သိန်း ၅၀ တန် မီးပုံးပျံကြီး တက်သွားတဲ့အခါ ၂၀၀ တန် ထမင်းထုပ်လေး စားနေတဲ့ ကလေးလေးက ငေးကြည့်နေတယ်။
သိန်းပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ ကျောက်စိမ်းစေတီကြီးရဲ့ ရှေ့မှ အစိမ်းရောင် ဆင်းတုတော် တဆူ ခြေရင်းက လက်အုပ်ချီပြီး ရောင်းနေတဲ့ ပန်းသည်လေးက "အကိုရယ် ယူပါနော်" တဲ့။
သီချင်း တပုဒ်ဆိုရင် သိန်းဆယ်ဂဏန်းရတဲ့ အဆိုတော်မလေးက မီးပွိုင့်က သီချင်းညည်းရင်း စံပါယ်ပန်း ရောင်းတဲ့ ပန်းသည်လေးကို "အကြွေ မရှိသေးဘူး" တဲ့။ ရွှေဆိုင်ပိုင်ရှင် အဒေါ်ကြီးက ကန်စွန်းရွက်သည် ကလေးလေးကို "၃ စည်း ၅၀၀ မရရင် မယူဘူး" တဲ့။
ဒါပေမယ့် မီးပုံးပျံ သိန်း ၅၀ တန်ကို လက်ခုပ်တီးရင်း ကနေကြသူတွေဟာ ကလေးငယ်လေးရဲ့ ထမင်းထုပ်လေးကို မတွေ့မိလိုက်ကြဘူး။
ဟင်းဆိုတာ ပဲရည်ကျဲလေးနဲ့ ဂေါ်ဖီကြော်။ ကလေးလေးနားကို ဖုတ်ခနဲ ကျသွားတာက သိန်းဂဏန်းတန်တဲ့ အရက်ပုလင်းခွံ တလုံး။
ကျောက်စိမ်းစေတီကြီးဆီမှာ ဆုတောင်းနေသံတွေကို လေ့လာရင် လောဘတွေ ပြည့်နေပေမယ့် ပန်းရောင်းတဲ့ ကလေးလေးပါးစပ်က မေတ္တာပို့သံလေး လွင့်လွင့် လာတတ်တယ်။
စံပါယ်ပန်းတွဲလေး ကိုင်ထားတဲ့ ကလေးလေးက သူ ဈေးမရောင်းရတာကို ဝမ်းမနည်းဘူးဗျာ။ သူဟာ ကားပေါ်က အဆိုတော်မလေးကို တွေ့ရလို့ အားရဝမ်းသာ ရယ်ပြနေတယ်။
ကန်စွန်းရွက် ၃ စီး ၅၀၀ နဲ့ ဈေးဆစ်နိုင်လို့ ပြုံးနေတဲ့ အဒေါ်ကြီးကို ဈေးသည်လေးက နောက်တခါ ဝယ်လှည့်ပါဦးတဲ့။ တခါတခါ ပြောင်းပြန်ဖြစ်တဲ့ လောကဓံနဲ့ လောကကြီးကို မုန်းစရာများ ကောင်းနေသလားဗျာ။ Crd
Zawgyi
ေျပာင္းျပန္ေလာကဓံ
သိန္း ၅၀ တန္ မီးပုံးပ်ံႀကီး တက္သြားတဲ့အခါ ၂၀၀ တန္ ထမင္းထုပ္ေလး စားေနတဲ့ ကေလးေလးက ေငးၾကည့္ေနတယ္။ သိန္းေပါင္းမ်ားစြာနဲ႔ တည္ေဆာက္ထားတဲ့ ေက်ာက္စိမ္းေစတီႀကီးရဲ႕ ေရွ႕မွ အစိမ္းေရာင္ ဆင္းတုေတာ္ တဆူ ေျခရင္းက လက္အုပ္ခ်ီၿပီး ေရာင္းေနတဲ့ ပန္းသည္ေလးက "အကိုရယ္ ယူပါေနာ္" တဲ့။
သီခ်င္း တပုဒ္ဆိုရင္ သိန္းဆယ္ဂဏန္းရတဲ့ အဆိုေတာ္မေလးက မီးပြိဳင့္က သီခ်င္းညည္းရင္း စံပါယ္ပန္း ေရာင္းတဲ့ ပန္းသည္ေလးကို "အေႂကြ မရွိေသးဘူး" တဲ့။ ေ႐ႊဆိုင္ပိုင္ရွင္ အေဒၚႀကီးက ကန္စြန္း႐ြက္သည္ ကေလးေလးကို "၃ စည္း ၅၀၀ မရရင္ မယူဘူး" တဲ့။
ဒါေပမယ့္ မီးပုံးပ်ံ သိန္း ၅၀ တန္ကို လက္ခုပ္တီးရင္း ကေနၾကသူေတြဟာ ကေလးငယ္ေလးရဲ႕ ထမင္းထုပ္ေလးကို မေတြ႕မိလိုက္ၾကဘူး။ ဟင္းဆိုတာ ပဲရည္က်ဲေလးနဲ႔ ေဂၚဖီေၾကာ္။ ကေလးေလးနားကို ဖုတ္ခနဲ က်သြားတာက သိန္းဂဏန္းတန္တဲ့ အရက္ပုလင္းခြံ တလုံး။
ေက်ာက္စိမ္းေစတီႀကီးဆီမွာ ဆုေတာင္းေနသံေတြကို ေလ့လာရင္ ေလာဘေတြ ျပည့္ေနေပမယ့္ ပန္းေရာင္းတဲ့ ကေလးေလးပါးစပ္က ေမတၱာပို႔သံေလး လြင့္လြင့္ လာတတ္တယ္။
စံပါယ္ပန္းတြဲေလး ကိုင္ထားတဲ့ ကေလးေလးက သူ ေဈးမေရာင္းရတာကို ဝမ္းမနည္းဘူးဗ်ာ။ သူဟာ ကားေပၚက အဆိုေတာ္မေလးကို ေတြ႕ရလို႔ အားရဝမ္းသာ ရယ္ျပေနတယ္။
ကန္စြန္း႐ြက္ ၃ စီး ၅၀၀ နဲ႔ ေဈးဆစ္ႏိုင္လို႔ ၿပဳံးေနတဲ့ အေဒၚႀကီးကို ေဈးသည္ေလးက ေနာက္တခါ ဝယ္လွည့္ပါဦးတဲ့။ တခါတခါ ေျပာင္းျပန္ျဖစ္တဲ့ ေလာကဓံနဲ႔ ေလာကႀကီးကို မုန္းစရာမ်ား ေကာင္းေနသလားဗ်ာ။ Crd
0 Comments