အၿမဲ မွန္တယ္လို႔ ထင္ေနၾက သူေတြ ရွိပါတယ္။ တကယ္တမ္းမွာလည္း အဲဒီလို ေခါင္းမာသူ၊ အယူသည္းသူေတြ ကိုယ္တိုင္ကလည္း မွားေနသူ ျဖစ္ႏိုင္ပါတယ္။ အဲဒီလို လူေတြထဲမွာ ကိုယ္မပါခ်င္ရင္ေတာ့ ပတ္ဝန္းက်င္ကို အၿမဲမျပတ္ ေလ့လာ သုံးသပ္ဖို႔ လိုပါတယ္။ ေက်ာ္သန႔္

Post a Comment

0 Comments