ဝက်ကလေးသုံးကောင်နှင့် ဝံပုလွေ

ဟိုးရှေးရှေးတုန်းက ဝက်ကလေးသုံးကောင် ရှိသတဲ့။ သူတို့သုံးကောင်ဟာ အချိန်တန် အရွယ်ရောက် ဝက်လားမြောက်လာတော့ ရေကြည်ရာ မြက်နုရာ တိုးတတ်ကြီးပွားအောင် ရှာကြံဖို့ အိမ်ကနေ ထွက်ကြမယ်ပေါ့။

အဲဒီလို ထွက်ခါနီးမှာ မိခင်ဖြစ်သူ ဝက်မကြီးက သားသုံးယောက်ကို ခရီးမထွက်ခင် သြဝါဒစကား မြွတ်ကြားသတဲ့။

"သားတို့ရေ၊ မင်းတို့တွေ ဘာပဲလုပ်လုပ် မင်းတို့ အကောင်းဆုံးဖြစ်အောင် လုပ်ကြပါ။ ဘာကြောင့်လဲဆိုရင် မင်းတို့ကောင်းအောင် လုပ်ရင် လောကကြီးကလည်း မင်းတို့ကို ကောင်းကျိုး ပြန်ပေးတတ်လို့ပဲ" ဆိုပြီး မှာလိုက်ပါသတဲ့။

အဲဒီလိုနဲ့ ဝက်လေးသုံးကောင် ထွက်လာခဲ့တာမှာ သူ့နေရာသူ ကိုယ်စီနေကြရင်း ပထမဆုံး ဝက်ကလေးကတော့ သူနေထိုင်ဖို့နေရာကို ကောက်ရိုးတွေနဲ့ ပြုလုပ်ထားသတဲ့။

ဒုတိယ ဝက်ကလေးကတော့ သူနေဖို့ကို သစ်ချောင်းလေးတွေနဲ့ ပြုလုပ်ထားပြန်သတဲ့။ အဲ နောက်ဆုံးတတိယ ဝက်ကလေးကတော့ အုတ်တွေနဲ့ သူ့နေရာကို အခိုင်အမာ လုပ်ထားတာပေါ့။

အဲဒီလိုနဲ့ အသီးသီးနေလာကြတာ တနေ့မှာတော့ တောထဲက ဝံပုလွေတကောင်ဟာ အစာရှာ ထွက်လာရာမှာ ဝက်ကလေးတွေနေတဲ့ နေရာရောက်တော့ ပထမဝက်ကလေးနေတဲ့ ကောက်ရိုးတဲကို တွေ့ပါလေရော။

အဲဒီမှာ ဝက်ငယ်လေး တကောင်တည်းနေတာ သိတော့ စားဖို့ အကြံနဲ့ "ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ။ မပေးရင် မင်းရဲ့တဲကို ဖြိုပြီး ငါဝင်လာမယ်" လို့ ခြိမ်းခြောက်ပြီး ပြောတယ်။

အဲဒီမှာ ဝက်ကလေးက အပြင်က ဝံပုလွေကို ကြည့်ပြီး "ငါနှင့် အသွေးအမွှေး မတူ၊ မင်းလိုလူ ဝင်ခွင့်မပြု" လို့ ပြန်ပြောလိုက်တော့ ဝံပုလွေက စိတ်ဆိုးပြီး ကောက်ရိုးအိမ်ကို ဖြိုဖျက်ပစ်လိုက်တယ်။ ပြီးတော့ ဝက်ကလေးကို စားပစ်လိုက်တယ်။

နောက်တရက်မှာလည်း အဲဒီဝံပုလွေဟာ ဒုတိယဝက်ကလေး နေတဲ့နေရာကို ရောက်လာပြန်တယ်။ အဲဒီမှာ ဝက်ငယ်လေး တကောင်တည်းနေတာ သိတော့ စားဖို့အကြံနဲ့ "ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ။ မပေးရင် မင်းရဲ့ တဲကို ဖြိုပြီး ငါဝင်လာမယ်" လို့ခြိမ်းခြောက်ပြီး ပြောပြန်တယ်။

အဲဒီမှာ ဝက်ကလေးက အပြင်က ဝံပုလွေကို ကြည့်ပြီး "ငါနှင့် အသွေးအမွှေး မတူ၊ မင်းလိုလူ ဝင်ခွင့်မပြု" လို့ ပြန်ပြောလိုက်ပြန်တာပေါ့။

အဲဒီမှာ ဝံပုလွေက အရင်လိုပဲ စိတ်ဆိုးပြီး သစ်ချောင်းအိမ်ကို ဖြိုပစ်လိုက်တယ်။ နောက်တော့ ဝက်ကလေးကို စားပစ်လိုက်တယ်။

နောက်တရက်မှာလည်း တတိယဝက်ကလေးရဲ့ အိမ်ကို လာပြန်တယ်။ အရင်လို ပြောပြီး ဖြိုဖို့ လုပ်တော့တာပေါ့။ ဒါပေမယ့် တတိယဝက်ကလေးက အခိုင်အခံ့ ဆောက်ထားတော့ ဝံပလွေ ဖြိုလို့ မရနိုင်ခဲ့ဘူး။ နောက်ဆုံး ဝံပုလွေကြီး အကြံထပ်ထုတ်တယ်။

အိမ်ကိုဖြိုမရတော့ အိမ်ခေါင်မိုးပေါ် တတ်ဖို့ ကြံစည်တာပေါ့။ အဲဒီလိုနဲ့ အိမ်ခေါင်ပေါ် ရောက်အောင် တွယ်တက်လာပြီး အထဲ ဝင်ဖို့ အပေါက်ရှာရာမှာ မီးခိုးခေါင်းတိုင်တွေ့တာနဲ့ အဲဒီထဲကနေ အောက်ကို ဆင်းလိုက်တယ်။

ဝံပုလွေ အဲဒီလို လုပ်နေတာတွေကို အထဲက ဝက်ကလေးက ဂရုတစိုက်စောင့်ကြည့်နေတော့ သိနေတာပေါ့။ အဲဒီတော့ မီးခိုးခေါင်းတိုင်ထဲ ဝင်တာနဲ့ မီးဖိုထဲ မီးစာထဲပြီး မီးရှို့ပစ်လိုက်တာ ဝံပုလွေလည်း အကင်ဖြစ်သွားတော့တာပေါ့။

နောက်တနေ့မှာ အဲဒီဝက်ငယ်လေးဟာ မိခင်ကို အိမ်အလည်ခေါ်ပြီး ဝံပုလွေအကြောင်း ပြောတာပေါ့။ အဲဒီမှာ မိခင်ဝက်မကြီးက

"ကဲ အမေ ပြေတယ်မဟုတ်လား သားရေ လောကမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး လုပ်တဲ့သူကို လောကကြီးက ကောင်ကျိုး ပြန်ပြုပါတယ်ဆိုတာ ခုလက်တွေ့ မဟုတ်လားသားရဲ့" လို့ ဆုံးမစကား ပြောသတဲ့။ Crd

Post a Comment

0 Comments