အလုပ်တွေ အဆင်မပြေတဲ့ အချိန်၊ ငွေကြေး အဆင်မပြေတဲ့ အချိန်၊ မိသားစုရေး အဆင်မပြေတဲ့ အချိန်၊ အချစ်ရေး အဆင်မပြေတဲ့ အချိန် စတဲ့ အခက်အခဲများစွာ ရင်ဆိုင်ရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင်အထိ လူတိုင်း စိတ်ညစ်ဖူးကြ ပါလိမ့်မယ်။
ဘာကိုမှ မတွေးနိုင်ဘဲ စိတ်ထဲမှာ ဒီအကြောင်းတွေပဲ အက်ကြောင်း ထပ်နေပါလိမ့်မယ်။ ဖြေရှင်းနိုင်မည့် နည်းလမ်းထက် သင့်စိတ်ဓာတ်ကို ကျစေမည့် ဖိအားတွေကသာ နေရာယူထားပြီး အတွေးကို လွန်ကဲစေ မိမှာပါ။
အဲဒီချိန်မှာ သင်တွေးရမှာက ဒိလို အခက်အခဲ တိုင်းဟာ လူတိုင်းမှာလည်း ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ သင် အသက်ရှင်နေ သမျှ ကာလပတ်လုံး အခက်ခဲ ဒုက္ခပြဿနာ ပေါင်းစုံက တခု မဟုတ် တခု ရှိနေတယ် ဆိုတာ မမေ့ပါနဲ့။
ဖြစ်လာတဲ့ ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ အချိန်ပေး စဉ်းစားပါ။ ဘယ်အရာကိုမှ တွေးကြောက် မနေပါနဲ့။ လူတိုင်းက အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံ ရင်ဆိုင်နေ ရတာပါ။ အဲဒီလို ဖြစ်နေတာ သင်တယောက်တည်း မဟုတ်ဘူး ဆိုတာ သိထားလိုက်ပါ။
ဘယ်လိုအခက်အခဲ ရှိနေပါစေ ရင်ဆိုင်ပါ။ တွေဝေနေခြင်းက သင့်အတွက် ရှုံးနိမ့်ခြင်း ပါပဲ။ အခက်ခဲ ဒုက္ခ ပြဿနာတွေကို တွေးကြောက်ရမှာထက် သင့်ရဲ့ အတွေးနဲ့ စိတ်ဓာတ်တွေ ကျမသွားဖို့သာ အရေးကြီး ပါတယ်။
ဆာလောင်နေတဲ့ ဗိုက်၊ ငွေမရှိတဲ့ ပိုက်ဆံအိတ်နဲ့ ကျိုးပဲ့နေတဲ့ နှလုံးသားဟာ ဘဝရဲ့ အကောင်းဆုံး သင်ခန်းစာတွေကို သင်ကြားပေး နိုင်ပါတယ်။ Crd
Zawgyi
သင္တေယာက္တည္း မဟုတ္ဘူး
အလုပ္ေတြ အဆင္မေျပတဲ့ အခ်ိန္၊ ေငြေၾကး အဆင္မေျပတဲ့ အခ်ိန္၊ မိသားစုေရး အဆင္မေျပတဲ့ အခ်ိန္၊ အခ်စ္ေရး အဆင္မေျပတဲ့ အခ်ိန္ စတဲ့ အခက္အခဲမ်ားစြာ ရင္ဆိုင္ရတဲ့ အခ်ိန္မွာ ကိုယ့္ကိုယ္ကို သတ္ေသခ်င္ေလာက္ေအာင္အထိ လူတိုင္း စိတ္ညစ္ဖူးၾက ပါလိမ့္မယ္။
ဘာကိုမွ မေတြးႏိုင္ဘဲ စိတ္ထဲမွာ ဒီအေၾကာင္းေတြပဲ အက္ေၾကာင္း ထပ္ေနပါလိမ့္မယ္။ ေျဖရွင္းႏိုင္မည့္ နည္းလမ္းထက္ သင့္စိတ္ဓာတ္ကို က်ေစမည့္ ဖိအားေတြကသာ ေနရာယူထားၿပီး အေတြးကို လြန္ကဲေစ မိမွာပါ။
အဲဒီခ်ိန္မွာ သင္ေတြးရမွာက ဒိလို အခက္အခဲ တိုင္းဟာ လူတိုင္းမွာလည္း ရွိေနတယ္ဆိုတာ မေမ့ပါနဲ႔။ သင္ အသက္ရွင္ေန သမွ် ကာလပတ္လုံး အခက္ခဲ ဒုကၡျပႆနာ ေပါင္းစုံက တခု မဟုတ္ တခု ရွိေနတယ္ ဆိုတာ မေမ့ပါနဲ႔။
ျဖစ္လာတဲ့ ျပႆနာတိုင္းကို ေခါင္းေအးေအးနဲ႔ အခ်ိန္ေပး စဥ္းစားပါ။ ဘယ္အရာကိုမွ ေတြးေၾကာက္ မေနပါနဲ႔။ လူတိုင္းက အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡမ်ိဳးစုံ ရင္ဆိုင္ေန ရတာပါ။ အဲဒီလို ျဖစ္ေနတာ သင္တေယာက္တည္း မဟုတ္ဘူး ဆိုတာ သိထားလိုက္ပါ။
ဘယ္လိုအခက္အခဲ ရွိေနပါေစ ရင္ဆိုင္ပါ။ ေတြေဝေနျခင္းက သင့္အတြက္ ရႈံးနိမ့္ျခင္း ပါပဲ။ အခက္ခဲ ဒုကၡ ျပႆနာေတြကို ေတြးေၾကာက္ရမွာထက္ သင့္ရဲ႕ အေတြးနဲ႔ စိတ္ဓာတ္ေတြ က်မသြားဖို႔သာ အေရးႀကီး ပါတယ္။
ဆာေလာင္ေနတဲ့ ဗိုက္၊ ေငြမရွိတဲ့ ပိုက္ဆံအိတ္နဲ႔ က်ိဳးပဲ့ေနတဲ့ ႏွလုံးသားဟာ ဘဝရဲ႕ အေကာင္းဆုံး သင္ခန္းစာေတြကို သင္ၾကားေပး ႏိုင္ပါတယ္။ Crd
0 Comments