ရှေးရှေးတုန်းက နွားနို့သည် တယောက်ဟာ မသာတဲ့ နည်းနဲ့ အလွန်ပဲ ချမ်းသာကြီးပွား လာသတဲ့။ နေ့စဉ် သူ့ဖောက်သည်တွေ ရှိတဲ့ မြို့ကိုရောက်အောင် မြစ်ကို ဖြတ်ကူးပြီး သွားရပါတယ်။
အဲဒီအချိန်မှာ နွားနို့သည်ဟာ အမြတ်ကြီးရဖို့ နွားနို့ထဲကို မြစ်ရေတွေ ရောပြီးမှ ရောင်းပါတယ်။
တရက်မှာတော့ နွားနို့သည်ဟာ သူ့သား မင်္ဂလာဆောင် အခမ်းအနား ကျင်းပဖို့ အတွက် ရစရာရှိတဲ့ အကြွေးတွေကို လှည့်ပြီး တောင်းပါတယ်။
အကြွေးရလာတဲ့ ပိုက်ဆံတွေနဲ့ ဆန်းပြားတဲ့ အဝတ်အစားတွေ အဖိုးတန် ရွှေထည်တွေ ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။ အိမ်အပြန် မြစ်ကို ဖြတ်ကူးချိန် မှာတော့ သူစီးလာတဲ့ လှေဟာ ရုပ်တရက် တိမ်းမှောက်ကာ ဝယ်လာသမျှ ပစ္စည်တွေ အားလုံး ရေထဲမှာ မျောပါကုန်ပါတော့တယ်။
နွားနို့သည်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဘာစကားတလုံးမှ မဆိုနိုင်အောင် ပူလောင်ခံစား နေရပါတယ်။ ဒီအချိန်မှာ မြစ်ထဲက အသံကြီးတခုကို သူ ကြားလိုက်ရပါတယ်။
"မငိုပါနဲ့ကွာ။ ဆုံးရှုံးသွားတာတွေက မင်းရဲ့ နွားနို့ကို ဝယ်သောက်တဲ့ လူတွေဆီက လိမ်လည် လှည်ဖြားပြီး မသမာတဲ့နည်းနဲ့ ရယူထားတဲ့ အမြတ်အစွန်းတွေပါ" ပဲတဲ့။
မတရားမှုတွေ၊ သူတပါး မျက်ရည်တွေနဲ့ ရလာတဲ့ ပိုက်ဆံဆိုတာ တနည်းမဟုတ် တနည်းနဲ့တော့ ပြန်အံထွက်တတ်ပါတယ်။ Crd
Zawgyi
မရုိးသားေသာနြားနို့သည္
ေရွးေရွးတုန္းက ႏြားႏို႔သည္ တေယာက္ဟာ မသာတဲ့ နည္းနဲ႔ အလြန္ပဲ ခ်မ္းသာႀကီးပြား လာသတဲ့။ ေန႔စဥ္ သူ႔ေဖာက္သည္ေတြ ရွိတဲ့ ၿမိဳ႕ကိုေရာက္ေအာင္ ျမစ္ကို ျဖတ္ကူးၿပီး သြားရပါတယ္။ အဲဒီအခ်ိန္မွာ ႏြားႏို႔သည္ဟာ အျမတ္ႀကီးရဖို႔ ႏြားႏို႔ထဲကို ျမစ္ေရေတြ ေရာၿပီးမွ ေရာင္းပါတယ္။
တရက္မွာေတာ့ ႏြားႏို႔သည္ဟာ သူ႔သား မဂၤလာေဆာင္ အခမ္းအနား က်င္းပဖို႔ အတြက္ ရစရာရွိတဲ့ အေႂကြးေတြကို လွည့္ၿပီး ေတာင္းပါတယ္။
အေႂကြးရလာတဲ့ ပိုက္ဆံေတြနဲ႔ ဆန္းျပားတဲ့ အဝတ္အစားေတြ အဖိုးတန္ ေ႐ႊထည္ေတြ ပစၥည္းေတြကို ဝယ္ယူခဲ့ပါတယ္။ အိမ္အျပန္ ျမစ္ကို ျဖတ္ကူးခ်ိန္ မွာေတာ့ သူစီးလာတဲ့ ေလွဟာ ႐ုပ္တရက္ တိမ္းေမွာက္ကာ ဝယ္လာသမွ် ပစၥည္ေတြ အားလုံး ေရထဲမွာ ေမ်ာပါကုန္ပါေတာ့တယ္။
ႏြားႏို႔သည္မွာ ဝမ္းနည္းပူေဆြးမႈေတြနဲ႔ ဘာစကားတလုံးမွ မဆိုႏိုင္ေအာင္ ပူေလာင္ခံစား ေနရပါတယ္။ ဒီအခ်ိန္မွာ ျမစ္ထဲက အသံႀကီးတခုကို သူ ၾကားလိုက္ရပါတယ္။
"မငိုပါနဲ႔ကြာ။ ဆုံးရႈံးသြားတာေတြက မင္းရဲ႕ ႏြားႏို႔ကို ဝယ္ေသာက္တဲ့ လူေတြဆီက လိမ္လည္ လွည္ျဖားၿပီး မသမာတဲ့နည္းနဲ႔ ရယူထားတဲ့ အျမတ္အစြန္းေတြပါ" ပဲတဲ့။
မတရားမႈေတြ၊ သူတပါး မ်က္ရည္ေတြနဲ႔ ရလာတဲ့ ပိုက္ဆံဆိုတာ တနည္းမဟုတ္ တနည္းနဲ႔ေတာ့ ျပန္အံထြက္တတ္ပါတယ္။ Crd
0 Comments