ဝသုံးလုံး ဆောင်ပါ

တခါတုန်းက မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ ကြွတော်မူသောအခါ ဆရာတော်ကြီးနှင့် အလွန် ရင်းနှီးကျွမ်းဝင်သောအသက် (၈ဝ) ကျော် အဖွားအိုတဦးက ကြုံတုန်းကြုံခိုက် သူမကို ဆုံးမသြဝါဒ ပေးသနားဖို့ လျှောက်တင်ပါတယ်။ ဆရာတော်ကြီးက အခုလို မိန့်ပါတယ်။

ဒကာမကြီး အသက်အရွယ် ကြီးရင့်လာပြီ ဆိုတော့ ဝသုံးလုံးကို ဆောင်ထားဗျ။ (၁) ဝဝ စားတဲ့။ အသက်အရွယ်တွေက ကြီးရင့်လာပြီ ဆိုတော့ ကိုယ်ခန္ဓာက အားအင်တွေ တနေ့တခြား ဆုတ်ယုတ်လာပြီ။ ဝဝစားမှ အားရှိမှာ။အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ။ ဒါကြောင့် ဒကာမကြီး ဝဝစားပါ။

(၂) ဝေးဝေးနေ တဲ့။ အသက် ကြီးလာပြီ ဆိုတော့ ချေးမနိုင် သေးမနိုင် ချောင်းတဟွတ်ဟွတ်နဲ့ ဆိုတော့ သားသမီးတွေက အနားကပ်တာ သိပ်ကြိုက်ကြတာ မဟုတ်ဘူး။

သူတို့ရဲ့ ချေးသေး ကိစ္စအဝဝကို ကိုယ်က မရွံမရှာ သုတ်သင်ပေးခဲ့ပေမဲ့ သူတို့ အလှည့်ကျတော့ ရွံရှာတတ် ကြတယ်။

သူတို့နှင့် ဝေးဝေးနေမှ အမုန်းမခံရမှာ။ ဒါကြောင့် ဝေးဝေးနေပါ ဒကာမကြီး။ ဝေးဝေးနေနိုင်ရင်တော့ ဒကာမကြီး စိတ်ချမ်းသာ ပါလိမ့်မယ်။

(၃) ဝင်မရှုပ်နဲ့ တဲ့။ သားသမီးတွေရဲ့ လူမှုရေး စီးပွားရေး အရေးမှန်သမျှကို ဝင်မရှုပ်ပါနဲ့။ ကိုယ်က ဝင်ရှုပ်လိုက်လို့ သားသမီးတွေက မကျေမနပ် ဖြစ်ပြီး ခင်ဗျားကြီး ဘာသိလို့ ဝင်ရှုပ်တာလဲ လို့ အပြောခံရရင် ကိုယ်ပဲ စိတ်ဆင်းရဲရ တတ်တယ်။ သူတို့အရေး မှန်သမျှကို ဘာမှ ဝင်မရှုပ်ပဲ နေရင် ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

ဆရာတော်ကြီး ပေးတဲ့ မှတ်သားစရာ ဝသုံးလုံးကို ဆောင်ထားသင့်သည်။ Crd

Zawgyi

ဝသုံးလုံး ေဆာင္ပါ

တခါတုန္းက မင္းကြန္းဆရာေတာ္ႀကီး မုံ႐ြာၿမိဳ႕သို႔ ႂကြေတာ္မူေသာအခါ ဆရာေတာ္ႀကီးႏွင့္ အလြန္ ရင္းႏွီးကြၽမ္းဝင္ေသာအသက္ (၈ဝ) ေက်ာ္ အဖြားအိုတဦးက ႀကဳံတုန္းႀကဳံခိုက္ သူမကို ဆုံးမၾသဝါဒ ေပးသနားဖို႔ ေလွ်ာက္တင္ပါတယ္။ ဆရာေတာ္ႀကီးက အခုလို မိန႔္ပါတယ္။

ဒကာမႀကီး အသက္အ႐ြယ္ ႀကီးရင့္လာၿပီ ဆိုေတာ့ ဝသုံးလုံးကို ေဆာင္ထားဗ်။ (၁) ဝဝ စားတဲ့။ အသက္အ႐ြယ္ေတြက ႀကီးရင့္လာၿပီ ဆိုေတာ့ ကိုယ္ခႏၶာက အားအင္ေတြ တေန႔တျခား ဆုတ္ယုတ္လာၿပီ။ ဝဝစားမွ အားရွိမွာ။အားရွိမွ တရားဘာဝနာကို အားထုတ္ႏိုင္မွာ။ ဒါေၾကာင့္ ဒကာမႀကီး ဝဝစားပါ။

(၂) ေဝးေဝးေန တဲ့။ အသက္ ႀကီးလာၿပီ ဆိုေတာ့ ေခ်းမႏိုင္ ေသးမႏိုင္ ေခ်ာင္းတဟြတ္ဟြတ္နဲ႔ ဆိုေတာ့ သားသမီးေတြက အနားကပ္တာ သိပ္ႀကိဳက္ၾကတာ မဟုတ္ဘူး။ သူတို႔ရဲ႕ ေခ်းေသး ကိစၥအဝဝကို ကိုယ္က မ႐ြံမရွာ သုတ္သင္ေပးခဲ့ေပမဲ့ သူတို႔ အလွည့္က်ေတာ့ ႐ြံရွာတတ္ ၾကတယ္။

သူတို႔ႏွင့္ ေဝးေဝးေနမွ အမုန္းမခံရမွာ။ ဒါေၾကာင့္ ေဝးေဝးေနပါ ဒကာမႀကီး။ ေဝးေဝးေနႏိုင္ရင္ေတာ့ ဒကာမႀကီး စိတ္ခ်မ္းသာ ပါလိမ့္မယ္။

(၃) ဝင္မရႈပ္နဲ႔ တဲ့။ သားသမီးေတြရဲ႕ လူမႈေရး စီးပြားေရး အေရးမွန္သမွ်ကို ဝင္မရႈပ္ပါနဲ႔။ ကိုယ္က ဝင္ရႈပ္လိုက္လို႔ သားသမီးေတြက မေက်မနပ္ ျဖစ္ၿပီး ခင္ဗ်ားႀကီး ဘာသိလို႔ ဝင္ရႈပ္တာလဲ လို႔ အေျပာခံရရင္ ကိုယ္ပဲ စိတ္ဆင္းရဲရ တတ္တယ္။ သူတို႔အေရး မွန္သမွ်ကို ဘာမွ ဝင္မရႈပ္ပဲ ေနရင္ ဒကာမႀကီး စိတ္ခ်မ္းသာလိမ့္မယ္။

ဆရာေတာ္ႀကီး ေပးတဲ့ မွတ္သားစရာ ဝသုံးလုံးကို ေဆာင္ထားသင့္သည္။ Crd

Post a Comment

0 Comments