အချိန်တွေက သွားနေတယ်၊ အသက်အရွယ်တွေ ပြောင်းနေတယ်။ ကလေးအရွယ်ကနေ ဆယ်ကျော်သက် အရွယ်က အပူအပင်မဲ့ ပျော်စရာ အရွယ်ပေါ့။
ဆယ်ကျော်သက်ကနေ လူငယ်လူရွယ်အရွယ်က ဘာလုပ်လုပ် စိတ်အားထက်သန်တယ်။ လူရွယ်ကနေ လူလတ်ပိုင်းအရွယ်ရောက်တော့ စိတ်ပျက်လက်မှိုင် ချရတာတွေ များလာခဲ့တယ်။
ဘဝဆိုတာ ရုပ်ရှင်ရိုက်သလို ပါပဲ။ ဖြတ်လျှောက်ဘဝကနေ အရံသရုပ်ဆောင် ငါတို့ ဖြစ်လာတယ်။ အရံကနေ ခေါင်းဆောင်သရုပ်ဆောင် ဖြစ်လာတယ်။
အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့တယ်။ မသိမသာနဲ့ ငါတို့ ရင့်ကျက်လာခဲ့တယ်၊ တည်ငြိမ်လာခဲ့တယ်။
အရာတော်တော် များများကိုလည်း သဘောပေါက် နားလည်လာခဲ့တယ်။ လူ့စိတ် လူ့မနှောကိုလည်း သိလာခဲ့တယ်။ စစချင်းမှာရှိတဲ့ မခံချင်စိတ် ဒေါသတွေက နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။
စစချင်းမှာ ကြည့်မရတဲ့ အရာတွေက နောက်ပိုင်းမှာ ထားလိုက်တော့ လို့ ဖြစ်သွားတယ်။ ဒီဘဝခရီးလမ်းက ပြောင်းလဲမှု မြန်ဆန်နေတယ်။ မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။
မိဘတွေ ဖြစ်ကုန်ကြပြီ။ ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။ အမှားလုပ်မိရင် တာဝန်ယူရပြီ။ မိသားစု ရှိလာတော့ တာဝန်ကို ထမ်းပိုးရပြီ။ အရင်ကလို အဖေတို့ အမေတို့ လုပ်လိုက်မယ် ဆိုတာမျိုး မရတော့ဘူး။ မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။
ခန္ဓာကိုယ် ပုံပြောင်းစ ပြုလာပြီ။ ဗိုက်ပူလာပြီ။ အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ် ဖြစ်လာခဲ့ပြီ။ အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။
ဘုရားတရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။ ကျန်းမာရေးကို ပထမလို့ ထားတတ်လာ ခဲ့ပြီ။ ငွေကြေးဥစ္စာအပေါ် အမြင်တဖြည်းဖြည်း ပေါ့လာခဲ့ပြီ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
မောတဲ့အခါ နားသင့်ရင် နားပါ၊ ခန္ဓာကိုယ်က အဓိကပါ။ နွမ်းတဲ့အခါ အိပ်သင့်ရင် အိပ်ပါ၊ အိပ်ရေးတွေ အပျက်မခံနဲ့တော့။ ဆာတဲ့အခါ စားသင့်ရင် စားပါ၊ ချွေတာမနေနဲ့တော့။
တသက်တာက တိုလွန်းပါတယ် မျက်စိတမှိတ်တွင်းမှာ ကျော်ဖြတ်ကုန်ကြတာ ပါပဲ။ ကောင်းတဲ့အရာကို နောက်ဆုံး သိမ်းမထားပါနဲ့။ သိမ်းရင်း သိမ်းရင်း ကိုယ့်အတွက် မဟုတ်ဘူး ဖြစ်သွားလိမ့်မယ်။ မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။ Crd
0 Comments